Crocs က ခွေးလေးတွေအတွက် ဖိနပ် ထုတ်လုပ်

 289

ရောင်နီ (NP News) - အောက်တိုဘာ ၁၃

ကမ္ဘာကျော်ဖိနပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Crocs က အောက်တိုဘာလထဲမှာ ထူးခြားတဲ့မိတ်ဆက် product အနေနဲ့ ခွေးလေးတွေရဲ့ဖက်ရှင်အတွက် Pet Clogs ဖိနပ်ကို ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

Pet Clogs ဟာ Crocs ရဲ့နှစ်စဉ် “Croctober” ကမ်ပိန်းရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ pet supply company and subscription service BARK နဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ brand ကို အရောင်းမြှင့်တင်ခြင်းတွေပြုလုပ်ဖို့အတွက် အချိန် အကန့်အသတ်နဲ့ product အသစ်တွေကို ထုတ်လုပ်ရောင်းချ ကြလေ့ရှိပါတယ်။ အထူးသဖြင့် ဈေးကွက်မှာ သြဇာလွှမ်းမိုးမှုရှိသူ (ဒါမှမဟုတ်) အခြား brand တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းနည်းနဲ့ စျေးဝယ်သူတွေကြား ထင်ရှားပေါ်လွင်နေမယ့် campaign တွေကို ဖန်တီးကြပါတယ်။ "စျေးကွက်ဟာ ကျွန်တော့် ရှုထောင့်ကကြည့်မယ်ဆိုရင် ကပ်ရောဂါမဖြစ်ပွားမီ အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ပါတယ်၊ ဒါကြောင့် အဓိက ပရိုမိုးရှင်းကာလဟာ အလွန်အရေးကြီးပါတယ်" လို့ စီအီးအို အန်ဒရူးရီးစ်က ပြောကြားပါတယ်။

အမေရိကန်တွေရဲ့အိမ်မွေးတိရစ္ဆာန်အသုံးစရိတ်ဟာ ၂၀၁၃ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း ၇၇.၉ ရာခိုင်နှုန်း တိုးလာတယ်လို့ အစီအရင်ခံ ဖော်ပြချက်တစ်ခုအရ သိရပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ ၂၀၂၃ ခုနှစ်မှာ အိမ်မွေးတိရစ္ဆာန်နဲ့ပတ်သက်တဲ့အသုံးစရိတ်တွေအတွက် စုစုပေါင်း ဒေါ်လာ ၁၄၇ ဘီလီယံ သုံးစွဲနေပြီး အဲဒီ အရေ အတွက်ဟာ ယခုနှစ်မှာဆိုရင် ဒေါ်လာ ၁၅၀.၆ ဘီလီယံအထိ တိုးလာနိုင်တယ်လို့ American Pet Products Association က ခန့်မှန်းထားပါတယ်။ ဒါကြောင့် Pet Crocs ဟာ "B ရဲ့ သမိုင်းမှာ တောင်းဆိုမှု အများဆုံး ထုတ်ကုန်တွေထဲက တစ်ခုဖြစ်လာနိုင်ပြီး ငယ်ရွယ်တဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် နောက်ထပ်လုပ်ဆောင်မှုဖြစ်နိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။

Zawgyi Version;
Crocs က ေခြးေလးေတြအတြက္ ဖိနပ္ ထုတ္လုပ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၃

ကမာၻေက်ာ္ဖိနပ္ကုမၸဏီတစ္ခုျဖစ္တဲ့ Crocs က ေအာက္တိုဘာလထဲမွာ ထူးျခားတဲ့မိတ္ဆက္ product အေနနဲ႔ ေခြးေလးေတြရဲ႕ဖက္ရွင္အတြက္ Pet Clogs ဖိနပ္ကို ထုတ္လုပ္သြားမယ္လို႔ ဆိုပါတယ္။

Pet Clogs ဟာ Crocs ရဲ႕ႏွစ္စဥ္ “Croctober” ကမ္ပိန္းရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ pet supply company and subscription service BARK နဲ႔ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ ကုမၸဏီေတြဟာ ၎တို႔ရဲ႕ brand ကို အေရာင္းျမႇင့္တင္ျခင္းေတြျပဳလုပ္ဖို႔အတြက္ အခ်ိန္ အကန႔္အသတ္နဲ႔ product အသစ္ေတြကို ထုတ္လုပ္ေရာင္းခ် ၾကေလ့ရွိပါတယ္။ အထူးသျဖင့္ ေဈးကြက္မွာ ၾသဇာလႊမ္းမိုးမႈရွိသူ (ဒါမွမဟုတ္) အျခား brand ေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္ျခင္းနည္းနဲ႔ ေစ်းဝယ္သူေတြၾကား ထင္ရွားေပၚလြင္ေနမယ့္ campaign ေတြကို ဖန္တီးၾကပါတယ္။ "ေစ်းကြက္ဟာ ကြၽန္ေတာ့္ ရႈေထာင့္ကၾကည့္မယ္ဆိုရင္ ကပ္ေရာဂါမျဖစ္ပြားမီ အေျခအေနသို႔ ျပန္လည္ ေရာက္ရွိေနၿပီျဖစ္ပါတယ္၊ ဒါေၾကာင့္ အဓိက ပ႐ိုမိုးရွင္းကာလဟာ အလြန္အေရးႀကီးပါတယ္" လို႔ စီအီးအို အန္ဒ႐ူးရီးစ္က ေျပာၾကားပါတယ္။

အေမရိကန္ေတြရဲ႕အိမ္ေမြးတိရစာၦန္အသုံးစရိတ္ဟာ ၂၀၁၃ ခုႏွစ္ မွ ၂၀၂၁ ခုႏွစ္အတြင္း ၇၇.၉ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ အစီအရင္ခံ ေဖာ္ျပခ်က္တစ္ခုအရ သိရပါတယ္။ အိမ္ေမြးတိရစာၦန္ပိုင္ရွင္ေတြဟာ ၂၀၂၃ ခုႏွစ္မွာ အိမ္ေမြးတိရစာၦန္နဲ႔ပတ္သက္တဲ့အသုံးစရိတ္ေတြအတြက္ စုစုေပါင္း ေဒၚလာ ၁၄၇ ဘီလီယံ သုံးစြဲေနၿပီး အဲဒီ အေရ အတြက္ဟာ ယခုႏွစ္မွာဆိုရင္ ေဒၚလာ ၁၅၀.၆ ဘီလီယံအထိ တိုးလာႏိုင္တယ္လို႔ American Pet Products Association က ခန႔္မွန္းထားပါတယ္။ ဒါေၾကာင့္ Pet Crocs ဟာ "B ရဲ႕ သမိုင္းမွာ ေတာင္းဆိုမႈ အမ်ားဆုံး ထုတ္ကုန္ေတြထဲက တစ္ခုျဖစ္လာႏိုင္ၿပီး ငယ္႐ြယ္တဲ့ ဆိုရွယ္မီဒီယာအသုံးျပဳသူပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္မယ့္ ေနာက္ထပ္လုပ္ေဆာင္မႈျဖစ္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

Related news

© 2021. All rights reserved.