ဂါဇာဒေသစစ်ပွဲ(၁၀)လကျော်အတွင်း သေဆုံးသူအရေအတွက်(၄၀ဝဝဝ) ကျော်အထိ မြင့်တက်လာနေ

 641

ဂျန်ဇက် (NP News) - ဩဂုတ် ၁၉

အစ္စရေး နှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ ကြားဖြစ်ပွားနေသည့်စစ်ပွဲကြောင့် အနည်းဆုံး လူပေါင်း(၄၀ဝဝဝ)ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဂါဇာဒေသကို အစ္စရေး၏ထိုးစစ်ဆင်တိုက် ခိုက်မှုများကြောင့် (၁၀)လကျော်အတွင်း လူပေါင်း (၉၂၄၀၁)ဦး ဒဏ်ရာရခဲ့ပြီး ဂါဇာဒေသတွင် နေထိုင် နေသည့်အိမ်များအနက်မှ (၈၅)ရာခိုင်နှုန်းခန့် နေရပ် စွန့်ခွာနေထိုင်ခဲ့ရကြောင်း၊ သေဆုံးသူ အရေအတွက် သည်လက်ရှိထက်ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကဖော်ပြထား သည်။

အစ္စရေးသည် ဂါဇာဒေသကို တိုက်ခိုက်ရာတွင် မြေပြင်ထိုးစစ်ဆင်မှုများသာမက လေကြောင်းမှတိုက် ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ပြိုကျပျက်စီးခဲ့သော အဆောက်အအုံများထဲတွင် ပိတ်မိနေသူများနှင့် ရုပ်အလောင်းများ ဆက်လက်ရှိနိုင်ဖွယ်ရှိနေသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးကပြောသည်။ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ် အောက် တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီး အမေရိကန်နိုင်ငံသားများ အပါအဝင် လူပေါင်း (၂၅၀) ကျော်ကို ဖမ်းဆီးခေါ် ဆောင်ခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရက ဖမ်းဆီးခံရသူများအနက်မှ လူပေါင်း (၁၁၁)ဦး ပြန် လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း၊ အဆိုပါ လူပေါင်း (၁၁၁)ဦးထဲတွင် ရုပ်အလောင်း (၃၉)ဦး နှင့်အတူ အမျိုးသမီးနှင့်ကလေးငယ်များကိုလည်း ထည့်သွင်းတွက်ချက်ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင် အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲပြီး ဖမ်းဆီးခံထားရသူများအမြန်ဆုံး ပြန်လွတ်မြောက်စေရန် အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့ ကြား ဝင်ဆောင်ရွက်နေသော်လည်း (၁၀)လကျော်ချိန် အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။

အစ္စရေးအစိုးရက ၎င်းတို့သည် ဂါဇာဒေသ ကို တိုက်ခိုက်ရာတွင် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောသည်။ အစ္စရေးက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့သည် လူနေရပ်ကွက်ပတ်ဝန်းကျင်နှင့်ဆက်နွှယ်နေသည့် နေရာများတွင် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သလို လူနေပတ်ဝန်းကျင်နှင့် ဆက်နွှယ်နေသည့် နေရာတွင် မြေအောက်စခန်းများထားရှိခဲ့ကြောင်း ပြောသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဂါဇာဒေသကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဟားမတ်စ်လက် နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး (၁၄၀ဝဝ)ကျော် သေဆုံးထားကြောင်း၊ ဟားမတ်စ်လက်နက်ကိုင် အဖွဲ့ဝင်အရေအတွက် တစ်ဝက်နီးပါး ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

zawgyi version
ဂါဇာေဒသစစ္ပြဲ(၁၀)လေက်ာ္အတြင္း ေသဆုံးသူအေရအတြက္(၄၀ဝဝဝ) ေက်ာ္အထိ ျမင့္တက္လာေန
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉

အစၥေရး ႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ ၾကားျဖစ္ပြားေနသည့္စစ္ပြဲေၾကာင့္ အနည္းဆုံး လူေပါင္း(၄၀ဝဝဝ)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ဂါဇာေဒသကို အစၥေရး၏ထိုးစစ္ဆင္တိုက္ ခိုက္မႈမ်ားေၾကာင့္ (၁၀)လေက်ာ္အတြင္း လူေပါင္း (၉၂၄၀၁)ဦး ဒဏ္ရာရခဲ့ၿပီး ဂါဇာေဒသတြင္ ေနထိုင္ ေနသည့္အိမ္မ်ားအနက္မွ (၈၅)ရာခိုင္ႏႈန္းခန႔္ ေနရပ္ စြန႔္ခြာေနထိုင္ခဲ့ရေၾကာင္း၊ ေသဆုံးသူ အေရအတြက္ သည္လက္ရွိထက္ပိုမိုျမင့္တက္လာဖြယ္ရွိေနေၾကာင္း ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနကေဖာ္ျပထား သည္။

အစၥေရးသည္ ဂါဇာေဒသကို တိုက္ခိုက္ရာတြင္ ေျမျပင္ထိုးစစ္ဆင္မႈမ်ားသာမက ေလေၾကာင္းမွတိုက္ ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ရာ ၿပိဳက်ပ်က္စီးခဲ့ေသာ အေဆာက္အအုံမ်ားထဲတြင္ ပိတ္မိေနသူမ်ားႏွင့္ ႐ုပ္အေလာင္းမ်ား ဆက္လက္ရွိႏိုင္ဖြယ္ရွိေနသည္ဟု ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးကေျပာသည္။ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္ ေအာက္ တိုဘာလ ၇ ရက္ေန႔က အစၥေရးကို ႐ုတ္တရက္တိုက္ခိုက္ခဲ့ၿပီး အေမရိကန္ႏိုင္ငံသားမ်ား အပါအဝင္ လူေပါင္း (၂၅၀) ေက်ာ္ကို ဖမ္းဆီးေခၚ ေဆာင္ခဲ့ေၾကာင္း သိရသည္။ အစၥေရးအစိုးရက ဖမ္းဆီးခံရသူမ်ားအနက္မွ လူေပါင္း (၁၁၁)ဦး ျပန္ လည္လြတ္ေျမာက္ျခင္း မရွိေသးေၾကာင္း၊ အဆိုပါ လူေပါင္း (၁၁၁)ဦးထဲတြင္ ႐ုပ္အေလာင္း (၃၉)ဦး ႏွင့္အတူ အမ်ိဳးသမီးႏွင့္ကေလးငယ္မ်ားကိုလည္း ထည့္သြင္းတြက္ခ်က္ျခင္းျဖစ္ေၾကာင္း သိရသည္။

အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္ အဖြဲ႕ၾကားျဖစ္ပြားေနသည့္ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲၿပီး ဖမ္းဆီးခံထားရသူမ်ားအျမန္ဆုံး ျပန္လြတ္ေျမာက္ေစရန္ အေမရိကန္၊ ကာတာႏွင့္ အီဂ်စ္ႏိုင္ငံတို႔ ၾကား ဝင္ေဆာင္႐ြက္ေနေသာ္လည္း (၁၀)လေက်ာ္ခ်ိန္ အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးဘဲ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္းသိရသည္။

အစၥေရးအစိုးရက ၎တို႔သည္ ဂါဇာေဒသ ကို တိုက္ခိုက္ရာတြင္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို ရည္႐ြယ္တိုက္ခိုက္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာသည္။ အစၥေရးက ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕သည္ လူေနရပ္ကြက္ပတ္ဝန္းက်င္ႏွင့္ဆက္ႏႊယ္ေနသည့္ ေနရာမ်ားတြင္ စစ္ဆင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ခဲ့သလို လူေနပတ္ဝန္းက်င္ႏွင့္ ဆက္ႏႊယ္ေနသည့္ ေနရာတြင္ ေျမေအာက္စခန္းမ်ားထားရွိခဲ့ေၾကာင္း ေျပာသည္။

အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနက ဂါဇာေဒသကို တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ဟားမတ္စ္လက္ နက္ကိုင္အဖြဲ႕ဝင္ အနည္းဆုံး (၁၄၀ဝဝ)ေက်ာ္ ေသဆုံးထားေၾကာင္း၊ ဟားမတ္စ္လက္နက္ကိုင္ အဖြဲ႕ဝင္အေရအတြက္ တစ္ဝက္နီးပါး ထိခိုက္ပ်က္စီးခဲ့ရျခင္းျဖစ္ေၾကာင္း ေျပာသည္။

Related news

© 2021. All rights reserved.