ခြင်မှကူးစက်တဲ့ ရှားပါးရောဂါကြောင့် အမေရိကန်မှာ လူနာတစ်ဦး သေဆုံး

 1131

ရောင်နီ (NP News) - သြဂုတ် ၂၉

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်၊ နယူးဟန်းရှိုင်း၊ ဟန်စတက်မြို့မှာ ခြင်မှပေါက်ဖွားတဲ့ ရှားပါး Eastern Equine encephalitis (EEE) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် လူတစ်ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက သြဂုတ်လ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လူနာဟာ ပြင်းထန်ဗဟိုအာရုံကြောရောဂါနဲ့ ဆေးရုံတင်ထားရပြီး နောက်ပိုင်း နာမကျန်းဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ နယူးဟန်းရှိုင်း ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာနက ပြောကြားခဲ့ပါတယ်။ နယူးဟန်းရှိုင်းမှာ လူသား EEE ဗိုင်းရပ်စ်ကူးစက်မှုဟာ ၂၀၁၄ ခုနှစ်က နောက်ဆုံးဖြစ်ပွားခဲ့တာပါ။ အခုဖြစ်ရပ်ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဒေသတွင်း EEE အန္တရာယ်ထပ်တိုးလာဖွယ်ရှိနေတာကို ပြသနေပါတယ်။ ဩဂုတ်လအစောပိုင်းကလည်း မက်ဆာချူးဆက်ပြည်နယ်မှာ EEE ကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ရပါတယ်။

အာဏာပိုင်တွေက EEE ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်နိုင်ဖို့အတွက် ပြည်သူတွေ ညဘက် အပြင်မထွက်ဖို့၊ အများပြည်သူဆိုင်ရာပန်းခြံတွေ ပိတ်ထားဖို့နဲ့ ခြင်ပေါက်ဖွားမှုထိန်းချုပ်ဖို့အတွက် ဝေဟင်နဲ့ မြေပြင်မှာ ခြင်ဆေး ဖြန်းခြင်းများ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများရဲ့ အဆိုအရ EEE ရောဂါလက္ခဏာတွေမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ တက်ခြင်း၊ အိပ်ငိုက်ခြင်းတို့ ပါဝင်ပြီး ဦးနှောက်ရောင်ခြင်းလို ပြင်းထန်အာရုံကြောဆိုင်ရာရောဂါတွေလည်းဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ရောဂါကူးစက်ခံရသူ ၃ဝ ရာခိုင်နှုန်းခန့်ဟာ သေဆုံးကြပြီး အသက်ရှင်ကျန်ရစ်သူတွေဟာလည်း ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဆက်လက်ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒီရောဂါအတွက် အန္တရာယ် အများဆုံး အသက်အရွယ်တွေကတော့ အသက် ၁၅ နှစ်အောက်နဲ့ အသက် ၅ဝ နှစ်အထက် အရွယ်အပိုင်းအခြားတွေလို့ ယူဆထားပါတယ်။

Zawgyi Version;
ျခင္မွကူးစက္တဲ့ ရွားပါးေရာဂါေၾကာင့္ အေမရိကန္မွာ လူနာတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၂၉

အေမရိကန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းျပည္နယ္၊ နယူးဟန္းရႈိင္း၊ ဟန္စတက္ၿမိဳ႕မွာ ျခင္မွေပါက္ဖြားတဲ့ ရွားပါး Eastern Equine encephalitis (EEE) ဗိုင္းရပ္စ္ပိုး ကူးစက္ခံရျခင္းေၾကာင့္ လူတစ္ဦးေသဆုံးခဲ့တယ္လို႔ က်န္းမာေရး အာဏာပိုင္ေတြက ၾသဂုတ္လ ၂၇ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

လူနာဟာ ျပင္းထန္ဗဟိုအာ႐ုံေၾကာေရာဂါနဲ႔ ေဆး႐ုံတင္ထားရၿပီး ေနာက္ပိုင္း နာမက်န္းျဖစ္ကာ ေသဆုံးသြားခဲ့တယ္လို႔ နယူးဟန္းရႈိင္း က်န္းမာေရးနဲ႔ လူသားဝန္ေဆာင္မႈဌာနက ေျပာၾကားခဲ့ပါတယ္။ နယူးဟန္းရႈိင္းမွာ လူသား EEE ဗိုင္းရပ္စ္ကူးစက္မႈဟာ ၂၀၁၄ ခုႏွစ္က ေနာက္ဆုံးျဖစ္ပြားခဲ့တာပါ။ အခုျဖစ္ရပ္ဟာ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ေဒသတြင္း EEE အႏၲရာယ္ထပ္တိုးလာဖြယ္ရွိေနတာကို ျပသေနပါတယ္။ ဩဂုတ္လအေစာပိုင္းကလည္း မက္ဆာခ်ဴးဆက္ျပည္နယ္မွာ EEE ကူးစက္လူနာတစ္ဦး ေတြ႕ရွိခဲ့ရပါတယ္။

အာဏာပိုင္ေတြက EEE ဗိုင္းရပ္စ္ကူးစက္မႈမွ ကာကြယ္ႏိုင္ဖို႔အတြက္ ျပည္သူေတြ ညဘက္ အျပင္မထြက္ဖို႔၊ အမ်ားျပည္သူဆိုင္ရာပန္းၿခံေတြ ပိတ္ထားဖို႔နဲ႔ ျခင္ေပါက္ဖြားမႈထိန္းခ်ဳပ္ဖို႔အတြက္ ေဝဟင္နဲ႔ ေျမျပင္မွာ ျခင္ေဆး ျဖန္းျခင္းမ်ား ျပဳလုပ္ဖို႔ ေတာင္းဆိုထားပါတယ္။ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာမ်ားရဲ႕ အဆိုအရ EEE ေရာဂါလကၡဏာေတြမွာ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း၊ ေအာ့အန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ တက္ျခင္း၊ အိပ္ငိုက္ျခင္းတို႔ ပါဝင္ၿပီး ဦးေႏွာက္ေရာင္ျခင္းလို ျပင္းထန္အာ႐ုံေၾကာဆိုင္ရာေရာဂါေတြလည္းျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ ေရာဂါကူးစက္ခံရသူ ၃ဝ ရာခိုင္ႏႈန္းခန႔္ဟာ ေသဆုံးၾကၿပီး အသက္ရွင္က်န္ရစ္သူေတြဟာလည္း ႐ုပ္ပိုင္းဆိုင္ရာ (သို႔မဟုတ္) စိတ္ပိုင္းဆိုင္ရာထိခိုက္မႈေတြ ဆက္လက္ခံစားရႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီေရာဂါအတြက္ အႏၲရာယ္ အမ်ားဆုံး အသက္အ႐ြယ္ေတြကေတာ့ အသက္ ၁၅ ႏွစ္ေအာက္နဲ႔ အသက္ ၅ဝ ႏွစ္အထက္ အ႐ြယ္အပိုင္းအျခားေတြလို႔ ယူဆထားပါတယ္။

Related news

© 2021. All rights reserved.