စိတ္တဂုတ်ဂူရှိ ပုဂံခေတ်နှောင်း၊ မြင်စိုင်းခေတ်အစ နံရံဆေးရေးပန်းချီများ ပျက်စီးထိခိုက်မှုရှိနေသောကြောင့် ထိန်းသိမ်းသင့်ကြောင်း ဒေသခံတစ်ဦး အကြံပြု
466
စော (NP News) - ဩဂုတ် ၂၂
ကျောက်မိုင်းခွဲမှုများကြောင့် တုန်ခါသည့်အတွက် စိတ္တဂုတ်ဂူရှိ ပုဂံ ခေတ်နှောင်း၊ မြင်စိုင်းခေတ် အစ နံရံဆေးရေးပန်းချီများ ပျက်စီးထိခိုက်မှုရှိနေ သောကြောင့် အမြန်ဆုံးထိန်းသိမ်းစေလိုကြောင်း ဒေသခံတစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြောကြားထားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက မြင်စိုင်းဒေသရှိ စိတ္တဂုတ်ဂူတွင် ကွဲအက်နေသော အက်ကြောင်းများကို ပြီးခဲ့သည့်နှစ်ပိုင်းများက ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားကြောင်း ၎င်းကပြောသည်။
"အဲဒီဂူတွေဆိုတာ နှစ်ပေါင်းက (၆၀ဝ)ဝန်းကျင်ရှိနေတဲ့ အနေအထားမှာ အဲဒီမိုင်းခွဲလို့တုန်တဲ့အတွက်ကြောင့်မို့လို့ မြေသားအင်္ဂတေတွေပဲ့ကျပြီး တော့ ပန်းချီတွေလည်း ပြုတ်ကျကုန်တာ၊ အဲဒီတော့ ဟိုတစ်လောက ဒီမလာခင်မှာ (၆)လ ပိုင်းလောက်က ကျွန်တော်တို့ သေချာထပ်ဝင်တဲ့အခါမှာ ဒီအနောက် ဘက်က ဂူတွေမှာရော၊ အရှေ့ဘက်က ဂူမှာရော ရှိတဲ့ နံရံဆေးရေးပန်းချီတွေက အပ်ကြောင်းတွေထပ်ပြီး တော့ ထပ်ပြုတ်ကျကုန်တာတွေ့ရတယ်။ ဆိုလိုချင်တာက ပယင်းဂူလို့ခေါ်တဲ့ဂူဆိုရင် ဂူကလေးလုံးရှိတာ သုံးလုံးကပြိုကျသွားပြီ။ အခုစိတ္တဂုတ် ကလည်း အက်ကြောင်းထပ်နေတဲ့အခါကျတော့ စိတ္တဂုတ်ဆိုရင် မြင်းစိုင်းရဲ့နာမည်ကြီးဂူတစ်ခုပေါ့။ ဒါပေမဲ့ ဒီလိုမျိုး မိုင်းခွဲနေတဲ့အတွက်ကြောင့်မို့လို့ နံရံဆေးရေး ပန်းချီတွေလည်း ပြုတ်ကျနေပြီအပေါ်မှာရှိတဲ့ အင်္ဂတေမြေသားတွေလည်း ပဲ့ကျနေပြီ၊ ကြာရင် ဂူပါအန္တရာယ်ရှိလာနိုင်တယ်"ဟု ၎င်းကပြောသည်။
မြင်စိုင်းဒေသသည် လိုဏ်ဂူပေါသော အရပ် ဖြစ်ကာ ကျောက်မိုင်းခွဲခြင်းများအပြင် ရာသီဥတု အခြေအနေများကြောင့် ဂူပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် သမိုင်းဝင် စိတ္တဂုတ် ဂူကိုလည်း စိုးရိမ်နေခြင်းဖြစ်သည်။
"တုန်ခါမှုတွေ တဖြည်းဖြည်းများလာတဲ့အခါမှာ ဂူတွေပြိုတဲ့သာဓကတွေရှိတယ်ပေါ့နော်။ အရင်က လည်း ဂူတွေပြိုဖူးတယ်။ ခုစိတ္တဂုတ်ဂူကလည်း အခုလိုမျိုးပဲသွားမှာ။ အဲဒီအခါကျတော့ အဲဒီလိုမျိုး မဖြစ်အောင် ကျွန်တော်အနေနဲ့ သိသင့်တဲ့လူတွေ သိစေချင်တယ်။ ထိန်းသိမ်းမယ်ဆိုရင်လည်း မြန်မြန် ထိန်းသိမ်းစေချင်တယ်။ ကျွန်တော်တို့မှာကျတော့ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသကို ချစ်လွန်းလို့သာ ရှေးဟောင်းဒေသတွေကို ထိန်းသိမ်းစေချင်တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။ စိတ္တဂုတ်ဂူသည် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် မြင်စိုင်းဒေသတွင် တည်ရှိသည်။
zawgyi version
စိတၱဂုတ္ဂူရွိ ပုဂံေခတ္ေႏွာင္း၊ ျမင္စိုင္းေခတ္အစ နံရံေဆးေရးပန္းခ်ီမ်ား ပ်က္စီးထိခိုက္မႈရွိေနေသာေၾကာင့္ ထိန္းသိမ္းသင့္ေၾကာင္း ေဒသခံတစ္ဦေး အႀကံျပဳ
ေစာ (NP News) - ဩဂုတ္ ၂၂
ေက်ာက္မိုင္းခြဲမႈမ်ားေၾကာင့္ တုန္ခါသည့္အတြက္ စိတၱဂုတ္ဂူရွိ ပုဂံ ေခတ္ေႏွာင္း၊ ျမင္စိုင္းေခတ္ အစ နံရံေဆးေရးပန္းခ်ီမ်ား ပ်က္စီးထိခိုက္မႈရွိေန ေသာေၾကာင့္ အျမန္ဆုံးထိန္းသိမ္းေစလိုေၾကာင္း ေဒသခံတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကားထားသည္။
သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန၊ ေရွး ေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ျမင္စိုင္းေဒသရွိ စိတၱဂုတ္ဂူတြင္ ကြဲအက္ေနေသာ အက္ေၾကာင္းမ်ားကို ၿပီးခဲ့သည့္ႏွစ္ပိုင္းမ်ားက ျပဳျပင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ထားေၾကာင္း ၎ကေျပာသည္။
"အဲဒီဂူေတြဆိုတာ ႏွစ္ေပါင္းက (၆၀ဝ)ဝန္းက်င္ရွိေနတဲ့ အေနအထားမွာ အဲဒီမိုင္းခြဲလို႔တုန္တဲ့အတြက္ေၾကာင့္မို႔လို႔ ေျမသားအဂၤေတေတြပဲ့က်ၿပီး ေတာ့ ပန္းခ်ီေတြလည္း ျပဳတ္က်ကုန္တာ၊ အဲဒီေတာ့ ဟိုတစ္ေလာက ဒီမလာခင္မွာ (၆)လ ပိုင္းေလာက္က ကြၽန္ေတာ္တို႔ ေသခ်ာထပ္ဝင္တဲ့အခါမွာ ဒီအေနာက္ ဘက္က ဂူေတြမွာေရာ၊ အေရွ႕ဘက္က ဂူမွာေရာ ရွိတဲ့ နံရံေဆးေရးပန္းခ်ီေတြက အပ္ေၾကာင္းေတြထပ္ၿပီး ေတာ့ ထပ္ျပဳတ္က်ကုန္တာေတြ႕ရတယ္။ ဆိုလိုခ်င္တာက ပယင္းဂူလို႔ေခၚတဲ့ဂူဆိုရင္ ဂူကေလးလုံးရွိတာ သုံးလုံးကၿပိဳက်သြားၿပီ။ အခုစိတၱဂုတ္ ကလည္း အက္ေၾကာင္းထပ္ေနတဲ့အခါက်ေတာ့ စိတၱဂုတ္ဆိုရင္ ျမင္းစိုင္းရဲ႕နာမည္ႀကီးဂူတစ္ခုေပါ့။ ဒါေပမဲ့ ဒီလိုမ်ိဳး မိုင္းခြဲေနတဲ့အတြက္ေၾကာင့္မို႔လို႔ နံရံေဆးေရး ပန္းခ်ီေတြလည္း ျပဳတ္က်ေနၿပီအေပၚမွာရွိတဲ့ အဂၤေတေျမသားေတြလည္း ပဲ့က်ေနၿပီ၊ ၾကာရင္ ဂူပါအႏၲရာယ္ရွိလာႏိုင္တယ္"ဟု ၎ကေျပာသည္။
ျမင္စိုင္းေဒသသည္ လိုဏ္ဂူေပါေသာ အရပ္ ျဖစ္ကာ ေက်ာက္မိုင္းခြဲျခင္းမ်ားအျပင္ ရာသီဥတု အေျခအေနမ်ားေၾကာင့္ ဂူၿပိဳက်မႈမ်ား ျဖစ္ေပၚခဲ့သည့္ အတြက္ သမိုင္းဝင္ စိတၱဂုတ္ ဂူကိုလည္း စိုးရိမ္ေနျခင္းျဖစ္သည္။
"တုန္ခါမႈေတြ တျဖည္းျဖည္းမ်ားလာတဲ့အခါမွာ ဂူေတြၿပိဳတဲ့သာဓကေတြရွိတယ္ေပါ့ေနာ္။ အရင္က လည္း ဂူေတြၿပိဳဖူးတယ္။ ခုစိတၱဂုတ္ဂူကလည္း အခုလိုမ်ိဳးပဲသြားမွာ။ အဲဒီအခါက်ေတာ့ အဲဒီလိုမ်ိဳး မျဖစ္ေအာင္ ကြၽန္ေတာ္အေနနဲ႔ သိသင့္တဲ့လူေတြ သိေစခ်င္တယ္။ ထိန္းသိမ္းမယ္ဆိုရင္လည္း ျမန္ျမန္ ထိန္းသိမ္းေစခ်င္တယ္။ ကြၽန္ေတာ္တို႔မွာက်ေတာ့ ကိုယ့္ေျမ၊ ကိုယ့္ေရ၊ ကိုယ့္ေဒသကို ခ်စ္လြန္းလို႔သာ ေရွးေဟာင္းေဒသေတြကို ထိန္းသိမ္းေစခ်င္တယ္"ဟု ၎က ဆက္လက္ေျပာသည္။ စိတၱဂုတ္ဂူသည္ မႏၲေလးတိုင္း၊ ေက်ာက္ဆည္ၿမိဳ႕နယ္ ျမင္စိုင္းေဒသတြင္ တည္ရွိသည္။