ဗဟိုဘဏ်မှ တစ်ဒေါ်လာ(၃၄၀၀)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာသန်း (၁၀၀)နီးပါးကို ဩဂုတ်လ တတိယပတ်တွင် ရောင်းချထား
4739
ယွန်း (NP News) - သြဂုတ် ၂၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာသန်း(၁၀၀)နီးပါးကို ဩဂုတ်လ တတိယပတ်တွင် ရောင်းချထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာသန်း(၁၀၀) ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် သြဂုတ်လ(၁၅)ရက်တွင် ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ်(၃၄၀၀)နှုန်းဖြင့် ဒေါ်လာ(၉၄၉၈၆၀၇ ဒသမ ၂၄) သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သြဂုတ်လ(၁၉)ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ်(၃၄၁၀)နှုန်းဖြင့် ဒေါ်လာ(၈၉၉၇၅၃၅၀ ဒသမ ၇၆) သန်းကိုလည်း ထပ်မံရောင်းချခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်၌ အဆိုပါ နှစ်ရက်တွင် တစ်ဒေါ်လာလျှင် (၃၄၀၀)ကျပ်ဖြင့် အမေရိကန်ဒေါ်လာ(၉၉၄၇၃၉၅၈) သန်း ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်၏ စာရင်းဇယားများသိရသည်။
“ဒီလိုမျိုး CBM website data အရ နှစ်ရက်ပေါင်း CBM sold amount က USD 100 million ဝန်းကျင် ရှိပါပြီ”ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ ဦးမင်းဟန်စိုးက ပြောသည်။
အလားတူ ဗဟိုဘဏ်၏ FX Market Online Trading Platform Data အရ သြဂုတ်လ(၁၅)ရက်တွင် တရုတ်ယွမ်ငွေ (၃) သန်းကိုလည်း ရောင်းချပေးခဲ့ ကြောင်း အချက်အလက်များအရ သိရသည်။
ထို့ပြင် ဗဟိုဘဏ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီ၊ စားသုံးဆီ နှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၅)သန်း နှင့် တရုတ်ယွမ် (၅)သန်းတို့ကို ရောင်းချပေးခဲ့သည်။
zawgyi version
ဗဟိုဘဏ္မွ တစ္ေဒၚလာ(၃၄၀၀)က်ပ္ႏႈန္းျဖင့္ အေမရိကန္ေဒၚလာသန္း (၁၀၀)နီးပါးကို ဩဂုတ္လ တတိယပတ္တြင္ ေရာင္းခ်ထား
ယြန္း (NP News) - ၾသဂုတ္ ၂၀
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ အေမရိကန္ေဒၚလာသန္း(၁၀၀)နီးပါးကို ဩဂုတ္လ တတိယပတ္တြင္ ေရာင္းခ်ထားေၾကာင္း ဗဟိုဘဏ္က ထုတ္ျပန္သည့္ စာရင္းဇယားမ်ားအရ သိရသည္။
ဗဟိုဘဏ္က ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ စက္သုံးဆီလုပ္ငန္းရွင္မ်ားအား အေမရိကန္ေဒၚလာသန္း(၁၀၀) ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ၾသဂုတ္လ (၁၄) ရက္တြင္ အသိေပးထုတ္ျပန္ခဲ့သည္။
ထိုသို႔ ထုတ္ျပန္ၿပီးေနာက္ ၾသဂုတ္လ(၁၅)ရက္တြင္ ဗဟိုဘဏ္က အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္(၃၄၀၀)ႏႈန္းျဖင့္ ေဒၚလာ(၉၄၉၈၆၀၇ ဒသမ ၂၄) သန္း ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၾသဂုတ္လ(၁၉)ရက္တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္(၃၄၁၀)ႏႈန္းျဖင့္ ေဒၚလာ(၈၉၉၇၅၃၅၀ ဒသမ ၇၆) သန္းကိုလည္း ထပ္မံေရာင္းခ်ခဲ့ေၾကာင္း သိရသည္။
သို႔ျဖစ္၍ ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္၌ အဆိုပါ ႏွစ္ရက္တြင္ တစ္ေဒၚလာလွ်င္ (၃၄၀၀)က်ပ္ျဖင့္ အေမရိကန္ေဒၚလာ(၉၉၄၇၃၉၅၈) သန္း ေရာင္းခ်ေပးခဲ့ေၾကာင္း ဗဟိုဘဏ္၏ စာရင္းဇယားမ်ားသိရသည္။
“ဒီလိုမ်ိဳး CBM website data အရ ႏွစ္ရက္ေပါင္း CBM sold amount က USD 100 million ဝန္းက်င္ ရွိပါၿပီ”ဟု ဗဟိုဘဏ္မွ တာဝန္ရွိသူ ဦးမင္းဟန္စိုးက ေျပာသည္။
အလားတူ ဗဟိုဘဏ္၏ FX Market Online Trading Platform Data အရ ၾသဂုတ္လ(၁၅)ရက္တြင္ တ႐ုတ္ယြမ္ေငြ (၃) သန္းကိုလည္း ေရာင္းခ်ေပးခဲ့ ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ ဗဟိုဘဏ္မွ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းကလည္း ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ စက္သုံးဆီ၊ စားသုံးဆီ ႏွင့္ ေဆးဝါးက႑မ်ားအတြက္ FX Trading Platform မွတစ္ဆင့္ အေမရိကန္ေဒၚလာ (၅)သန္း ႏွင့္ တ႐ုတ္ယြမ္ (၅)သန္းတို႔ကို ေရာင္းခ်ေပးခဲ့သည္။