Google Cloud ဒါရိုက်တာအရက်သေစာသောက်စားရင်း ယာဉ်မောင်းနှင်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံရ

 138

ရောင်နီ (NP News) - သြဂုတ် ၂၂

စင်ကာပူမှာ Google Cloud ဒါရိုက်တာတစ်ဦးဟာ မတ်လက တရားလွှတ်တော်ချုပ်အနီး အရက်မူးပြီး ယာဉ်မောင်း နှင်ရင်း အရှိန်မထိန်းနိုင်ပဲ ရုံးရဲ့ဆိုင်းဘုတ်ကို ထိခိုက်စေမှုနဲ့ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၁ ရက်) က ထောင်ဒဏ် နဲ့ ဒဏ်ငွေ များ ချမှတ်ခံခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံသား ဂျိုနသန် ဒေးဗစ်ရိစ် အမည်ရှိ Google Cloud ဒါရိုက်တာဟာ ထောင်ဒဏ် နှစ်ပတ်၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၇,၀၀၀ ချမှတ်ခံရပြီး စင်ကာပူမှာ မော်တော်ယာဥ် မောင်းနှင်ခွင့်လည်း ၄၂ လ ကြာ ပိတ်ခံလိုက်ရ ပါတယ်။ ဒေးဗစ်ရီးစ်ကလည်း အရက်သောက်ပြီး မောင်းနှင်မှု၊ လမ်းစည်းကမ်း အက်ဥပဒေကို ဂရုမစိုက်ဘဲ မောင်းနှင်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
ဒေးဗစ်ရီးစ်ဟာ မတ် ၂၂ ရက် ညက ရော်ဘင်ဆန်လမ်းရှိ ဘားတစ်ခုမှာ သူငယ်ချင်းတစ်စုနဲ့အတူတွေ့ဆုံခဲ့ပြီး လာဂါ ဘီယာ လေး၊ ငါးဗူး သောက်ပြီးနောက် ကားမောင်းခဲ့ပါတယ်။ အဲဒီနောက် တရားရုံးချုပ်လမ်းကြားကို ကွေ့ဝင် လိုက်ချိန်မှာ အချိန်မထိန်းနိုင်ပဲ တရားရုံးချုပ်အပြင်ဘက် လူကူးမျဉ်းကျားဘေးရှိ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို တည့်တည့်ဝင်တိုက်မိခဲ့ပါတယ်။

ဒါကြောင့် လမ်းညွှန်ဆိုင်းဘုတ်လည်း ကွဲသွားခဲ့သလို သူစီးလာတဲ့ယာဉ်ဟာလည်း ညာဘက် တာယာနှစ်ခုစလုံး ကွဲအက်သွားခဲ့တယ်လို့ အစိုးရရှေ့နေရဲ့ပြောကြားချက်အရ သိရပါတယ်။
စင်ကာပူမှာ ယာဉ်တိုက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ အရက်သောက်ပြီး ကားမောင်းခြင်းကို ပြင်းပြင်းထန်ထန် အရေးယူ လေ့ရှိပါတယ်။

Zawgyi Version;
Google Cloud ဒါ႐ိုက္တာအရက္ေသစာေသာက္စားရင္း ယာဥ္ေမာင္းႏွင္မႈေၾကာင့္ ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၂

စင္ကာပူမွာ Google Cloud ဒါ႐ိုက္တာတစ္ဦးဟာ မတ္လက တရားလႊတ္ေတာ္ခ်ဳပ္အနီး အရက္မူးၿပီး ယာဥ္ေမာင္း ႏွင္ရင္း အရွိန္မထိန္းႏိုင္ပဲ ႐ုံးရဲ႕ဆိုင္းဘုတ္ကို ထိခိုက္ေစမႈနဲ႔ ဗုဒၶဟူးေန႔ (ၾသဂုတ္ ၂၁ ရက္) က ေထာင္ဒဏ္ နဲ႔ ဒဏ္ေငြ မ်ား ခ်မွတ္ခံခဲ့ရပါတယ္။

ၾသစေၾတးလ်ႏိုင္ငံသား ဂ်ိဳနသန္ ေဒးဗစ္ရိစ္ အမည္ရွိ Google Cloud ဒါ႐ိုက္တာဟာ ေထာင္ဒဏ္ ႏွစ္ပတ္၊ ဒဏ္ေငြ စင္ကာပူေဒၚလာ ၇,၀၀၀ ခ်မွတ္ခံရၿပီး စင္ကာပူမွာ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္ခြင့္လည္း ၄၂ လ ၾကာ ပိတ္ခံလိုက္ရ ပါတယ္။ ေဒးဗစ္ရီးစ္ကလည္း အရက္ေသာက္ၿပီး ေမာင္းႏွင္မႈ၊ လမ္းစည္းကမ္း အက္ဥပေဒကို ဂ႐ုမစိုက္ဘဲ ေမာင္းႏွင္မႈနဲ႔ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။
ေဒးဗစ္ရီးစ္ဟာ မတ္ ၂၂ ရက္ ညက ေရာ္ဘင္ဆန္လမ္းရွိ ဘားတစ္ခုမွာ သူငယ္ခ်င္းတစ္စုနဲ႔အတူေတြ႕ဆုံခဲ့ၿပီး လာဂါ ဘီယာ ေလး၊ ငါးဗူး ေသာက္ၿပီးေနာက္ ကားေမာင္းခဲ့ပါတယ္။ အဲဒီေနာက္ တရား႐ုံးခ်ဳပ္လမ္းၾကားကို ေကြ႕ဝင္ လိုက္ခ်ိန္မွာ အခ်ိန္မထိန္းႏိုင္ပဲ တရား႐ုံးခ်ဳပ္အျပင္ဘက္ လူကူးမ်ဥ္းက်ားေဘးရွိ လမ္းၫႊန္ဆိုင္းဘုတ္တစ္ခုကို တည့္တည့္ဝင္တိုက္မိခဲ့ပါတယ္။

ဒါေၾကာင့္ လမ္းၫႊန္ဆိုင္းဘုတ္လည္း ကြဲသြားခဲ့သလို သူစီးလာတဲ့ယာဥ္ဟာလည္း ညာဘက္ တာယာႏွစ္ခုစလုံး ကြဲအက္သြားခဲ့တယ္လို႔ အစိုးရေရွ႕ေနရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
စင္ကာပူမွာ ယာဥ္တိုက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အရက္ေသာက္ၿပီး ကားေမာင္းျခင္းကို ျပင္းျပင္းထန္ထန္ အေရးယူ ေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.