စင်ကာပူမှာ တိုက်ခန်းအသစ်ရဲ့ဆေးအနံ့အသက်ကြောင့် နေထိုင်သူအမျိုးသမီး ဆေးရုံတက်ရ

 440

ရောင်နီ (NP News) - သြဂုတ်လ ၁၈

စင်ကာပူမှာ တိုက်ခန်းအသစ် ပြင်ဆင်နေထိုင်သူ အမျိုးသမီးတစ်ဦး ဆေးအနံ့အသက်ကြောင့် မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းမှာ အဆိပ်မိသလိုဖြစ်ကာ ဆေးရုံတက်ခဲ့ရပါတယ်။

အသက် ၃၂ နှစ်အရွယ်၊ အဒမ် အမည်ရှိ အမျိုးသမီးဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက အရှေ့ဘက်၊ ကွန်ဒိုမီနီယံ ယူနစ် တစ်ခုရှိ သူမရဲ့နေအိမ်သစ်ကို ပြောင်းရွှေ့ပြီးနောက် အဆိပ်သင့်ဖျားနာတဲ့လက္ခဏာတွေ ခံစားခဲ့ရပါတယ်။ ဖော်မယ်လ်ဒီဟိုက်အဆိပ်သင့်ပြီး "မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းအောက်တွေမှာ ပူလောင်တဲ့ဝေဒနာ ခံစားရပြီး တစ်ခါတလေ အသက်ရှုဝသလို ခံစားရတယ်” လို့ ၄င်းက ဆိုပါတယ်။
သူ မွေးထားတဲ့အိမ်မွေးကြောင် ၂ ကောင်မှာလည်း အဆိပ်သင့်မှုကြောင့် အမွှေးကျွတ်ခြင်း၊ အနီကွက်ထခြင်းတို့ တွေ့ရတယ်လို့ သိရပါတယ်။

ဖော်မယ်လ်ဒီဟိုက်ဟာ ဆောက်လုပ်ရေးထုတ်ကုန်တွေ၊ သစ်သား အိမ်သုံးပရိဘောဂတွေမှာ အသုံးများပြီး ထိတွေ့မှုမြင့်မားရင် မျက်စိ၊ နှာခေါင်း၊ လည်ချောင်း ယားယံခြင်းတို့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ TSMP Law မှ တရားစွဲဆိုမှုနဲ့ အငြင်းပွားမှု ဖြေရှင်းရေးတွဲဖက်ဒါရိုက်တာ မစ္စတာဘန်ဂျမင်ဘာလာရဲ့ပြောကြားချက်အရ အိမ် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွေမှာ ဖော်မယ်လ်ဒီဟိုက်ပါရှိတဲ့ ဒြပ်ပေါင်းတွေ အသုံးပြုခြင်းနဲ့ပတ်သက်ပြီး လောလော ဆယ် ဥပဒေ (သို့မဟုတ်) စည်းမျဉ်းကန့်သတ်ချက်များ မရှိသေးပေမယ့် မစ္စအဒမ်ကတော့ ကန်ထရိုက်တာ (သို့မဟုတ်) အတွင်းပိုင်း ဒီဇိုင်နာကို ပေါ့ဆမှုနဲ့ တရားစွဲမယ်လို့ ဆိုထားပါတယ်။

Zawgyi Version;
စင္ကာပူမွာ တိုက္ခန္းအသစ္ရဲ႕ေဆးအနံ႔အသက္ေၾကာင့္ ေနထိုင္သူအမ်ိဳးသမီး ေဆး႐ုံတက္ရ
ေရာင္နီ (NP News) - ၾသဂုတ္လ ၁၈

စင္ကာပူမွာ တိုက္ခန္းအသစ္ ျပင္ဆင္ေနထိုင္သူ အမ်ိဳးသမီးတစ္ဦး ေဆးအနံ႔အသက္ေၾကာင့္ မ်က္လုံး၊ ႏွာေခါင္းနဲ႔ လည္ေခ်ာင္းမွာ အဆိပ္မိသလိုျဖစ္ကာ ေဆး႐ုံတက္ခဲ့ရပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္၊ အဒမ္ အမည္ရွိ အမ်ိဳးသမီးဟာ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလက အေရွ႕ဘက္၊ ကြန္ဒိုမီနီယံ ယူနစ္ တစ္ခုရွိ သူမရဲ႕ေနအိမ္သစ္ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ အဆိပ္သင့္ဖ်ားနာတဲ့လကၡဏာေတြ ခံစားခဲ့ရပါတယ္။ ေဖာ္မယ္လ္ဒီဟိုက္အဆိပ္သင့္ၿပီး "မ်က္လုံး၊ ႏွာေခါင္းနဲ႔ လည္ေခ်ာင္းေအာက္ေတြမွာ ပူေလာင္တဲ့ေဝဒနာ ခံစားရၿပီး တစ္ခါတေလ အသက္ရႈဝသလို ခံစားရတယ္” လို႔ ၄င္းက ဆိုပါတယ္။
သူ ေမြးထားတဲ့အိမ္ေမြးေၾကာင္ ၂ ေကာင္မွာလည္း အဆိပ္သင့္မႈေၾကာင့္ အေမႊးကြၽတ္ျခင္း၊ အနီကြက္ထျခင္းတို႔ ေတြ႕ရတယ္လို႔ သိရပါတယ္။

ေဖာ္မယ္လ္ဒီဟိုက္ဟာ ေဆာက္လုပ္ေရးထုတ္ကုန္ေတြ၊ သစ္သား အိမ္သုံးပရိေဘာဂေတြမွာ အသုံးမ်ားၿပီး ထိေတြ႕မႈျမင့္မားရင္ မ်က္စိ၊ ႏွာေခါင္း၊ လည္ေခ်ာင္း ယားယံျခင္းတို႔ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။ TSMP Law မွ တရားစြဲဆိုမႈနဲ႔ အျငင္းပြားမႈ ေျဖရွင္းေရးတြဲဖက္ဒါ႐ိုက္တာ မစၥတာဘန္ဂ်မင္ဘာလာရဲ႕ေျပာၾကားခ်က္အရ အိမ္ ျပဳျပင္မြမ္းမံျခင္းလုပ္ငန္းေတြမွာ ေဖာ္မယ္လ္ဒီဟိုက္ပါရွိတဲ့ ျဒပ္ေပါင္းေတြ အသုံးျပဳျခင္းနဲ႔ပတ္သက္ၿပီး ေလာေလာ ဆယ္ ဥပေဒ (သို႔မဟုတ္) စည္းမ်ဥ္းကန႔္သတ္ခ်က္မ်ား မရွိေသးေပမယ့္ မစၥအဒမ္ကေတာ့ ကန္ထ႐ိုက္တာ (သို႔မဟုတ္) အတြင္းပိုင္း ဒီဇိုင္နာကို ေပါ့ဆမႈနဲ႔ တရားစြဲမယ္လို႔ ဆိုထားပါတယ္။

Related news

© 2021. All rights reserved.