ရေမြင်းဆီလီလေး မူတင်ရဲ့ Makeup Look ခေတ်စားနေ

 220

ရောင်နီ (NP News) - စက်တင်ဘာ ၃ဝ

ထိုင်းနိုင်ငံရဲ့ရေမြင်းပေါက်လေး မူးတင်ရဲ့ချစ်စရာပုံရိပ်လေးတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူစိတ်ဝင်စားမှု များနေသလို “Moo Deng Makeup” လို့ ခေါ်ကြတဲ့ Makeup Look ကလည်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေ ပါတယ်။

Makeup artist တွေက သူမကို inspiration ယူပြီး Makeup look အသစ်ကို ဖန်တီးခဲ့ပါတယ်။ အဲဒီ Makeup look ကို Instagram နဲ့ TikTok အသုံးပြုသူ Makeup artist တွေက တဆင့်တဆင့် ဖန်တီးကြရင်း Moo Deng Makeup look ဟာ ခေတ်စားလာခဲ့ပါတယ်။ ဒီ Trend ကို စတင်ခဲ့သူကတော့ Instagram မှာ Follower ၃ သန်းကျော်ရှိတဲ့ မိတ်ကပ်ပညာရှင်၊ Socialmedia content creator မစ္စ မိုင်ပန် ဆိုသူ အမျိုးသမီးဖြစ်ပါတယ်။
Moo Deng Makeup look ဟာ နှင်းဆီရောင်ရှိ ပါးနီ၊ မီးခိုးရောင် နှုတ်ခမ်းနီ၊ Glow ဖြစ်တဲ့ အသားအရေကို ပေါင်းစပ် ဖန်တီးထားတဲ့ Makeup look ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ချောင်ခိုခရိုင် Khao Kheow Open Zoo က ရေမြင်းပေါက်လေး မူးတင်ဟာချစ်စဖွယ်ကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေပြီး တိရစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေအတွက် အဓိက ဆွဲဆောင်သူ ဖြစ်နေပါတယ်။

Zawgyi Version;




Related news

© 2021. All rights reserved.