သြစတြေးလျနိုင်ငံရဲ့ပစ်စတိုအမည်ရှိ ပင်ဂွင်းလေး အင်တာနက်မှာ ရေပန်းစားနေ

 576

ရောင်နီ (NP News) - စက်တင်ဘာ ၂၄

ဩစတြေးလျနိုင်ငံရဲ့၊ Sea Life Melbourne Aquarium က ပစ်စတိုလို့ ခေါ်တဲ့ ပင်ဂွင်းဘုရင်ကလေးဟာ သူ့ရဲ့ပုံမှန်မဟုတ်တဲ့အရွယ်အစားကြောင့် အင်တာနက်ပေါ်က တိရစ္ဆာန်ချစ်မြတ်နိုးသူတွေကြား ရေပန်းစားနေပါတယ်။

ကိုးလသားအရွယ်သာရှိသေးတဲ့ အဲဒီပင်ဂွင်းလေးဟာ ကိုယ်အလေးချိန် ၂၂ ကီလိုဂရမ်ရှိပြီး ပျမ်းမျှအရွယ်ရောက်ပြီးသား ပင်ဂွင်းတစ်ကောင်ရဲ့အလးချိန် (၉.၅ ကီလိုဂရမ်မှ ၁၈ ကီလိုဂရမ်ကြား) ထက် နှစ်ဆပိုများနေပါတယ်။ ပစ်စတိုဟာ အခုဆိုရင် Sea Life Melbourne Aquarium မှာ အခြား နာမည်ကြီး ကြယ်ပွင့်တွေကိုတောင် လာရောက်လည်ပတ်နိုင်အောင် ဆွဲဆောင်နိုင်ခဲ့ပြီဖြစ်ပြီး ထိုင်းနိုင်ငံ၊ Khao Kheow Open Zoo က ရေမြင်းပေါက်လေး မူးတင် လို လူအများရဲ့အချစ်ခံလေးဖြစ်နေပါတယ်။

အထူးသဖြင့် သူ့ရဲ့တမူးထူးခြားတဲ့အရွယ်အစားက လူအများကို စိတ်ဝင်စားစေကာ ဆွဲဆောင်နေပြီး အရွယ်နဲ့ လိုက်အောင် ပုံမှန်ထက် အစားလည်း ပိုစားတယ်လို့ ငါးပြတိုက် ကြီးကြပ်ရေးမှူး မစ္ဂျက်ဆင်တာအာလီ က ပြောကြားပါတယ်။ ပင်ဂွင်းလေးဟာ အရွယ်အစားကြီးပေမယ့် ကျန်းမာရေး ချို့ယွင်းတာမျိုး မရှိပဲ ကျန်းမာတယ်လို့ ယူဆရကြောင်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပစ်စတိုဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က မွေးဖွားခဲ့တာဖြစ်ပြီး မကြာခင်မှာ လူပျိုဖော်ဝင်ကာ အရွယ်ရောက်တော့မယ်လို့ သိရပါတယ်။ ပစ်စတိုဟာ Sea Life Melbourne Aquarium မှာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးမွေးဖွားလာတဲ့ ပင်ဂွင်းလေးလည်း ဖြစ်ပါတယ်။

Zawgyi Version;
ၾသစေၾတးလ်ႏိုင္ငံရဲ႕ပစ္စတိုအမည္ရွိ ပင္ဂြင္းေလး အင္တာနက္မွာ ေရပန္းစားေန
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃

ဩစေၾတးလ်ႏိုင္ငံရဲ႕၊ Sea Life Melbourne Aquarium က ပစ္စတိုလို႔ ေခၚတဲ့ ပင္ဂြင္းဘုရင္ကေလးဟာ သူ႔ရဲ႕ပုံမွန္မဟုတ္တဲ့အ႐ြယ္အစားေၾကာင့္ အင္တာနက္ေပၚက တိရစာၦန္ခ်စ္ျမတ္ႏိုးသူေတြၾကား ေရပန္းစားေနပါတယ္။

ကိုးလသားအ႐ြယ္သာရွိေသးတဲ့ အဲဒီပင္ဂြင္းေလးဟာ ကိုယ္အေလးခ်ိန္ ၂၂ ကီလိုဂရမ္ရွိၿပီး ပ်မ္းမွ်အ႐ြယ္ေရာက္ၿပီးသား ပင္ဂြင္းတစ္ေကာင္ရဲ႕အလးခ်ိန္ (၉.၅ ကီလိုဂရမ္မွ ၁၈ ကီလိုဂရမ္ၾကား) ထက္ ႏွစ္ဆပိုမ်ားေနပါတယ္။ ပစ္စတိုဟာ အခုဆိုရင္ Sea Life Melbourne Aquarium မွာ အျခား နာမည္ႀကီး ၾကယ္ပြင့္ေတြကိုေတာင္ လာေရာက္လည္ပတ္ႏိုင္ေအာင္ ဆြဲေဆာင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ထိုင္းႏိုင္ငံ၊ Khao Kheow Open Zoo က ေရျမင္းေပါက္ေလး မူးတင္ လို လူအမ်ားရဲ႕အခ်စ္ခံေလးျဖစ္ေနပါတယ္။

အထူးသျဖင့္ သူ႔ရဲ႕တမူးထူးျခားတဲ့အ႐ြယ္အစားက လူအမ်ားကို စိတ္ဝင္စားေစကာ ဆြဲေဆာင္ေနၿပီး အ႐ြယ္နဲ႔ လိုက္ေအာင္ ပုံမွန္ထက္ အစားလည္း ပိုစားတယ္လို႔ ငါးျပတိုက္ ႀကီးၾကပ္ေရးမႉး မစၢ်က္ဆင္တာအာလီ က ေျပာၾကားပါတယ္။ ပင္ဂြင္းေလးဟာ အ႐ြယ္အစားႀကီးေပမယ့္ က်န္းမာေရး ခ်ိဳ႕ယြင္းတာမ်ိဳး မရွိပဲ က်န္းမာတယ္လို႔ ယူဆရေၾကာင္း သူမက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ပစ္စတိုဟာ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီ ၃၁ ရက္က ေမြးဖြားခဲ့တာျဖစ္ၿပီး မၾကာခင္မွာ လူပ်ိဳေဖာ္ဝင္ကာ အ႐ြယ္ေရာက္ေတာ့မယ္လို႔ သိရပါတယ္။ ပစ္စတိုဟာ Sea Life Melbourne Aquarium မွာ ၂၀၂၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးေမြးဖြားလာတဲ့ ပင္ဂြင္းေလးလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.