အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ကမ်းခြေမှာ ရာပေါင်းများစွာသော ပင်လယ်ဖျံတွေ ကမ်းတင်နေ

 356

ရောင်နီ (NP News) - သြဂုတ် ၂၄

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ကားလို့စ် ကမ်းခြေမှာ ပင်လယ်ဖျံ ရာနဲ့ချီ ကမ်းတင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ကမ်းခြေတဝိုက်၊ သတိပေးချက်တွေ တပ်ဆင်ထားရပါတယ်။ ဒါပေမယ့် ကမ်းခြေရှိ ဧည့်သည်တွေကတော့ ပင်လယ်ကမ်းခြေနဲ့ ရေထဲမှာ ဆော့ကစားနေကြတဲ့ ပင်လယ်ဖျံတွေကို ဓာတ်ပုံရိုက်ယူနေခဲ့ ကြတယ်လို့ သိရပါတယ်။ ပင်လယ်ဖျံတွေကို ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှာရှိတဲ့ အချို့ကမ်းခြေတွေမှာ မကြာခဏတွေ့မြင်နေရပေမယ့် ဒီလိုအကောင်ရေ ရာနဲ့ချီတော့ မမြင်ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Monterey Bay National Marine Sanctuary မှ အဏ္ဏဝါဇီဝဗေဒပညာရှင် မစ္စလီဆာအက်တယ်လ်က ပင်လယ်ဖျံ တွေ ဆန်ကားလိုစ့်ကမ်းခြေမှာ ဘာကြောင့် စုဝေးနေကြလဲဆိုတာ အတိအကျမသိရသေးပေမယ့် ဂေဟစနစ် ကြောင့် အစာရေစာပေါများရာ နေရာကို နေရာရွှေ့ပြောင်းလာခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယား ကမ္းေျခမွာ ရာေပါင္းမ်ားစြာေသာ ပင္လယ္ဖ်ံေတြ ကမ္းတင္ေန
ေရာင္နီ (NP News) - ၾသဂုတ္ ၂၄

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ကားလို႔စ္ ကမ္းေျခမွာ ပင္လယ္ဖ်ံ ရာနဲ႔ခ်ီ ကမ္းတင္ေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ေၾကာင့္ ကမ္းေျခတဝိုက္၊ သတိေပးခ်က္ေတြ တပ္ဆင္ထားရပါတယ္။ ဒါေပမယ့္ ကမ္းေျခရွိ ဧည့္သည္ေတြကေတာ့ ပင္လယ္ကမ္းေျခနဲ႔ ေရထဲမွာ ေဆာ့ကစားေနၾကတဲ့ ပင္လယ္ဖ်ံေတြကို ဓာတ္ပုံ႐ိုက္ယူေနခဲ့ ၾကတယ္လို႔ သိရပါတယ္။ ပင္လယ္ဖ်ံေတြကို ကယ္လီဖိုးနီးယားကမ္း႐ိုးတန္းမွာရွိတဲ့ အခ်ိဳ႕ကမ္းေျခေတြမွာ မၾကာခဏေတြ႕ျမင္ေနရေပမယ့္ ဒီလိုအေကာင္ေရ ရာနဲ႔ခ်ီေတာ့ မျမင္ဖူးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

Monterey Bay National Marine Sanctuary မွ အဏၰဝါဇီဝေဗဒပညာရွင္ မစၥလီဆာအက္တယ္လ္က ပင္လယ္ဖ်ံ ေတြ ဆန္ကားလိုစ့္ကမ္းေျခမွာ ဘာေၾကာင့္ စုေဝးေနၾကလဲဆိုတာ အတိအက်မသိရေသးေပမယ့္ ေဂဟစနစ္ ေၾကာင့္ အစာေရစာေပါမ်ားရာ ေနရာကို ေနရာေ႐ႊ႕ေျပာင္းလာျခင္း ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.