ထိုင်းနိုင်ငံ ရေမြင်းဆယ်လီ မူးဒန်ရဲ့သီချင်းသစ်၊ ဘာသာစကား ၄ မျိုးနဲ့ တရားဝင်ထွက်ရှိ

 470

ရောင်နီ (NP News) - နိုဝင်ဘာ ၁၅

ထိုင်းနိုင်ငံ အင်တာနက်ဆယ်လီလေး ရေမြင်းပေါက် မူးဒန်ရဲ့သီချင်းသစ်ဟာ ဘာသာစကား ၄ မျိုးနဲ့ တရားဝင် ထွက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

သီချင်းကို ထိုင်း၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်ဗားရှင်းနဲ့ ထုတ်လုပ်ထားပါတယ်။ သီချင်းရဲ့ ကြာချိန်ကတော့ စက္ကန့် ၅၀ ကြာပြီး "Moo Deng Moo Deng၊ boing boing boing/ Mommy mommy, play with me" စတဲ့ အဓိပ္ပာယ် ရိုးရှင်းတဲ့ စာသားတွေ ပါရှိပါတယ်။ တေးဂီတဗီဒီယိုမှာ မူးဒန် ခုန်ပေါက်နေတဲ့ ဗီဒီယို ကလစ်တိုတွေ၊ သူမ အမေဂျိုနာနဲ့ အတူတွဲဆော့နေတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။
သီချင်းကို ထိုင်းနာမည်ကြီးတေးရေးဆရာ မူဖက်အန်မာရာက ထုတ်လုပ်ပြီး ထိုင်းနိုင်ငံရဲ့အကြီးဆုံးဂီတကုမ္ပဏီတစ်ခုဖြစ်တဲ့ GMM Music က ထုတ်ဝေပါတယ်။ မူးဒန်ရဲ့သီချင်း ဗားရှင်းလေးမျိုးစလုံးကို YouTube၊ Spotify နဲ့ Apple Music အပါအဝင် streaming platform တွေမှာ နားဆင်နိုင်ပြီဖြစ်ပါတယ်။

ယခု လေးလအရွယ်ရှိပြီဖြစ်တဲ့ မူးဒန်ဟာ မြို့တော်ဘန်ကောက်နဲ့ နှစ်နာရီကြာ ကားမောင်းရတဲ့ Khao Kheow Open Zoo တိရစ္ဆာန်ရုံမှာ နေထိုင်ပြီး သူ့ကြောင့် တိရစ္ဆာန်ရုံမှာ လာရောက်လည်ပတ်သူ စံချိန်တင် များပြားခဲ့ပါတယ်။ တိရစ္ဆာန်ရုံဟာ တစ်ရက်ကို ပျမ်းမျှဧည့်သည် ၃,၀၀၀ မှ ၅,၀၀၀ အထိ လက်ခံရရှိနေပြီး အမှတ်တရပစ္စည်းတွေလည်း ရောင်းချနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ ေရျမင္းဆယ္လီ မူးဒန္ရဲ႕သီခ်င္းသစ္၊ ဘာသာစကား ၄ မ်ိဳးနဲ႔ တရားဝင္ထြက္ရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၅

ထိုင္းႏိုင္ငံ အင္တာနက္ဆယ္လီေလး ေရျမင္းေပါက္ မူးဒန္ရဲ႕သီခ်င္းသစ္ဟာ ဘာသာစကား ၄ မ်ိဳးနဲ႔ တရားဝင္ ထြက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။

သီခ်င္းကို ထိုင္း၊ အဂၤလိပ္၊ တ႐ုတ္၊ ဂ်ပန္ဗားရွင္းနဲ႔ ထုတ္လုပ္ထားပါတယ္။ သီခ်င္းရဲ႕ ၾကာခ်ိန္ကေတာ့ စကၠန႔္ ၅၀ ၾကာၿပီး "Moo Deng Moo Deng၊ boing boing boing/ Mommy mommy, play with me" စတဲ့ အဓိပၸာယ္ ႐ိုးရွင္းတဲ့ စာသားေတြ ပါရွိပါတယ္။ ေတးဂီတဗီဒီယိုမွာ မူးဒန္ ခုန္ေပါက္ေနတဲ့ ဗီဒီယို ကလစ္တိုေတြ၊ သူမ အေမဂ်ိဳနာနဲ႔ အတူတြဲေဆာ့ေနတဲ့ ပုံရိပ္ေတြ ပါဝင္ပါတယ္။
သီခ်င္းကို ထိုင္းနာမည္ႀကီးေတးေရးဆရာ မူဖက္အန္မာရာက ထုတ္လုပ္ၿပီး ထိုင္းႏိုင္ငံရဲ႕အႀကီးဆုံးဂီတကုမၸဏီတစ္ခုျဖစ္တဲ့ GMM Music က ထုတ္ေဝပါတယ္။ မူးဒန္ရဲ႕သီခ်င္း ဗားရွင္းေလးမ်ိဳးစလုံးကို YouTube၊ Spotify နဲ႔ Apple Music အပါအဝင္ streaming platform ေတြမွာ နားဆင္ႏိုင္ၿပီျဖစ္ပါတယ္။

ယခု ေလးလအ႐ြယ္ရွိၿပီျဖစ္တဲ့ မူးဒန္ဟာ ၿမိဳ႕ေတာ္ဘန္ေကာက္နဲ႔ ႏွစ္နာရီၾကာ ကားေမာင္းရတဲ့ Khao Kheow Open Zoo တိရစာၦန္႐ုံမွာ ေနထိုင္ၿပီး သူ႔ေၾကာင့္ တိရစာၦန္႐ုံမွာ လာေရာက္လည္ပတ္သူ စံခ်ိန္တင္ မ်ားျပားခဲ့ပါတယ္။ တိရစာၦန္႐ုံဟာ တစ္ရက္ကို ပ်မ္းမွ်ဧည့္သည္ ၃,၀၀၀ မွ ၅,၀၀၀ အထိ လက္ခံရရွိေနၿပီး အမွတ္တရပစၥည္းေတြလည္း ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.