ကိုရီးယားမင်းသား ဂျောင်ကွမ်ဆော့ခ် သိုင်းရွိုက်ကင်ဆာရောဂါကြောင့် ကုသမှုခံယူနေ

 1002

ရောင်နီ (NP News) - ဩဂုတ် ၂ဝ

တောင်ကိုရီးယား မင်းသား ဂျောင်ကွမ်ဆော့ခ်ဟာ သိုင်းရွိုက်ကင်ဆာရောဂါကြောင့် ကုသမှုခံယူနေရပြီး မကြာသေးခင်ကမှ ခွဲစိတ်ထားရတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် မင်းသားချောတစ်ဦးဖြစ်သူ ဂျောင်ဂွမ်ဆော့ခ်ဟာ သောကြာနေ့ (သြဂုတ်လ ၁၆ ရက်)က ၎င်းရဲ့ YouTube စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ ဗီဒီယိုထဲမှာတော့ ဂျောင်က သူဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သိုင်းရွိုက်ကင်ဆာရောဂါရှိနေတာစသိခဲ့ရပြီး ပရိသတ်ကို စိတ်မပူစေချင်တာကြောင့် အဲဒီသတင်းကို လူသိရှင်ကြားမပြောပြခဲ့မိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဂျောင်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ရှစ်ရက်ကျော်ကြာအောင် ခန္ဓာကိုယ်က ကောင်းကောင်းမလှုပ်ရှားနိုင်ခဲ့ဘူး"လို့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

ဂျောင်ကွမ်ဆော့ခ်ဟာ ၂၀၀၉ ခုနှစ်က ထွက်ရှိတဲ့ "You're Beautiful" ၂၀၁၂ ခုနှစ်က ထွက်ရှိတဲ့ "Love Rain" နဲ့ ၂၀၁၃ ခုနှစ်က ထွက်ရှိတဲ့ "Bel Ami" အပါအဝင် တောင်ကိုရီးယား ဒရာမာများစွာမှာ သရုပ်ဆောင်ထားပြီး ၎င်းရဲ့ချောမောလှပတဲ့ မျက်နှာနဲ့ကျွမ်းကျင်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် နာမည်ကျော်တဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။

zawgyi version
ကိုရီးယားမင္းသား ေဂ်ာင္ကြမ္ေဆာ့ခ္ သိုင္း႐ြိဳက္ကင္ဆာေရာဂါေၾကာင့္ ကုသမႈခံယူေန
ေရာင္နီ (NP News) - ဩဂုတ္ ၂ဝ

ေတာင္ကိုရီးယား မင္းသား ေဂ်ာင္ကြမ္ေဆာ့ခ္ဟာ သိုင္း႐ြိဳက္ကင္ဆာေရာဂါေၾကာင့္ ကုသမႈခံယူေနရၿပီး မၾကာေသးခင္ကမွ ခြဲစိတ္ထားရတယ္လို႔ ဖြင့္ဟေျပာၾကားလာခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ မင္းသားေခ်ာတစ္ဦးျဖစ္သူ ေဂ်ာင္ဂြမ္ေဆာ့ခ္ဟာ ေသာၾကာေန႔ (ၾသဂုတ္လ ၁၆ ရက္)က ၎ရဲ႕ YouTube စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာပါ။ ဗီဒီယိုထဲမွာေတာ့ ေဂ်ာင္က သူဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က သိုင္း႐ြိဳက္ကင္ဆာေရာဂါရွိေနတာစသိခဲ့ရၿပီး ပရိသတ္ကို စိတ္မပူေစခ်င္တာေၾကာင့္ အဲဒီသတင္းကို လူသိရွင္ၾကားမေျပာျပခဲ့မိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ေဂ်ာင္ဟာ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က ခြဲစိတ္ကုသမႈ ခံယူခဲ့ရၿပီး ရွစ္ရက္ေက်ာ္ၾကာေအာင္ ခႏၶာကိုယ္က ေကာင္းေကာင္းမလႈပ္ရွားႏိုင္ခဲ့ဘူး"လို႔ ဗီဒီယိုမွာ ေျပာၾကားခဲ့ပါတယ္။

ေဂ်ာင္ကြမ္ေဆာ့ခ္ဟာ ၂၀၀၉ ခုႏွစ္က ထြက္ရွိတဲ့ "You're Beautiful" ၂၀၁၂ ခုႏွစ္က ထြက္ရွိတဲ့ "Love Rain" နဲ႔ ၂၀၁၃ ခုႏွစ္က ထြက္ရွိတဲ့ "Bel Ami" အပါအဝင္ ေတာင္ကိုရီးယား ဒရာမာမ်ားစြာမွာ သ႐ုပ္ေဆာင္ထားၿပီး ၎ရဲ႕ေခ်ာေမာလွပတဲ့ မ်က္ႏွာနဲ႔ကြၽမ္းက်င္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္ေၾကာင့္ နာမည္ေက်ာ္တဲ့ မင္းသားတစ္လက္ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.