ဟောင်ကောင်မှာ အသက် ၁၉ နှစ်အရွယ် သက်ကြီးပန်ဒါ ကလေးအမြွှာမွေးဖွား

 548

ရောင်နီ (NP News) - သြဂုတ်လ ၁၈

ဟောင်ကောင်အပန်းဖြေဥယျာဉ် Ocean Park မှာရှိတဲ့ အသက် ၁၉ နှစ်အရွယ် သက်ကြီး ပန်ဒါဝက်ဝံ ယန်ယန်ဟာ သဘာဝအတိုင်း သန္ဓေတည်ပြီး ရင်သွေး ပန်ဒါအမြွှာလေး မွေးဖွားခဲ့ပါတယ်။ ဒါဟာ လိင်စိတ်အားနည်းတဲ့ ပန်ဒါလို မျိုးစိတ်တွေအတွက် အံ့ဩဖွယ်ရာတစ်ခုဖြစ်ပါတယ်။

ယန်ယန်ဟာ တိရစ္ဆာန်ဥယျာဉ်ထဲမှာ အသက် ၁၉ နှစ် မပြည့်မီ ၁ ရက်အလိုမှာ သားမွေးတဲ့ ပထမဆုံးပန်ဒါ အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ Ocean Park Corp ဥက္ကဋ္ဌ မစ္စတာ ပေါလိုပေါင် က ယန်ယန်ရဲ့အသက်အရွယ်မှာ ကလေးမွေးဖွားခြင်းဟာ "စိတ်လှုပ်ရှားစရာသတင်းဖြစ်ပြီး ဒီလိုအဖြစ်အပျက်ဟာ ရှားပါးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ Ocean Park မှာ ယန်ယန်ရဲ့မိတ်ဖပယက်ဖြစ်တဲ့ ပန်ဒါထီးလဲ့လဲ့ တို့ ၁၃ နှစ်ကြာ အတူရှိခဲ့ပြီး နောက်မှရရှိလာတဲ့ ရင်သွေးဖြစ်ပါတယ်။

လက်ရှိမှာတော့ အမြွှာပန်ဒါပေါက်လေးတွေကို ၂၄ နာရီ အထူးစောင့်ကြပ်မှုနဲ့ ထားရှိထားတယ်လို့ တရုတ်ထိန်းသိမ်းရေးနဲ့ သုတေသနစင်တာမှ ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

Zawgyi Version;
ေဟာင္ေကာင္မွာ အသက္ ၁၉ ႏွစ္အ႐ြယ္ သက္ႀကီးပန္ဒါ ကေလးအႁမႊာေမြးဖြား
ေရာင္နီ (NP News) - ၾသဂုတ္လ ၁၈

ေဟာင္ေကာင္အပန္းေျဖဥယ်ာဥ္ Ocean Park မွာရွိတဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ သက္ႀကီး ပန္ဒါဝက္ဝံ ယန္ယန္ဟာ သဘာဝအတိုင္း သေႏၶတည္ၿပီး ရင္ေသြး ပန္ဒါအႁမႊာေလး ေမြးဖြားခဲ့ပါတယ္။ ဒါဟာ လိင္စိတ္အားနည္းတဲ့ ပန္ဒါလို မ်ိဳးစိတ္ေတြအတြက္ အံ့ဩဖြယ္ရာတစ္ခုျဖစ္ပါတယ္။

ယန္ယန္ဟာ တိရစာၦန္ဥယ်ာဥ္ထဲမွာ အသက္ ၁၉ ႏွစ္ မျပည့္မီ ၁ ရက္အလိုမွာ သားေမြးတဲ့ ပထမဆုံးပန္ဒါ အျဖစ္ မွတ္တမ္းဝင္ခဲ့တယ္လို႔ သိရပါတယ္။ Ocean Park Corp ဥကၠ႒ မစၥတာ ေပါလိုေပါင္ က ယန္ယန္ရဲ႕အသက္အ႐ြယ္မွာ ကေလးေမြးဖြားျခင္းဟာ "စိတ္လႈပ္ရွားစရာသတင္းျဖစ္ၿပီး ဒီလိုအျဖစ္အပ်က္ဟာ ရွားပါးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါဟာ Ocean Park မွာ ယန္ယန္ရဲ႕မိတ္ဖပယက္ျဖစ္တဲ့ ပန္ဒါထီးလဲ့လဲ့ တို႔ ၁၃ ႏွစ္ၾကာ အတူရွိခဲ့ၿပီး ေနာက္မွရရွိလာတဲ့ ရင္ေသြးျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အႁမႊာပန္ဒါေပါက္ေလးေတြကို ၂၄ နာရီ အထူးေစာင့္ၾကပ္မႈနဲ႔ ထားရွိထားတယ္လို႔ တ႐ုတ္ထိန္းသိမ္းေရးနဲ႔ သုေတသနစင္တာမွ ကြၽမ္းက်င္သူေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.