အကြမ်းဖက်သမားများက မီးရှို့သည့်အတွက် နတ်စောင့်ဓာတ်အားခွဲရုံဝင်းရှိ နေရာအချို့မီးလောင်ရာ ကလေးငယ်(၃)ဦးအပါအဝင် လူ(၅)ဦးမီးလောင်သေဆုံး
1743
NP News - ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် အကြမ်းဖက်သမားများက မီးရှို့သည့်အတွက် နတ်စောင့်ဓာတ်အားခွဲရုံဝင်းရှိ နေရာအချို့ မီးလောင်ရာ ကလေးငယ်(၃)ဦးအပါအဝင် လူ(၅)ဦးမီးလောင်သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်၊ နံနက် ၉ နာရီခွဲအချိန်ခန့်က တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာရှိ 33/11kv, 5MVA နတ်စောင့်လျှပ်စစ်ဓာတ်အားခွဲရုံဝန်းအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားခွဲရုံကို အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ရာ ခွဲရုံဝင်းအတွင်းရှိ ကင်းစောင့်တဲများနှင့် ခွဲရုံတာဝန်ကျလုပ်သား ဦးဝင်းဇော်၏ နေအိမ်တို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် နတ်စောင့်ဓာတ်အားခွဲရုံမှာ ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း ဦးဝင်းဇော်၏ ဖခင်ဖြစ်သူ အသက်(၇၆) နှစ်အရွယ် ဦးလှထွေး၊ အဒေါ်ဖြစ်သူ အသက်(၅၂)နှစ်အရွယ် ဒေါ်ပူတူး၊ တူများဖြစ်သော အသက်(၁၁)နှစ်အရွယ် မောင်အောင်ဇာမင်း၊ အသက်(၉)နှစ်အရွယ် မောင်အောင်ဖြိုးပိုင်နှင့် အသက်(၅)နှစ်အရွယ် အောင်ခန့်ပိုင်တို့(၅)ဦးမှာ မီးလောင်သေဆုံးသွားခဲ့ပြီး အစ်မဖြစ်သူ အသက်(၄၅)နှစ်အရွယ် ဒေါ်ဇာဇာအေးနှင့် တူဖြစ်သူ အသက်(၁၆)နှစ်အရွယ် မောင်မျိုးမင်းသူတို့မှာ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးရှာဖွေလျက်ရှိကြောင်း သိရသည်။
zawgyi version
အၾကမ္းဖက္သမားမ်ားက မီးရႈိ႕သည့္အတြက္ နတ္ေစာင့္ဓာတ္အားခြဲ႐ုံဝင္းရွိ ေနရာအခ်ိဳ႕မီးေလာင္ရာ ကေလးငယ္(၃)ဦးအပါအဝင္ လူ(၅)ဦးမီးေလာင္ေသဆုံး
NP News - ဩဂုတ္ ၂၁
မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္တြင္ အၾကမ္းဖက္သမားမ်ားက မီးရႈိ႕သည့္အတြက္ နတ္ေစာင့္ဓာတ္အားခြဲ႐ုံဝင္းရွိ ေနရာအခ်ိဳ႕ မီးေလာင္ရာ ကေလးငယ္(၃)ဦးအပါအဝင္ လူ(၅)ဦးမီးေလာင္ေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၉ ရက္၊ နံနက္ ၉ နာရီခြဲအခ်ိန္ခန႔္က ေတာင္သာၿမိဳ႕နယ္၊ နတ္ေစာင့္ေက်း႐ြာရွိ 33/11kv, 5MVA နတ္ေစာင့္လွ်ပ္စစ္ဓာတ္အားခြဲ႐ုံဝန္းအတြင္းျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လွ်ပ္စစ္ဓာတ္အားခြဲ႐ုံကို အၾကမ္းဖက္အဖြဲ႕က မီးရႈိ႕ဖ်က္ဆီးလ်က္ရွိေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား သြားေရာက္ခဲ့ရာ ခြဲ႐ုံဝင္းအတြင္းရွိ ကင္းေစာင့္တဲမ်ားႏွင့္ ခြဲ႐ုံတာဝန္က်လုပ္သား ဦးဝင္းေဇာ္၏ ေနအိမ္တို႔ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း သိရသည္။
ထိုသို႔ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ နတ္ေစာင့္ဓာတ္အားခြဲ႐ုံမွာ ထိခိုက္ပ်က္စီးမႈမရွိခဲ့ေသာ္လည္း ဦးဝင္းေဇာ္၏ ဖခင္ျဖစ္သူ အသက္(၇၆) ႏွစ္အ႐ြယ္ ဦးလွေထြး၊ အေဒၚျဖစ္သူ အသက္(၅၂)ႏွစ္အ႐ြယ္ ေဒၚပူတူး၊ တူမ်ားျဖစ္ေသာ အသက္(၁၁)ႏွစ္အ႐ြယ္ ေမာင္ေအာင္ဇာမင္း၊ အသက္(၉)ႏွစ္အ႐ြယ္ ေမာင္ေအာင္ၿဖိဳးပိုင္ႏွင့္ အသက္(၅)ႏွစ္အ႐ြယ္ ေအာင္ခန႔္ပိုင္တို႔(၅)ဦးမွာ မီးေလာင္ေသဆုံးသြားခဲ့ၿပီး အစ္မျဖစ္သူ အသက္(၄၅)ႏွစ္အ႐ြယ္ ေဒၚဇာဇာေအးႏွင့္ တူျဖစ္သူ အသက္(၁၆)ႏွစ္အ႐ြယ္ ေမာင္မ်ိဳးမင္းသူတို႔မွာ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးရွာေဖြလ်က္ရွိေၾကာင္း သိရသည္။