အင်ဒိုနီးရှားမှာ မိကျောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

 120

ရောင်နီ (NP News) - သြဂုတ် ၂၂

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ မြစ်တစ်ခုအတွင်း ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦး မိကျောင်း တိုက်ခိုက်ခံရပြီး သေဆုံး သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၁ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ဟာလီမာရာဟက်ဘာအော် အမည်ရှိ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးဟာ အင်္ဂါနေ့ (ဩဂုတ်လ ၂ဝ ရက်) က ဝါလီမြစ်ထဲမှာ ရေကူးရင်း ဂုံးရှာနေခဲ့တာဖြစ်ပါတယ်။ သူမ အချိန်ကြာတဲ့အထိ အိမ်ပြန်မရောက်လာတာကြောင့် မိသားစုနဲ့ ဆွေမျိုးတွေက လိုက်လံရှာဖွေခဲ့ကြတာဖြစ်ပြီး မြစ်အနီးမှာ သူမရဲ့ဖိနပ်တစ်ဖက်နဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ရွာသားတွေက ရဲတပ်ဖွဲ့ကို သတင်းပို့ကာ အဲဒီမိကျောင်းကို သတ်ဖြတ်နှိမ်နှင်းနိုင်ခဲ့ပြီး အမျိုးသမီးရဲ့ အလောင်းကိုတော့ မိကျောင်းရဲ့ခန္ဓာကိုယ်ထဲကနေ အစိတ်အပိုင်းလိုက် ပြန်လည်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ မိကျောင်းရဲ့အရွယ်အစားဟာ ၄ မီတာလောက်ရှိပြီး ဘာမျိုးစိတ်လဲဆိုတာတော့ မသိရသေးဘူးလို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လူကိုတိုက်ခိုက် ရန်ပြုနိုင်တဲ့ မိကျောင်းမျိုးစိတ် များစွာရှိတဲ့နေရာဖြစ်တာကြောင့် မိကျောင်း တိုက်ခိုက်ခံရမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားမွာ မိေက်ာင္းတိုက္ခိုက္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၂၂

အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ပိုင္းရွိ ျမစ္တစ္ခုအတြင္း ေရခ်ိဳးေနတဲ့ အမ်ိဳးသမီးတစ္ဦး မိေက်ာင္း တိုက္ခိုက္ခံရၿပီး ေသဆုံး သြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ ေဒသခံေတြက ဗုဒၶဟူးေန႔ (ၾသဂုတ္ ၂၁ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။

ဟာလီမာရာဟက္ဘာေအာ္ အမည္ရွိ အသက္ ၅၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ အဂၤါေန႔ (ဩဂုတ္လ ၂ဝ ရက္) က ဝါလီျမစ္ထဲမွာ ေရကူးရင္း ဂုံးရွာေနခဲ့တာျဖစ္ပါတယ္။ သူမ အခ်ိန္ၾကာတဲ့အထိ အိမ္ျပန္မေရာက္လာတာေၾကာင့္ မိသားစုနဲ႔ ေဆြမ်ိဳးေတြက လိုက္လံရွာေဖြခဲ့ၾကတာျဖစ္ၿပီး ျမစ္အနီးမွာ သူမရဲ႕ဖိနပ္တစ္ဖက္နဲ႔ ခႏၶာကိုယ္အစိတ္ အပိုင္းတစ္ခုကို ေတြ႕ရွိခဲ့ပါတယ္။
ဒါေၾကာင့္ ႐ြာသားေတြက ရဲတပ္ဖြဲ႕ကို သတင္းပို႔ကာ အဲဒီမိေက်ာင္းကို သတ္ျဖတ္ႏွိမ္ႏွင္းႏိုင္ခဲ့ၿပီး အမ်ိဳးသမီးရဲ႕ အေလာင္းကိုေတာ့ မိေက်ာင္းရဲ႕ခႏၶာကိုယ္ထဲကေန အစိတ္အပိုင္းလိုက္ ျပန္လည္ရယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ မိေက်ာင္းရဲ႕အ႐ြယ္အစားဟာ ၄ မီတာေလာက္ရွိၿပီး ဘာမ်ိဳးစိတ္လဲဆိုတာေတာ့ မသိရေသးဘူးလို႔ သိရပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ လူကိုတိုက္ခိုက္ ရန္ျပဳႏိုင္တဲ့ မိေက်ာင္းမ်ိဳးစိတ္ မ်ားစြာရွိတဲ့ေနရာျဖစ္တာေၾကာင့္ မိေက်ာင္း တိုက္ခိုက္ခံရမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.