ဒေါ်လာဈေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ပို့ကုန်ရငွေရာနှုန်းပြည့်ဖြေလျှော့ပေးရန် လိုအပ်
2391
ယွန်း (NP News) - ဩဂုတ် ၂၁
ပို့ကုန်ရငွေကို (၁၀ဝ)ရာခိုင်နှုန်းဖြေလျှော့ ပေးမည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ပြီး ဒေါ်လာဈေးမြင့်တက်မှုများကို ဖြေလျှော့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က NP News ကတစ်ဆင့် အကြံပြုပြောကြားသည်။
ပို့ကုန်ရငွေပမာဏ၏ (၃၅) ရာခိုင်နှုန်းအစား (၂၅)ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်သည် ပို့ကုန်လုပ်ငန်းရှင်များအတွက် ကြီးမားသည့်ပြောင်းလဲမှုမျိုးမရှိနိုင်ကြောင်းသိရပြီး ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာနိုင်ရေးအတွက် (၁၀ဝ) ရာခိုင်နှုန်းဖြေလျှော့ခွင့်ပေးရန်လို အပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
‘‘အခု ဒီလက ဒေါ်လာဈေးတွေက အရမ်းတက်နေတယ်။ အခုလပိုင်းမှာဆိုရင် နိုင်ငံခြား ကျောင်းလခတွေ သွင်းရတာရှိတယ်။ ကျောင်းအပ်ခတွေကလည်း ဒေါ်လာနဲ့သွင်းရတယ်။ ဒေါ်လာလိုအပ်ချက်ကလည်း အရမ်းများ တယ်။ ပို့ကုန် လုပ်ငန်းရှင်ကို (၁၀)ရာခိုင်နှုန်းလောက်လျှော့လိုက်တာတော့ ပြောင်းလဲမှုသိပ်မရှိဘူး။ အကျိုးတော့နည်းနည်းရှိတာပေါ့။ (၁၀ဝ)ရာခိုင် နှုန်းလုံးပြန်ပေးရမှာ။ ပြန်မပေးရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ထပ်ဝင်မလာနိုင်ဘူး။ ဒီလိုနိုင်ငံရေးအခြေအနေမျိုးမှာ နိုင်ငံခြားသားတွေအတွက်လည်း ဆွဲဆောင်မှုမရှိဘူးဆိုရင် ဒေါ်လာကဝင်လာစရာအကြောင်းမရှိဘူး။ ကိုယ့်ပိုက် ဆံတောင် (၂၅) ရာခိုင်နှုန်း လွတ်လွတ်လပ်လပ် သုံးလို့ မရဘူးဆိုရင် ဘယ်ရင်းနှီးမြှုပ်နှံမှုမှ လာမှာမဟုတ်ဘူး’’ဟု ပြည်တွင်းရှိစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက အကြံပြုထားသည်။
ထိုသို့ ဖြေလျှော့လိုက်မည်ဆိုပါက ဒေါ်လာဈေး မြင့်တက်မှုများကိုလည်း အထိုက်အလျောက် ထိန်းချုပ်နိုင်မည့် အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် နိုင်ငံတော်အနေဖြင့် တရားဝင် ပါမစ်များကိုလည်း ပြန်ပေးရန်လိုအပ်ပြီး ပြည်တွင်းရှိစီးပွားရေးကို လုပ်သာကိုင်သာရှိသည့် အနေအထားသို့ရောက်ရှိအောင် ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
‘‘နယ်စပ်တွေကလည်း မတည်ငြိမ်တော့ Import တွေကလည်းမရှိတော့ဘူး။ ပြည်တွင်းမှာလည်း စားသောက် ထုတ်ကုန်က စိုက်ပျိုးရတဲ့နေရာ ဒေသတွေက တိုက်ပွဲတွေဖြစ်နေတယ်။ မတည်မငြိမ်တွေဖြစ်နေတော့ အဓိကကလည်း ရေလမ်းကနေ ကုန်သွယ်မှုတွေဖွင့်မှအဆင်ပြေလိမ့်မယ်။ ဖွင့်ဖို့ဆိုတာကလည်း တရားဝင်ပါမစ်တွေပြန်ပေး ဖို့လိုတယ်။ လွတ်လွတ်လပ်လပ်ပြန်ပေးမယ်ဆိုရင် အပြိုင်အဆိုင်နဲ့ ဈေးတွေက အကုန်ပြန်ကျလာမှာ။ စီးပွားရေးကို လုပ်သာ ကိုင်သာရှိအောင် ပြန်ဖွင့်ပေး ဖို့ပဲလိုတာ။ ဖွင့်လိုက်လို့ ဒေါ်လာဈေးတက်သွားမယ် မထင်နဲ့။ နိုင်ငံခြားမှာရှိတဲ့ပိုက်ဆံ တွေပြန်ရောက် လာမှာ’’ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုထား သည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇူလိုင်လအတွင်း၌ ပို့ကုန်ရငွေပမာဏ၏ (၅၀) ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းဖြင့် ကျပ်ငွေလဲလှယ်ရန် အမိန့် ကြေညာစာထုတ်ပြန်ခဲ့ဖူးသည်။
ထို့နောက် ဒီဇင်ဘာလတွင်လည်း ပို့ကုန်တင် ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ (၃၅)ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် အမိန့်ကြေညာစာ ထပ်မံ ထုတ်ပြန်ကာ ဖြေလျှော့ပေးခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်အတွင်း ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ (၆၅)ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ဖူးသည်။
zawgyi version
ေဒၚလာေဈးႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ပို႔ကုန္ရေငြရာႏႈန္းျပည့္ေျဖေလွ်ာ့ေပးရန္ လိုအပ္
ယြန္း (NP News) - ဩဂုတ္ ၂၁
ပို႔ကုန္ရေငြကို (၁၀ဝ)ရာခိုင္ႏႈန္းေျဖေလွ်ာ့ ေပးမည္ဆိုပါက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္လာႏိုင္ၿပီး ေဒၚလာေဈးျမင့္တက္မႈမ်ားကို ေျဖေလွ်ာ့ႏိုင္မည္ျဖစ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က NP News ကတစ္ဆင့္ အႀကံျပဳေျပာၾကားသည္။
ပို႔ကုန္ရေငြပမာဏ၏ (၃၅) ရာခိုင္ႏႈန္းအစား (၂၅)ရာခိုင္ႏႈန္းကိုသာ ျမန္မာက်ပ္ေငြျဖင့္လဲလွယ္ရန္ ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ခဲ့သည္။ အဆိုပါထုတ္ျပန္ခ်က္သည္ ပို႔ကုန္လုပ္ငန္းရွင္မ်ားအတြက္ ႀကီးမားသည့္ေျပာင္းလဲမႈမ်ိဳးမရွိႏိုင္ေၾကာင္းသိရၿပီး ျပည္တြင္းသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားဝင္ေရာက္လာႏိုင္ေရးအတြက္ (၁၀ဝ) ရာခိုင္ႏႈန္းေျဖေလွ်ာ့ခြင့္ေပးရန္လို အပ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။
‘‘အခု ဒီလက ေဒၚလာေဈးေတြက အရမ္းတက္ေနတယ္။ အခုလပိုင္းမွာဆိုရင္ ႏိုင္ငံျခား ေက်ာင္းလခေတြ သြင္းရတာရွိတယ္။ ေက်ာင္းအပ္ခေတြကလည္း ေဒၚလာနဲ႔သြင္းရတယ္။ ေဒၚလာလိုအပ္ခ်က္ကလည္း အရမ္းမ်ား တယ္။ ပို႔ကုန္ လုပ္ငန္းရွင္ကို (၁၀)ရာခိုင္ႏႈန္းေလာက္ေလွ်ာ့လိုက္တာေတာ့ ေျပာင္းလဲမႈသိပ္မရွိဘူး။ အက်ိဳးေတာ့နည္းနည္းရွိတာေပါ့။ (၁၀ဝ)ရာခိုင္ ႏႈန္းလုံးျပန္ေပးရမွာ။ ျပန္မေပးရင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြလည္း ထပ္ဝင္မလာႏိုင္ဘူး။ ဒီလိုႏိုင္ငံေရးအေျခအေနမ်ိဳးမွာ ႏိုင္ငံျခားသားေတြအတြက္လည္း ဆြဲေဆာင္မႈမရွိဘူးဆိုရင္ ေဒၚလာကဝင္လာစရာအေၾကာင္းမရွိဘူး။ ကိုယ့္ပိုက္ ဆံေတာင္ (၂၅) ရာခိုင္ႏႈန္း လြတ္လြတ္လပ္လပ္ သုံးလို႔ မရဘူးဆိုရင္ ဘယ္ရင္းႏွီးျမႇဳပ္ႏွံမႈမွ လာမွာမဟုတ္ဘူး’’ဟု ျပည္တြင္းရွိစီးပြားေရး လုပ္ငန္းရွင္တစ္ဦးက အႀကံျပဳထားသည္။
ထိုသို႔ ေျဖေလွ်ာ့လိုက္မည္ဆိုပါက ေဒၚလာေဈး ျမင့္တက္မႈမ်ားကိုလည္း အထိုက္အေလ်ာက္ ထိန္းခ်ဳပ္ႏိုင္မည့္ အျပင္ အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ရရွိႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ႏိုင္ငံေတာ္အေနျဖင့္ တရားဝင္ ပါမစ္မ်ားကိုလည္း ျပန္ေပးရန္လိုအပ္ၿပီး ျပည္တြင္းရွိစီးပြားေရးကို လုပ္သာကိုင္သာရွိသည့္ အေနအထားသို႔ေရာက္ရွိေအာင္ ေဆာင္႐ြက္ေပးသင့္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။
‘‘နယ္စပ္ေတြကလည္း မတည္ၿငိမ္ေတာ့ Import ေတြကလည္းမရွိေတာ့ဘူး။ ျပည္တြင္းမွာလည္း စားေသာက္ ထုတ္ကုန္က စိုက္ပ်ိဳးရတဲ့ေနရာ ေဒသေတြက တိုက္ပြဲေတြျဖစ္ေနတယ္။ မတည္မၿငိမ္ေတြျဖစ္ေနေတာ့ အဓိကကလည္း ေရလမ္းကေန ကုန္သြယ္မႈေတြဖြင့္မွအဆင္ေျပလိမ့္မယ္။ ဖြင့္ဖို႔ဆိုတာကလည္း တရားဝင္ပါမစ္ေတြျပန္ေပး ဖို႔လိုတယ္။ လြတ္လြတ္လပ္လပ္ျပန္ေပးမယ္ဆိုရင္ အၿပိဳင္အဆိုင္နဲ႔ ေဈးေတြက အကုန္ျပန္က်လာမွာ။ စီးပြားေရးကို လုပ္သာ ကိုင္သာရွိေအာင္ ျပန္ဖြင့္ေပး ဖို႔ပဲလိုတာ။ ဖြင့္လိုက္လို႔ ေဒၚလာေဈးတက္သြားမယ္ မထင္နဲ႔။ ႏိုင္ငံျခားမွာရွိတဲ့ပိုက္ဆံ ေတြျပန္ေရာက္ လာမွာ’’ဟု အျခားစီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုထား သည္။
ဗဟိုဘဏ္အေနျဖင့္ ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္ ဇူလိုင္လအတြင္း၌ ပို႔ကုန္ရေငြပမာဏ၏ (၅၀) ရာခိုင္ႏႈန္းကိုသာ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ သတ္မွတ္ေဈးႏႈန္းျဖင့္ က်ပ္ေငြလဲလွယ္ရန္ အမိန႔္ ေၾကညာစာထုတ္ျပန္ခဲ့ဖူးသည္။
ထို႔ေနာက္ ဒီဇင္ဘာလတြင္လည္း ပို႔ကုန္တင္ ပို႔သူမ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းမွရရွိသည့္ ပို႔ကုန္ရေငြ ပမာဏ၏ (၃၅)ရာခိုင္ႏႈန္းကို ဗဟိုဘဏ္ သတ္မွတ္ေဈးႏႈန္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ရန္ အမိန႔္ေၾကညာစာ ထပ္မံ ထုတ္ျပန္ကာ ေျဖေလွ်ာ့ေပးခဲ့ဖူးသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္အတြင္း ပို႔ကုန္တင္ပို႔သူမ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းမွ ရရွိသည့္ ပို႔ကုန္ရေငြ ပမာဏ၏ (၆၅)ရာခိုင္ႏႈန္းကို ဗဟိုဘဏ္သတ္မွတ္ေဈးႏႈန္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ရမည္ဟု အမိန႔္ေၾကညာစာ ထုတ္ျပန္ခဲ့ဖူးသည္။