AA ထိန်းချုပ်ခံ ရခိုင်ပြည်သူများ ဆေးဝါးပြတ်လပ်မှုဖြစ်နေပြီး အချိန်မီဆေးကုသနိုင်ခြင်း မရှိသောကြောင့် လမ်းတွင် သေဆုံးရသူများရှိနေ

 2644

သုတကျော် (NP News) - ဩဂုတ် ၂ဝ

AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဒေသများတွင် ဆေးဝါးပြတ်လပ်မှုဖြစ်နေပြီး အချိန်မီ ဆေးကုသ နိုင်ခြင်း မရှိသောကြောင့် လမ်းတွင် သေဆုံးရသူများ ရှိနေကြောင်း ဒေသခံအချို့ထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည်ဖြင့် မြို့များကို AA က ထိန်းချုပ်ထားပြီး အချို့နေရာများတွင် တိုက်ပွဲဖော်ဆောင်နေခြင်း ဖြစ်သည်။ လတ်တလောသိရသော အခြေအနေများအရ AA ထိန်းချုပ်ရာဒေသအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို လည်း ရင်ဆိုင်နေရပြီး အခြားပြတ်လပ်မှုများ ဖြစ်ပေါ်နေရာတွင် ဆေးဝါးပြတ်လပ်မှုမှာမူ အဆိုးရွားဆုံး အခြေအနေတစ်ခု ဖြစ်နေသည်။

ထို့ပြင် ဆေးဝါးပြတ်လပ်သည်ထက် ပိုမိုဆိုးရွားသော အခြေအနေတစ်ခုမှာ ဆေးဝါးဈေးနှုန်း ကြီးမြင့် ခြင်းဖြစ်ပြီး အဆိုပါ အချက်နှစ်ချက်က မကျန်းမာသူများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည် လူမမာများအတွက် စိုးရိမ်ဖွယ် ဖြစ်နေသည်။

"ကျန်းမာရေးမကောင်းတဲ့အချိန်၊ ငွေကြေးမ တတ်နိုင်တဲ့အတွက် သေဆုံးသွားကြတဲ့သူတွေ ရှိတာပေါ့။ အများကြီးပါပဲ။ အဲဒါက ရခိုင်ပြည် နယ် တောင်ပိုင်းမှာတင်မဟုတ်ဘူး၊ ရခိုင်မြောက်ပိုင်းမှာလည်း ရှိပါ တယ်။ လေယာဉ်လက်မှတ်ဈေးနှုန်း (၁၀)သိန်း လောက်အထိ တက်သွားတော့ ရန်ကုန်ကိုမလာနိုင် တော့လို့ နောက်ပြီးတော့ ကုန်းလမ်းမပေါက်တော့လို့ ရေလမ်းကနေသွားတာတို့၊ နောက် လူတချို့တို့ကျ တော့ ဒီဘက်ကအဆင်မပြေတော့လို့ အမ်းတို့၊ မင်းဘူးတို့ ဘက်ကနေဆင်းတာမျိုးတို့။ လူဟာအဲဒီ ခရီးလမ်းမှာတင် ပင်ပန်းပြီးတော့ ရောဂါအခံကြီးနဲ့ အမ်းမှာတင် ဆုံးသွားတယ်၊ မင်းဘူးမှာတင် ဆုံးသွားတယ်၊ ငဖဲမှာဆုံးသွားတယ်ဆိုတာတွေလည်း ကျွန် တော်တို့ လမ်းမှာကြားရပါတယ်။ တချို့တွေ ကျတော့လည်း ပိုက်ဆံမတတ်နိုင်ဘူး၊ ဆေးကလည်း ပြတ်လာတယ်"ဟု လက်ရှိဒေသခံများ ကြုံနေရသော အခြေအနေကို ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဆေးဝါး ပြတ်လပ် မှု အခြေအနေတစ်ခုကိုသာ မီးမောင်းထိုးပြောပြခြင်းဖြစ်ပြီး မကြာမီကာလတွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့်အတူ ယခုထက်ဆေးဝါးပြတ်လပ်ဖွယ်ရှိကြောင်း လည်း ၎င်းက ဆိုသည်။ "ဒီလိုနေရသူတွေက ဆေးပြတ်လပ်မှုဒဏ်တွေကို ချက်ချင်းကြီးမှ မသိရဘူး။ ဒါပေမဲ့ ၆ လ နဲ့ ၁ နှစ်မှာ ဆက်ရိုက်ခတ်မှုပြင်းလာမယ်"ဟု ၎င်းက သုံးသပ်သည်။

ထို့ပြင် လတ်တလော အခြေအနေအရ AA ထိန်းချုပ်ရာ ဒေသများတွင် လူအများ၏ စီးပွားရေး အဆင်မပြေခြင်းနှင့်အတူ ခိုးဆိုးလုယက်ခြင်းများ လည်း ပေါများလာပြီး အမျိုးသမီးငယ်များ အဓမ္မအကျင့်ခံရသည့် ဖြစ်စဉ်များလည်းရှိနေကာ တရားစီရင်ရေး အားနည်းနေသည့် အနေအထားလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

"တချို့တွေဆိုရင် အိမ်မှာရှိတဲ့ညီမတို့၊ သမီးတို့ လောက်ဖြစ်ဖြစ်ပေါ့ ဘယ်သူကတက်လာပြီးတော့ Rape လုပ်သွားလည်းမသိဘူးပေါ့နော်။ သိလည်း ဘယ်သူ့ကိုမှ အရေးယူလို့ မရဘူး။ ကျွန်တော်ပြောတာ သတ်တဲ့အမှုတွေရော၊ ဘယ်သူမှလက်သည် မပေါ်ဘူး" ဟု ၎င်းကဆိုသည်။

zawgyi version
AA ထိန္းခ်ဳပ္ခံ ရခိုင္ျပည္သူမ်ား ေဆးဝါးျပတ္လပ္မႈျဖစ္ေနၿပီး အခ်ိန္မီေဆးကုသႏိုင္ျခင္း မရွိေသာေၾကာင့္ လမ္းတြင္ ေသဆုံးရသူမ်ားရွိေန
သုတေက်ာ္ (NP News) - ဩဂုတ္ ၂ဝ

AA ထိန္းခ်ဳပ္ရာ ရခိုင္ျပည္နယ္ေဒသမ်ားတြင္ ေဆးဝါးျပတ္လပ္မႈျဖစ္ေနၿပီး အခ်ိန္မီ ေဆးကုသ ႏိုင္ျခင္း မရွိေသာေၾကာင့္ လမ္းတြင္ ေသဆုံးရသူမ်ား ရွိေနေၾကာင္း ေဒသခံအခ်ိဳ႕ထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ရခိုင္ျပည္နယ္ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား၊ ပုဏၰားကြၽန္း၊ ေပါက္ေတာ စသည္ျဖင့္ ၿမိဳ႕မ်ားကို AA က ထိန္းခ်ဳပ္ထားၿပီး အခ်ိဳ႕ေနရာမ်ားတြင္ တိုက္ပြဲေဖာ္ေဆာင္ေနျခင္း ျဖစ္သည္။ လတ္တေလာသိရေသာ အေျခအေနမ်ားအရ AA ထိန္းခ်ဳပ္ရာေဒသအတြင္း ကုန္ေဈးႏႈန္းႀကီးျမင့္မႈ ဒဏ္ကို လည္း ရင္ဆိုင္ေနရၿပီး အျခားျပတ္လပ္မႈမ်ား ျဖစ္ေပၚေနရာတြင္ ေဆးဝါးျပတ္လပ္မႈမွာမူ အဆိုး႐ြားဆုံး အေျခအေနတစ္ခု ျဖစ္ေနသည္။

ထို႔ျပင္ ေဆးဝါးျပတ္လပ္သည္ထက္ ပိုမိုဆိုး႐ြားေသာ အေျခအေနတစ္ခုမွာ ေဆးဝါးေဈးႏႈန္း ႀကီးျမင့္ ျခင္းျဖစ္ၿပီး အဆိုပါ အခ်က္ႏွစ္ခ်က္က မက်န္းမာသူမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ နာတာရွည္ လူမမာမ်ားအတြက္ စိုးရိမ္ဖြယ္ ျဖစ္ေနသည္။

"က်န္းမာေရးမေကာင္းတဲ့အခ်ိန္၊ ေငြေၾကးမ တတ္ႏိုင္တဲ့အတြက္ ေသဆုံးသြားၾကတဲ့သူေတြ ရွိတာေပါ့။ အမ်ားႀကီးပါပဲ။ အဲဒါက ရခိုင္ျပည္ နယ္ ေတာင္ပိုင္းမွာတင္မဟုတ္ဘူး၊ ရခိုင္ေျမာက္ပိုင္းမွာလည္း ရွိပါ တယ္။ ေလယာဥ္လက္မွတ္ေဈးႏႈန္း (၁၀)သိန္း ေလာက္အထိ တက္သြားေတာ့ ရန္ကုန္ကိုမလာႏိုင္ ေတာ့လို႔ ေနာက္ၿပီးေတာ့ ကုန္းလမ္းမေပါက္ေတာ့လို႔ ေရလမ္းကေနသြားတာတို႔၊ ေနာက္ လူတခ်ိဳ႕တို႔က် ေတာ့ ဒီဘက္ကအဆင္မေျပေတာ့လို႔ အမ္းတို႔၊ မင္းဘူးတို႔ ဘက္ကေနဆင္းတာမ်ိဳးတို႔။ လူဟာအဲဒီ ခရီးလမ္းမွာတင္ ပင္ပန္းၿပီးေတာ့ ေရာဂါအခံႀကီးနဲ႔ အမ္းမွာတင္ ဆုံးသြားတယ္၊ မင္းဘူးမွာတင္ ဆုံးသြားတယ္၊ ငဖဲမွာဆုံးသြားတယ္ဆိုတာေတြလည္း ကြၽန္ ေတာ္တို႔ လမ္းမွာၾကားရပါတယ္။ တခ်ိဳ႕ေတြ က်ေတာ့လည္း ပိုက္ဆံမတတ္ႏိုင္ဘူး၊ ေဆးကလည္း ျပတ္လာတယ္"ဟု လက္ရွိေဒသခံမ်ား ႀကဳံေနရေသာ အေျခအေနကို ၎က ရွင္းျပသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္၌ ေဆးဝါး ျပတ္လပ္ မႈ အေျခအေနတစ္ခုကိုသာ မီးေမာင္းထိုးေျပာျပျခင္းျဖစ္ၿပီး မၾကာမီကာလတြင္ ကုန္ေဈးႏႈန္း ႀကီးျမင့္ျခင္းႏွင့္အတူ ယခုထက္ေဆးဝါးျပတ္လပ္ဖြယ္ရွိေၾကာင္း လည္း ၎က ဆိုသည္။ "ဒီလိုေနရသူေတြက ေဆးျပတ္လပ္မႈဒဏ္ေတြကို ခ်က္ခ်င္းႀကီးမွ မသိရဘူး။ ဒါေပမဲ့ ၆ လ နဲ႔ ၁ ႏွစ္မွာ ဆက္႐ိုက္ခတ္မႈျပင္းလာမယ္"ဟု ၎က သုံးသပ္သည္။

ထို႔ျပင္ လတ္တေလာ အေျခအေနအရ AA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ လူအမ်ား၏ စီးပြားေရး အဆင္မေျပျခင္းႏွင့္အတူ ခိုးဆိုးလုယက္ျခင္းမ်ား လည္း ေပါမ်ားလာၿပီး အမ်ိဳးသမီးငယ္မ်ား အဓမၼအက်င့္ခံရသည့္ ျဖစ္စဥ္မ်ားလည္းရွိေနကာ တရားစီရင္ေရး အားနည္းေနသည့္ အေနအထားလည္း ျဖစ္ေၾကာင္း ၎ကဆိုသည္။

"တခ်ိဳ႕ေတြဆိုရင္ အိမ္မွာရွိတဲ့ညီမတို႔၊ သမီးတို႔ ေလာက္ျဖစ္ျဖစ္ေပါ့ ဘယ္သူကတက္လာၿပီးေတာ့ Rape လုပ္သြားလည္းမသိဘူးေပါ့ေနာ္။ သိလည္း ဘယ္သူ႔ကိုမွ အေရးယူလို႔ မရဘူး။ ကြၽန္ေတာ္ေျပာတာ သတ္တဲ့အမႈေတြေရာ၊ ဘယ္သူမွလက္သည္ မေပၚဘူး" ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.