တောင်အာဖရိကမှာ အယ်ဘာထရော့စ်နဲ့ အခြားပင်လယ်ငှက်တွေကို သတ်ဖြတ်စားသောက်နေတဲ့ကြွက်တွေကို ဗုံးခွဲသတ်ဖြတ်ဖို့ စီစဉ်နေ

 113

ရောင်နီ (NP News) - သြဂုတ် ၂၆

တောင်အာဖရိကရဲ့ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းမှာ ရှားပါးငှက်အယ်ဘာထရော့စ်နဲ့ အခြားပင်လယ်ငှက်တွေ ကို ကိုက်ဖြတ်စားသုံးနေတဲ့ကြွက်တွေကို ကြွက်သတ်ဆေးအပြည့်ပါဝင်တဲ့ ဗုံးနဲ့အတူ ဖယ်ရှားရှင်းလင်းဖို့ စီစဉ်နေ တယ်လို့ ဩဂုတ်လ ၂၄ ရက်က သိရပါတယ်။

Cape Town အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀၀ ခန့်အကွာ၊ မာရီယန်ကျွန်း အသိုက်အဝန်းမှာ ယခင်ကတည်းက ကမ္ဘာ့ရှားပါးပင်လယ်ငှက်အချို့ရဲ့ဥတွေကို ကြွက်တွေက စားသုံးလေ့ပေမယ့် အခုအခါမှာတော့ သက်ရှိငှက်တွေ ကိုပါ စတင်စားသုံးလာနေတာ တွေ့ရတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် မက်ခ်အန်ဒါဆန် က ပြောကြား ခဲ့ပါတယ်။ သူတို့သတ်ဖြတ်စားသောက်တဲ့ ပင်လယ်ငှက်တွေထဲမှာ ကျွန်းပေါ်မှာ အသိုက်ဖွဲ့နေလေ့ ရှိတဲ့ ရှားပါးပင်လယ်ငှက် အက်ဘာထရော့ခ်တွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။
"အရွယ်ရောက်ပြီးတဲ့ အက်ဘာထရော့ခ်တွေကို ကြွက်တွေကိုက်ဖြတ်စားသောက်တာ မနှစ်က ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာပါ” လို့ ဒေါက်တာ အန်ဒါဆင်က နိုင်ငံ ထိပ်တန်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ BirdLife South Africa နဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ကြွက်တွေကြောင့် ကျွန်းပေါ်မှာ ပေါက်ပွားနေထိုင်ကြတဲ့ ပင်လယ် ငှက်မျိုးစိတ် ၂၉ မျိုးမှာ ၁၉ မျိုးဟာ မျိုးသုန်းဖို့ အန္တရာယ်ရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။

ဒါကြောင့် ကမ္ဘာ့အရေးအကြီးဆုံး သားငှက်ထိန်းသိမ်းရေးကြိုးပမ်းမှုတွေထဲက တစ်ခုဖြသ်တဲ့ Mouse-Free Marion Project အတွက် ကြွက်သတ်ဆေးနဲ့ ချည်ထားတဲ့ ဗုံးအလုံးပေါင်း တန်ချိန် ၆၀၀ ကို ရဟတ်ယာဉ်တွေနဲ့ သယ်ဆောင်ပြီး အဲဒီကျွန်းတဝိုက်မှာ ကျဲချပစ်ဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ ရာသီဥတုဖောက်ပြန်မှုနဲ့ နေ့အပူချိန်ပိုပူလာခြင်းကြောင့် ကြွက်တွေ ပေါက်ဖွားမှုလည်း မြင့်တက်လာခဲ့ပြီး ၎င်းတို့က အပင်နဲ့ ကျောရိုးမဲ့ သတ္တဝါတွေကို စားသောက်ခြင်းကနေ အစာရေစာ မလောက်ငခြင်းကြောင့် ငှက်တွေဆီကို ဦးတည်လာတယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။

Zawgyi Version;
ေတာင္အာဖရိကမွာ အယ္ဘာထေရာ့စ္နဲ႔ အျခားပင္လယ္ငွက္ေတြကို သတ္ျဖတ္စားေသာက္ေနတဲ့ႂကြက္ေတြကို ဗုံးခြဲသတ္ျဖတ္ဖို႔ စီစဥ္ေန
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆

ေတာင္အာဖရိကရဲ႕ေဝးလံေခါင္သီတဲ့ ကြၽန္းတစ္ကြၽန္းမွာ ရွားပါးငွက္အယ္ဘာထေရာ့စ္နဲ႔ အျခားပင္လယ္ငွက္ေတြ ကို ကိုက္ျဖတ္စားသုံးေနတဲ့ႂကြက္ေတြကို ႂကြက္သတ္ေဆးအျပည့္ပါဝင္တဲ့ ဗုံးနဲ႔အတူ ဖယ္ရွားရွင္းလင္းဖို႔ စီစဥ္ေန တယ္လို႔ ဩဂုတ္လ ၂၄ ရက္က သိရပါတယ္။

Cape Town အေရွ႕ေတာင္ဘက္ ကီလိုမီတာ ၂၀၀၀ ခန႔္အကြာ၊ မာရီယန္ကြၽန္း အသိုက္အဝန္းမွာ ယခင္ကတည္းက ကမာၻ႔ရွားပါးပင္လယ္ငွက္အခ်ိဳ႕ရဲ႕ဥေတြကို ႂကြက္ေတြက စားသုံးေလ့ေပမယ့္ အခုအခါမွာေတာ့ သက္ရွိငွက္ေတြ ကိုပါ စတင္စားသုံးလာေနတာ ေတြ႕ရတယ္လို႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးပညာရွင္ မက္ခ္အန္ဒါဆန္ က ေျပာၾကား ခဲ့ပါတယ္။ သူတို႔သတ္ျဖတ္စားေသာက္တဲ့ ပင္လယ္ငွက္ေတြထဲမွာ ကြၽန္းေပၚမွာ အသိုက္ဖြဲ႕ေနေလ့ ရွိတဲ့ ရွားပါးပင္လယ္ငွက္ အက္ဘာထေရာ့ခ္ေတြလည္း ပါဝင္လာတယ္လို႔ သိရပါတယ္။
"အ႐ြယ္ေရာက္ၿပီးတဲ့ အက္ဘာထေရာ့ခ္ေတြကို ႂကြက္ေတြကိုက္ျဖတ္စားေသာက္တာ မႏွစ္က ပထမဆုံးအႀကိမ္ ေတြ႕ရွိခဲ့တာပါ” လို႔ ေဒါက္တာ အန္ဒါဆင္က ႏိုင္ငံ ထိပ္တန္း သားငွက္ထိန္းသိမ္းေရးအဖြဲ႕ျဖစ္တဲ့ BirdLife South Africa နဲ႔ အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။ ႂကြက္ေတြေၾကာင့္ ကြၽန္းေပၚမွာ ေပါက္ပြားေနထိုင္ၾကတဲ့ ပင္လယ္ ငွက္မ်ိဳးစိတ္ ၂၉ မ်ိဳးမွာ ၁၉ မ်ိဳးဟာ မ်ိဳးသုန္းဖို႔ အႏၲရာယ္ရွိေနတယ္လို႔ ၎က ဆိုပါတယ္။

ဒါေၾကာင့္ ကမာၻ႔အေရးအႀကီးဆုံး သားငွက္ထိန္းသိမ္းေရးႀကိဳးပမ္းမႈေတြထဲက တစ္ခုျဖသ္တဲ့ Mouse-Free Marion Project အတြက္ ႂကြက္သတ္ေဆးနဲ႔ ခ်ည္ထားတဲ့ ဗုံးအလုံးေပါင္း တန္ခ်ိန္ ၆၀၀ ကို ရဟတ္ယာဥ္ေတြနဲ႔ သယ္ေဆာင္ၿပီး အဲဒီကြၽန္းတဝိုက္မွာ က်ဲခ်ပစ္ဖို႔အတြက္ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ရာသီဥတုေဖာက္ျပန္မႈနဲ႔ ေန႔အပူခ်ိန္ပိုပူလာျခင္းေၾကာင့္ ႂကြက္ေတြ ေပါက္ဖြားမႈလည္း ျမင့္တက္လာခဲ့ၿပီး ၎တို႔က အပင္နဲ႔ ေက်ာ႐ိုးမဲ့ သတၱဝါေတြကို စားေသာက္ျခင္းကေန အစာေရစာ မေလာက္ငျခင္းေၾကာင့္ ငွက္ေတြဆီကို ဦးတည္လာတယ္လို႔ ပညာရွင္ေတြက ယူဆထားပါတယ္။

Related news

© 2021. All rights reserved.