တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့သင်္ဘောတွေ တိုက်မိမှုထပ်မံဖြစ်ပွား

 704

Pika (NP News) - ဩဂုတ် ၁၉

ဩဂုတ်လ(၁၉)ရက်နေ့က တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ အငြင်း ပွားကျွန်းတစ်ခုအနီးမှာ တရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့ သင်္ဘောတွေ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက ပြောကြားခဲ့ပါတယ်။

Sabina Shoal ကျွန်းအနီးမှာဖြစ်ပွားခဲ့တဲ့ သင်္ဘောတိုက်မိမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေ မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

ဩဂုတ်လ(၁၉)ရက်နေ့ အစောပိုင်းမှာ ဖိလစ်ပိုင်သင်္ဘောတစ်စီးဟာ တရုတ်သင်္ဘောတစ်စီးကို တမင်တကာဝင်တိုက်ခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဂမ်ယုက ပြောကြားခဲ့ပါတယ်။ ဂမ်ယုက "ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ Spratly ကျွန်းစုမှာရှိတဲ့ Sabina Shoal ကျွန်းအနီးရေပြင်ကို တရားမဝင် ဝင်ရောက်ခဲ့ပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ တရားမဝင်ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်သင်္ဘောတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

Sabina Shoal ကျွန်းအနီးမှာ တရုတ်သင်္ဘောတွေနဲ့ တိုက်မိမှုအတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောနှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်တပ်က'ဒီတိုက်မှုကြောင့် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘောနှစ်စီးမှာ သိသာတဲ့ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔ရဲ႕သေဘၤာေတြ တိုက္မိမႈထပ္မံျဖစ္ပြား
Pika (NP News) - ဩဂုတ္ ၁၉

ဩဂုတ္လ(၁၉)ရက္ေန႔က ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာရွိတဲ့ အျငင္း ပြားကြၽန္းတစ္ခုအနီးမွာ တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔ရဲ႕ သေဘၤာေတြ တိုက္မိမႈျဖစ္ပြားခဲ့တယ္လို႔ ႏွစ္ႏိုင္ငံစလုံးက ေျပာၾကားခဲ့ပါတယ္။

Sabina Shoal ကြၽန္းအနီးမွာျဖစ္ပြားခဲ့တဲ့ သေဘၤာတိုက္မိမႈနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံစလုံးက အျပန္အလွန္ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔ဟာ အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ျမင့္တက္လာခဲ့တယ္လို႔သိရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။

ဩဂုတ္လ(၁၉)ရက္ေန႔ အေစာပိုင္းမွာ ဖိလစ္ပိုင္သေဘၤာတစ္စီးဟာ တ႐ုတ္သေဘၤာတစ္စီးကို တမင္တကာဝင္တိုက္ခဲ့တယ္လို႔ တ႐ုတ္ကမ္းေျခေစာင့္ တပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူဂမ္ယုက ေျပာၾကားခဲ့ပါတယ္။ ဂမ္ယုက "ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာေတြဟာ တ႐ုတ္အစိုးရရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ Spratly ကြၽန္းစုမွာရွိတဲ့ Sabina Shoal ကြၽန္းအနီးေရျပင္ကို တရားမဝင္ ဝင္ေရာက္ခဲ့ပါတယ္။ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ တရားမဝင္ဝင္ေရာက္လာတဲ့ ဖိလစ္ပိုင္သေဘၤာေတြကို ဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

Sabina Shoal ကြၽန္းအနီးမွာ တ႐ုတ္သေဘၤာေတြနဲ႔ တိုက္မိမႈအတြင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာႏွစ္စီး ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ဖိလစ္ပိုင္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဖိလစ္ပိုင္စစ္တပ္က'ဒီတိုက္မႈေၾကာင့္ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕ သေဘၤာႏွစ္စီးမွာ သိသာတဲ့ထိခိုက္ပ်က္စီးမႈေတြ ရွိခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.