နွားတွေကနေ မီသိန်းဓာတ်ငွေ့ထွက်ရှိခြင်းကို ရပ်တန့်နိုင်မယ့် ဆေးပြားကို သိပ္ပံပညာရှင်တွေ တီထွင်နေ
66
ရောင်နီ (NP News) - နိုဝင်ဘာ ၂၅
နွားတွေဆီကနေ ဖန်လုံအိမ်ဓာတ်ငွေ့ မီသိန်း ထွက်ရှိခြင်းကို ကာကွယ်နိုင်ဖို့ သုတေသန ပရောဂျက် တစ်စိတ်တစ်ပိုင်းအဖြစ် မီသိန်းဓာတ်ငွေ့ကိုတားဆီးပေးမယ့် ဆေးပြားတီထွင်ဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ပါရဂူဘွဲ့လွန်သုတေသနပညာရှင် ပေါလိုဒီမိုဖီဟိုက နွားအူလမ်းကြောင်း ဘက်တီးရီးယားတွေကို ပြောင်းလဲစေတဲ့ ဆေးပြား တီထွင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ရုပ်ကြွင်းလောင်စာလုပ်ငန်းနဲ့ သဘာဝရင်းမြစ်အချို့ဟာ မီသိန်းဓာတ်ငွေ့တွေ ထုတ်လွှတ်နေပြီး အဲဒီထဲက နွားမွေးမြူရေးလုပ်ငန်းတွေက နွားတွေဆီက ထွက်ရှိတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏဟာ ပိုမို များပြားလွန်းတာကြောင့် ရာသီဥတုအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
အခု ကမ္ဘာကြီးမှာ တိုးလာနေတဲ့ အပူချိန် ထက်ဝက်နီးပါးဟာလည်း မီသိန်းကြောင့်ဖြစ်တယ်လို့ UC Davis တိရစ္ဆာန်သိပ္ပံပါမောက္ခ အာမီရက်စ်ကီဘရက် က ပြောပါတယ်။
မီသိန်းဓာတ်ငွေ့ဟာ လက်ရှိရာသီဥတုပြောင်းလဲမှုတွေကိုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပြီးရင် ဒုတိယအကြီးဆုံး ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒါအပြင် မီသိန်းဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့မတူဘဲ လေထုထဲမှာ ၁၂ နှစ်ကြာထိ ရှိနေနိုင်တယ်လို့ကီဘရက်က ပြောပါတယ်။
နွားတစ်ကောင်ဟာ တစ်နှစ်ကို မီသိန်းဓာတ်ငွေ့ ၁၀၀ ကီလိုဂရမ်ထိ ထုတ်လွှတ်နိုင်တယ်လို့ သိရပါတယ်။
Zawgyi Version;
ႏြားေတြကေန မီသိန္းဓာတ္ေငြ႕ထြက္ရွိျခင္းကို ရပ္တန႔္ႏိုင္မယ့္ ေဆးျပားကို သိပၸံပညာရွင္ေတြ တီထြင္ေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၅
ႏြားေတြဆီကေန ဖန္လုံအိမ္ဓာတ္ေငြ႕ မီသိန္း ထြက္ရွိျခင္းကို ကာကြယ္ႏိုင္ဖို႔ သုေတသန ပေရာဂ်က္ တစ္စိတ္တစ္ပိုင္းအျဖစ္ မီသိန္းဓာတ္ေငြ႕ကိုတားဆီးေပးမယ့္ ေဆးျပားတီထြင္ဖို႔ ရည္႐ြယ္ေနတယ္လို႔ သိရပါတယ္။
ကယ္လီဖိုးနီးယားတကၠသိုလ္၊ ပါရဂူဘြဲ႕လြန္သုေတသနပညာရွင္ ေပါလိုဒီမိုဖီဟိုက ႏြားအူလမ္းေၾကာင္း ဘက္တီးရီးယားေတြကို ေျပာင္းလဲေစတဲ့ ေဆးျပား တီထြင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ဆိုပါတယ္။
႐ုပ္ႂကြင္းေလာင္စာလုပ္ငန္းနဲ႔ သဘာဝရင္းျမစ္အခ်ိဳ႕ဟာ မီသိန္းဓာတ္ေငြ႕ေတြ ထုတ္လႊတ္ေနၿပီး အဲဒီထဲက ႏြားေမြးျမဴေရးလုပ္ငန္းေတြက ႏြားေတြဆီက ထြက္ရွိတဲ့ ဓာတ္ေငြ႕ထုတ္လႊတ္မႈပမာဏဟာ ပိုမို မ်ားျပားလြန္းတာေၾကာင့္ ရာသီဥတုအတြက္ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။
အခု ကမာၻႀကီးမွာ တိုးလာေနတဲ့ အပူခ်ိန္ ထက္ဝက္နီးပါးဟာလည္း မီသိန္းေၾကာင့္ျဖစ္တယ္လို႔ UC Davis တိရစာၦန္သိပၸံပါေမာကၡ အာမီရက္စ္ကီဘရက္ က ေျပာပါတယ္။
မီသိန္းဓာတ္ေငြ႕ဟာ လက္ရွိရာသီဥတုေျပာင္းလဲမႈေတြကိုျဖစ္ေစတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ၿပီးရင္ ဒုတိယအႀကီးဆုံး ဓာတ္ေငြ႕ျဖစ္ပါတယ္။ ဒါအျပင္ မီသိန္းဟာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္နဲ႔မတူဘဲ ေလထုထဲမွာ ၁၂ ႏွစ္ၾကာထိ ရွိေနႏိုင္တယ္လို႔ကီဘရက္က ေျပာပါတယ္။
ႏြားတစ္ေကာင္ဟာ တစ္ႏွစ္ကို မီသိန္းဓာတ္ေငြ႕ ၁၀၀ ကီလိုဂရမ္ထိ ထုတ္လႊတ္ႏိုင္တယ္လို႔ သိရပါတယ္။