အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို

 327

သုတကျော် (NP News) - အောက်တိုဘာ ၁

ရခိုင်ပြည်နယ်ရှိ ၎င်းတို့ထိန်းချုပ်ရာဒေသသို့ အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏ အမိန့်သည် ဒေသတွင်းနေထိုင်သူများအတွက် အရည် အသွေးနိမ့်အရက်များသောက်သုံးကာ သက်တမ်း တိုစေ ခြင်းသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသော ရခိုင်အရေးကျွမ်းကျင်သူတစ်ဦးက NP News သို့ ပြောသည်။

ရခိုင်ပြည်နယ်သို့ ပြည်ပနှင့်ပြည်မဘက်မှ အရက်၊ ဘီယာတင်သွင်းခွင့် ကန့်သတ်ပိတ်ပင် ကြောင်း AA က စက်တင်ဘာလ (၁၉)ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ကာ လက်ကျန် အရက်၊ ဘီယာများကို (၃) လအတွင်း အပြီးရောင်းချရမည်ဖြစ်ကြောင်း ဆို ထားသည်။

ထိုသို့ အမိန့်ထုတ်ခြင်းသည် ဒေသအတွင်းတွင် ဈေးနှုန်းသက်သာစွာ သောက်သုံးနိုင်ရန်လည်း မျှော်လင့်ခြင်းဖြစ်ကြောင်း AA နိုဗာ(၁) စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးကပြောသည်ဟု ပြည်ပရောက် မီဒီယာတစ်ခုက ရေးသားထားသည်။

“ ရင်နာစရာကောင်းတာတွေ ဖြစ်လာလိမ့် မယ်လို့ပဲပြောချင်တယ်။ ဘာလို့လဲဆိုတော့ အရက် ဆိုတာမျိုးက ပိတ်ထားရင် ပိတ်လို့ရမယ်။ သူတို့က ကိုယ်တိုင်က ဥပဒေဖြစ်နေတဲ့သူတွေဆိုတော့ အရမ်း တင်ကြပ်မှာပေါ့။ ဒါပေမဲ့ သေချာတယ်ဗျ။ မှောင်ခိုသမားအတွက်က ထွက်ပေါက်ဆိုတာ ရှိကို ရှိတယ်။ ဟုတ်ပြီ မှောင်ခိုကြောင့် အရက်ဈေးတက်မယ်ထား။ အခုလည်း ရခိုင်မှာအရက်ဈေးက မိုးလောက်မြင့်နေ တာ။ မှောင်ခိုကြောင့်လည်း ဈေးကတက်နေဦးမှာပဲ။ အဲဒီတော့ ဒေသထဲမှာချက်တဲ့တောအရက်တွေ ရတာသောက်ကြတော့မှာ။ တောအရက်က ဘယ်သူက အရည်အသွေးလိုက်စစ်နိုင်မှာလဲ။ အဲဒီတော့ အရည်အသွေးက လုပ်ချင်သလိုလုပ်မှာ။ စီးပွားရေး သမားလေ။ အဲဒါသောက်ရင် သေမှာပဲ။ သက်တမ်းတိုအောင် တမင်လုပ်သလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လက်ရှိ ရခိုင်ပြည်နယ်တွင် ဒေသအတွင်း အစေ့ချေဟုခေါ်သော WY ဆေးပြားများ ယခင်ထက် ပိုမိုတွင်ကျယ်လာနေရာ မူးယစ်ဆေး သုံးစွဲသူများလည်း ပိုမိုတိုးပွားလာဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

“ ရန်ကုန်မှာ သုံးထောင်လောက်ရှိတာက သူတို့ဆီ သောင်းကျော်ချင်ကျော်နေတာ။ ဝယ် သောက်နေကြတာပဲ။ နိုင်ငံခြားအရက်ကို မဝယ်ရဘူး ဆိုရင် အဲဒီကလူတွေ၊ အောက်ခြေကလူတွေက ချက်အရက်သောက်ဖို့ပဲ ရှိတော့တယ်။ ချက်အရက် သောက်ရင် မြန်မြန်သေမယ်။ နောက်တစ်ချက်က နိုင်ငံခြား အရက်လိုချင်ရင် ပါမစ်ပေါ့။ အခုသွားနေတဲ့ ကားတွေဆိုရင်လည်း ပစ္စည်းတွေသယ် နေကြတာ ပဲ။ သယ်ကြတဲ့အခါကျတော့ ဒီပစ္စည်းရောက် လာတယ် ဘယ်လောက်ပေးဆိုပြီး သူတို့နဲ့ လက်သိပ်ထိုး ထား ရင်ကောပေါ့။ ခေတ်ပျက်မှာ အဲဒီလို သူဌေးတွေက အများကြီးဖြစ်သွားမှာ။ အစဦးဆုံး ချချချင်းမှာ ဒီဥစ္စာ တွေထက် လုပ်ရမယ့်ဟာတွေက အများကြီးပဲ}ဟု ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့တွင် ပြောင်းရွှေ့ အခြေချနေထိုင်သူတစ်ဦးက ဆိုသည်။

NP News က စုံစမ်းသိရသော ကနဦးသတင်းအချက်အလက်များအရ ရခိုင်ပြည်နယ်တွင် WY စိတ်ကြွဆေးပြားကို AA ထိန်းချုပ်ရာနယ်မြေများတွင် လက်သိပ်ထိုးနည်းဖြင့် သယ်ယူမှုပိုမိုများပြားလာ သည် ဟုသိရကာ အဆိုပါ အချက်ကို သီးသန့်အတည်ပြုနေဆဲဖြစ်သော်လည်း ဆက်သွယ်ရေး အခြေအနေကြောင့် ခက်ခဲနေသည်။

zawgyi version
အရက္တင္သြင္းခြင့္ပိတ္မည္ဆိုေသာ AA ၏အမိန႔္သည္ ေဒသတြင္း ေနထိုင္သူမ်ားအတြက္ အရည္အေသြးနိမ့္အရက္မ်ား ေသာက္သုံးကာ သက္တမ္းတိုေစျခင္းသာ ျဖစ္လိမ့္မည္ဟု ဆို
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁

ရခိုင္ျပည္နယ္ရွိ ၎တို႔ထိန္းခ်ဳပ္ရာေဒသသို႔ အရက္တင္သြင္းခြင့္ပိတ္မည္ဆိုေသာ AA ၏ အမိန႔္သည္ ေဒသတြင္းေနထိုင္သူမ်ားအတြက္ အရည္ အေသြးနိမ့္အရက္မ်ားေသာက္သုံးကာ သက္တမ္း တိုေစ ျခင္းသာ ျဖစ္လိမ့္မည္ျဖစ္ေၾကာင္း အမည္မေဖာ္လိုေသာ ရခိုင္အေရးကြၽမ္းက်င္သူတစ္ဦးက NP News သို႔ ေျပာသည္။

ရခိုင္ျပည္နယ္သို႔ ျပည္ပႏွင့္ျပည္မဘက္မွ အရက္၊ ဘီယာတင္သြင္းခြင့္ ကန႔္သတ္ပိတ္ပင္ ေၾကာင္း AA က စက္တင္ဘာလ (၁၉)ရက္တြင္ အမိန႔္ထုတ္ျပန္ခဲ့ကာ လက္က်န္ အရက္၊ ဘီယာမ်ားကို (၃) လအတြင္း အၿပီးေရာင္းခ်ရမည္ျဖစ္ေၾကာင္း ဆို ထားသည္။

ထိုသို႔ အမိန႔္ထုတ္ျခင္းသည္ ေဒသအတြင္းတြင္ ေဈးႏႈန္းသက္သာစြာ ေသာက္သုံးႏိုင္ရန္လည္း ေမွ်ာ္လင့္ျခင္းျဖစ္ေၾကာင္း AA ႏိုဗာ(၁) စစ္ေဒသမွ တာဝန္ရွိသူတစ္ဦးကေျပာသည္ဟု ျပည္ပေရာက္ မီဒီယာတစ္ခုက ေရးသားထားသည္။

“ ရင္နာစရာေကာင္းတာေတြ ျဖစ္လာလိမ့္ မယ္လို႔ပဲေျပာခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ အရက္ ဆိုတာမ်ိဳးက ပိတ္ထားရင္ ပိတ္လို႔ရမယ္။ သူတို႔က ကိုယ္တိုင္က ဥပေဒျဖစ္ေနတဲ့သူေတြဆိုေတာ့ အရမ္း တင္ၾကပ္မွာေပါ့။ ဒါေပမဲ့ ေသခ်ာတယ္ဗ်။ ေမွာင္ခိုသမားအတြက္က ထြက္ေပါက္ဆိုတာ ရွိကို ရွိတယ္။ ဟုတ္ၿပီ ေမွာင္ခိုေၾကာင့္ အရက္ေဈးတက္မယ္ထား။ အခုလည္း ရခိုင္မွာအရက္ေဈးက မိုးေလာက္ျမင့္ေန တာ။ ေမွာင္ခိုေၾကာင့္လည္း ေဈးကတက္ေနဦးမွာပဲ။ အဲဒီေတာ့ ေဒသထဲမွာခ်က္တဲ့ေတာအရက္ေတြ ရတာေသာက္ၾကေတာ့မွာ။ ေတာအရက္က ဘယ္သူက အရည္အေသြးလိုက္စစ္ႏိုင္မွာလဲ။ အဲဒီေတာ့ အရည္အေသြးက လုပ္ခ်င္သလိုလုပ္မွာ။ စီးပြားေရး သမားေလ။ အဲဒါေသာက္ရင္ ေသမွာပဲ။ သက္တမ္းတိုေအာင္ တမင္လုပ္သလို ျဖစ္ေနတယ္” ဟု ၎က ဆိုသည္။

ထို႔ျပင္ လက္ရွိ ရခိုင္ျပည္နယ္တြင္ ေဒသအတြင္း အေစ့ေခ်ဟုေခၚေသာ WY ေဆးျပားမ်ား ယခင္ထက္ ပိုမိုတြင္က်ယ္လာေနရာ မူးယစ္ေဆး သုံးစြဲသူမ်ားလည္း ပိုမိုတိုးပြားလာဖြယ္ရွိေၾကာင္း ၎က ဆိုသည္။

“ ရန္ကုန္မွာ သုံးေထာင္ေလာက္ရွိတာက သူတို႔ဆီ ေသာင္းေက်ာ္ခ်င္ေက်ာ္ေနတာ။ ဝယ္ ေသာက္ေနၾကတာပဲ။ ႏိုင္ငံျခားအရက္ကို မဝယ္ရဘူး ဆိုရင္ အဲဒီကလူေတြ၊ ေအာက္ေျခကလူေတြက ခ်က္အရက္ေသာက္ဖို႔ပဲ ရွိေတာ့တယ္။ ခ်က္အရက္ ေသာက္ရင္ ျမန္ျမန္ေသမယ္။ ေနာက္တစ္ခ်က္က ႏိုင္ငံျခား အရက္လိုခ်င္ရင္ ပါမစ္ေပါ့။ အခုသြားေနတဲ့ ကားေတြဆိုရင္လည္း ပစၥည္းေတြသယ္ ေနၾကတာ ပဲ။ သယ္ၾကတဲ့အခါက်ေတာ့ ဒီပစၥည္းေရာက္ လာတယ္ ဘယ္ေလာက္ေပးဆိုၿပီး သူတို႔နဲ႔ လက္သိပ္ထိုး ထား ရင္ေကာေပါ့။ ေခတ္ပ်က္မွာ အဲဒီလို သူေဌးေတြက အမ်ားႀကီးျဖစ္သြားမွာ။ အစဦးဆုံး ခ်ခ်ခ်င္းမွာ ဒီဥစၥာ ေတြထက္ လုပ္ရမယ့္ဟာေတြက အမ်ားႀကီးပဲ}ဟု ရခိုင္ျပည္နယ္မွ ရန္ကုန္ၿမိဳ႕တြင္ ေျပာင္းေ႐ႊ႕ အေျခခ်ေနထိုင္သူတစ္ဦးက ဆိုသည္။

NP News က စုံစမ္းသိရေသာ ကနဦးသတင္းအခ်က္အလက္မ်ားအရ ရခိုင္ျပည္နယ္တြင္ WY စိတ္ႂကြေဆးျပားကို AA ထိန္းခ်ဳပ္ရာနယ္ေျမမ်ားတြင္ လက္သိပ္ထိုးနည္းျဖင့္ သယ္ယူမႈပိုမိုမ်ားျပားလာ သည္ ဟုသိရကာ အဆိုပါ အခ်က္ကို သီးသန႔္အတည္ျပဳေနဆဲျဖစ္ေသာ္လည္း ဆက္သြယ္ေရး အေျခအေနေၾကာင့္ ခက္ခဲေနသည္။

Related news

© 2021. All rights reserved.