တရုတ်နိုင်ငံ၊ ချုံကင်း တိရစ္ဆာန်ရုံမှာ ပန်ဒါဝက်ဝံကြီးတစ်ကောင် ထွက်ဖို့ ကြိုးစား၊ ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

 298

ရောင်နီ (NP News) - စက်တင်ဘာ ၃ဝ

တရုတ်နိုင်ငံ ချုံကင်းတိရစ္ဆာန်ရုံမှာ ပန်ဒါဝက်ဝံ တစ်ကောင်ဟာ သူ့ရဲ့အခန်းထဲကနေ ထွက်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ စက်တင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၉ နှစ်အရွယ် ဝက်ဝံ ဒင်ဒင်က သူ့ရဲ့ အခန်းတံခါးကို ဆွဲဖွင့်ဖို့ကြိုးစားနေခဲ့တာပါ။ ဒါကိုအစောဆုံးမြင်တဲ့ တိရစ္ဆာန်ရုံဝန်ထမ်းအမျိုးသမီးက တံခါးကို အလျင်အမြန်သွားပိတ်လိုက်ပေမယ့် သူ့ရဲ့လက်ကို ဝက်ဝံက မတော်တဆ ကုတ်မိခဲ့ပါတယ်။ အဲဒီနောက် စက္ကန့် ပိုင်းအကြာမှာ အမျိုးသမီးဟာ လဲကျသွားခဲ့ပါတယ်။ ဒင်ဒင် ဟာ လဲကျသွားတဲ့အမျိုးသမီးရဲ့အပေါ်ကနေ အပြင်ကို အမြန်ထွက်ဖို့ ကြိုးစားခဲ့တာကြောင့် တိရစ္ဆာန်ရုံအတွင်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။
ရုပ်သံမြင်ကွင်းထဲမှာတော့ အဆိုပါအမျိုးသမီးတံခါးပိတ်လိုက်တဲ့အချိန်မှာ ဝက်ဝံဒင်ဒင်ရဲ့လက်ကို တံခါးညှက်မိ သွားခဲ့တာကြောင့် ဒင်ဒင် လည်း စိတ်တိုသွားဟန်တူပါတယ်။ ဝက်ဝံ က သူ့လက်ထိခိုက် နာကျင်သွားတာကြောင့် စိတ်ဆိုးပြီး ပြန်လည်တိုက်ခိုက်ခြင်းမျိုးလည်းဖြစ်နိုင်ကြောင်း လူမှုကွန်ရက်တခွင်မှာ မှတ်ချက်ပြုကြပါတယ်။
အဆိုပါ ဖြစ်ရပ်ဟာ စက်တင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်၊ တိရစ္ဆာန်ရုံမှာ လာရောက်လည်ပတ်သူတွေ ရှိနေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တိရစ္ဆာန်ရုံဝန်ထမ်းတွေက အချိန်အနည်းငယ်အတွင်းမှာပဲ အခြေအနေကို ထိန်းထားနိုင်ခဲ့ပြီး ဒဏ်ရာရသူ အမျိုးသမီးကိုတော့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူပြီး အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် စီမံဆောင်ရွက်သွားမယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ ခ်ဳံကင္း တိရစာၦန္႐ုံမွာ ပန္ဒါဝက္ဝံႀကီးတစ္ေကာင္ ထြက္ဖို႔ ႀကိဳးစား၊ ဝန္ထမ္းတစ္ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - စက္တင္ဘာ ၃ဝ

တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းတိရစာၦန္႐ုံမွာ ပန္ဒါဝက္ဝံ တစ္ေကာင္ဟာ သူ႔ရဲ႕အခန္းထဲကေန ထြက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ စက္တင္ဘာ ၁၉ ရက္က ျဖစ္ပြားခဲ့တာျဖစ္ၿပီး အသက္ ၉ ႏွစ္အ႐ြယ္ ဝက္ဝံ ဒင္ဒင္က သူ႔ရဲ႕ အခန္းတံခါးကို ဆြဲဖြင့္ဖို႔ႀကိဳးစားေနခဲ့တာပါ။ ဒါကိုအေစာဆုံးျမင္တဲ့ တိရစာၦန္႐ုံဝန္ထမ္းအမ်ိဳးသမီးက တံခါးကို အလ်င္အျမန္သြားပိတ္လိုက္ေပမယ့္ သူ႔ရဲ႕လက္ကို ဝက္ဝံက မေတာ္တဆ ကုတ္မိခဲ့ပါတယ္။ အဲဒီေနာက္ စကၠန႔္ ပိုင္းအၾကာမွာ အမ်ိဳးသမီးဟာ လဲက်သြားခဲ့ပါတယ္။ ဒင္ဒင္ ဟာ လဲက်သြားတဲ့အမ်ိဳးသမီးရဲ႕အေပၚကေန အျပင္ကို အျမန္ထြက္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ တိရစာၦန္႐ုံအတြင္း ႐ုတ္႐ုတ္သဲသဲျဖစ္သြားခဲ့ပါတယ္။
႐ုပ္သံျမင္ကြင္းထဲမွာေတာ့ အဆိုပါအမ်ိဳးသမီးတံခါးပိတ္လိုက္တဲ့အခ်ိန္မွာ ဝက္ဝံဒင္ဒင္ရဲ႕လက္ကို တံခါးညႇက္မိ သြားခဲ့တာေၾကာင့္ ဒင္ဒင္ လည္း စိတ္တိုသြားဟန္တူပါတယ္။ ဝက္ဝံ က သူ႔လက္ထိခိုက္ နာက်င္သြားတာေၾကာင့္ စိတ္ဆိုးၿပီး ျပန္လည္တိုက္ခိုက္ျခင္းမ်ိဳးလည္းျဖစ္ႏိုင္ေၾကာင္း လူမႈကြန္ရက္တခြင္မွာ မွတ္ခ်က္ျပဳၾကပါတယ္။
အဆိုပါ ျဖစ္ရပ္ဟာ စက္တင္ဘာ ၁၉ ရက္၊ နံနက္ ၉ နာရီ ၅၀ မိနစ္ခန႔္၊ တိရစာၦန္႐ုံမွာ လာေရာက္လည္ပတ္သူေတြ ရွိေနခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
တိရစာၦန္႐ုံဝန္ထမ္းေတြက အခ်ိန္အနည္းငယ္အတြင္းမွာပဲ အေျခအေနကို ထိန္းထားႏိုင္ခဲ့ၿပီး ဒဏ္ရာရသူ အမ်ိဳးသမီးကိုေတာ့ ေဆး႐ုံကို အျမန္ဆုံး ပို႔ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီျဖစ္ရပ္ကေန သင္ခန္းစာယူၿပီး အလားတူျဖစ္ရပ္မ်ိဳး ထပ္မျဖစ္ေအာင္ စီမံေဆာင္႐ြက္သြားမယ္လို႔လည္း အာဏာပိုင္ေတြက ေျပာပါတယ္။

Related news

© 2021. All rights reserved.