အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ

 5022

ရောင်နီ (NP News) - စက်တင်ဘာ ၂၃

အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာ အိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေခဲ့တဲ့ အရေအတွက် သောင်းနဲ့ ချီတဲ့ ပျားအုံကြီးကို ယခုသီတင်းပတ်အတွင်း ဖယ်ရှားလိုက်နိုင်ခဲ့တယ်လို့ ခြံထဲမှာ နေထိုင်တဲ့ Knight မိသားစုရဲ့ အဆိုအရ သိရပါတယ်။

မိန်းပြည်နယ်၊ Westbrook၊ Smiling Hill လယ်မြေမှာ နေထိုင်တဲ့ Knight မိသားစုရဲ့ အိမ်နံရံမှာ ခန့်မှန်းခြေ ပျား အကောင်ရေ ၄၀,၀၀၀ ထိ နေထိုင်နေတာဖြစ်ပါတယ်။ Knight မိသားစုဟာ လယ်မြေကို ၁၇၂၀ ခုနှစ်ကတည်းက ပိုင်ဆိုင်လုပ်ကိုင်နေခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ဒီပျားတွေကလည်း ရှိနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၃ ရက်က ပျားသုတ်သင်ရေး ကုမ္ပဏီပိုင်ရှင် အန်ဒရော မက်ဒေါ်နယ်တင်ခဲ့တဲ့ ဗီဒီယိုကလစ်မှာ အိမ်ရှိ အဝါရောင်နံရံတစ်ခုမှာ ရှိနေတဲ့ ပျားအစုအဝေးကြီးကို မြင်တွေ့ရပါတယ်။
Knight မိသားစုက ပျားတွေကို သတ်ပစ်မယ့်အစား သူတို့ကိုနေရာရွှေ့ပြောင်းပြီး သီးခြားထားပေးဖို့ပဲ တောင်းဆိုခဲ့ ပါတယ်။ ဒါကြောင့် ပျားတွေကို အိမ်အပြင်ဘက်ရှိ ပျားပုံးတစ်ခုကို ပြောင်းရွှေ့နေရာချထားပေးခဲ့တယ်လို့ မက်ဒေါ်နယ်က ဆိုပါတယ်။

Knight မိသားစုကတော့ ပျားတွေကို နောက်ပိုင်း လယ်မြေရဲ့အခြားနေရာကို ရွှေ့ပြောင်းပေးမယ်လို့ ပြောကြားခဲ့ပါ တယ်။ မိန်းပြည်နယ်ဟာ ပျားမျိုးစိတ်ပေါင်း ၂၇၀ ကျော်ရှိတဲ့နေရာဖြစ်ပြီး ပျားနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ ဖြစ်ရပ် တွေ မကြာခဏတွေ့ရလေ့ရှိပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ မိန္းျပည္နယ္ရွိ လယ္ယာအိမ္တစ္ခုမွာ ၁၈ ရာစုကတည္းက ရွိေနတဲ့ ပ်ားအုံႀကီးေတြ႕ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃

အေမရိကန္ႏိုင္ငံ၊ မိန္းျပည္နယ္ရွိ လယ္ယာ အိမ္တစ္ခုမွာ ၁၈ ရာစုကတည္းက ရွိေနခဲ့တဲ့ အေရအတြက္ ေသာင္းနဲ႔ ခ်ီတဲ့ ပ်ားအုံႀကီးကို ယခုသီတင္းပတ္အတြင္း ဖယ္ရွားလိုက္ႏိုင္ခဲ့တယ္လို႔ ၿခံထဲမွာ ေနထိုင္တဲ့ Knight မိသားစုရဲ႕ အဆိုအရ သိရပါတယ္။

မိန္းျပည္နယ္၊ Westbrook၊ Smiling Hill လယ္ေျမမွာ ေနထိုင္တဲ့ Knight မိသားစုရဲ႕ အိမ္နံရံမွာ ခန႔္မွန္းေျခ ပ်ား အေကာင္ေရ ၄၀,၀၀၀ ထိ ေနထိုင္ေနတာျဖစ္ပါတယ္။ Knight မိသားစုဟာ လယ္ေျမကို ၁၇၂၀ ခုႏွစ္ကတည္းက ပိုင္ဆိုင္လုပ္ကိုင္ေနခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ဒီပ်ားေတြကလည္း ရွိေနခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ စက္တင္ဘာ ၁၃ ရက္က ပ်ားသုတ္သင္ေရး ကုမၸဏီပိုင္ရွင္ အန္ဒေရာ မက္ေဒၚနယ္တင္ခဲ့တဲ့ ဗီဒီယိုကလစ္မွာ အိမ္ရွိ အဝါေရာင္နံရံတစ္ခုမွာ ရွိေနတဲ့ ပ်ားအစုအေဝးႀကီးကို ျမင္ေတြ႕ရပါတယ္။
Knight မိသားစုက ပ်ားေတြကို သတ္ပစ္မယ့္အစား သူတို႔ကိုေနရာေ႐ႊ႕ေျပာင္းၿပီး သီးျခားထားေပးဖို႔ပဲ ေတာင္းဆိုခဲ့ ပါတယ္။ ဒါေၾကာင့္ ပ်ားေတြကို အိမ္အျပင္ဘက္ရွိ ပ်ားပုံးတစ္ခုကို ေျပာင္းေ႐ႊ႕ေနရာခ်ထားေပးခဲ့တယ္လို႔ မက္ေဒၚနယ္က ဆိုပါတယ္။

Knight မိသားစုကေတာ့ ပ်ားေတြကို ေနာက္ပိုင္း လယ္ေျမရဲ႕အျခားေနရာကို ေ႐ႊ႕ေျပာင္းေပးမယ္လို႔ ေျပာၾကားခဲ့ပါ တယ္။ မိန္းျပည္နယ္ဟာ ပ်ားမ်ိဳးစိတ္ေပါင္း ၂၇၀ ေက်ာ္ရွိတဲ့ေနရာျဖစ္ၿပီး ပ်ားနဲ႔ပတ္သက္တဲ့ ထူးျခားတဲ့ ျဖစ္ရပ္ ေတြ မၾကာခဏေတြ႕ရေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.