ဗြိတိန်အမျိုးသားတစ်ဦးက အမြင့်ပေ(၂)သောင်းနီးပါးရှိတဲ့ ချောက်ကမ်းပါးပေါ်ကနေ နှင်းလျှောစီးကာ ခုန်ချပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်

 482

Pika (NP News) - သြဂုတ် ၂၂

ဗြိတိန်အမျိုးသားတစ်ဦးသည် နှင်းလျှောစီးနေစဉ်အချိန်အတွင်း အမြင့်(၁၈၇၅၃)ပေရှိသော ချောက်ကမ်းပေါ်မှ ခုန်ချကာ မြေပြင်ပေါ်ကို လေထီးဖြင့်ဆင်းပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
ဂျိုရှုအာဘာ့ချ်မန်းဟု အမည်ရသော အသက်(၃၄)နှစ်အရွယ် အမျိုးသားသည် ဟိမဝန္တာတောင်တန်းရှိ Mera Peak တောင်ပေါ်တွင် အဆိုပါစတန့်ကို လုပ်ပြခဲ့ပြီးနောက် ကမ္ဘာ့အမြင့်ဆုံးနှင်းလျှောစီး ခုန်ချပြခြင်း ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂင်းနစ်စံချိန်ကိုရယူရန်အတွက် ၎င်းနှင့် ၎င်း၏အဖွဲ့တို့သည် နှင်းလျှောစီးမည့်နေရာတွင် ရှိနေသည့် အပျက်အစီးများကို ရှင်းလင်းကာ ခုန်ချရမည့်နေရာကို သေချာလေ့လာပြီး ပြင်ဆင်မှုများကို သီတင်းပတ် နှစ်ပတ်ကြာ လုပ်ဆောင်ခဲ့ရကြောင်း ဂျိုရှုအာဘာ့ချ်မန်းက ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော်ရဲ့ အိမ်မက် ကတော့ နှင်းလျှောစီးတဲ့အချိန်မှာ လှပတဲ့ပြကွက်လေးတွေနဲ့ စီးပြပြီး ချောက်ကမ်းပါးပေါ်ကနေ ခုန်ချချင်ခဲ့တာပါ။ ဒါပေမယ့် လက်တွေ့မှာကြတော့ အမြင့်မီတာ(၆၀၀၀)နီးပါးရှိတဲ့ ချောက်ကမ်းပါးက ကျောက်တုံးတွေနဲ့ပြည့်နေတဲ့ ပြေးလမ်းတစ်ခုဖြစ်နေတာမလို့ အဲဒီလိုမျိုးမစီးပြနိုင်ခဲ့ပါဘူး။ နောက်ဘက်မှာ ဧဝရတ်တောင်နဲ့ ဒီလိုစတန့်မျိုးကို လုပ်ပြရတာ တကယ်ကိုကောင်းပါတယ်” ဟု ပြောခဲ့သည်။

အဆိုပါဂင်းနစ်စံချိန်ကို ရယူရန်အတွက် ကြိုးပမ်းမှုက နီပေါနိုင်ငံတွင် လူကုန်ကူးမှုဆိုင်ရာအသိပညာများ တိုးမြင့် လာစေရန်နှင့် ပရဟိတလုပ်ငန်းအတွက် ရန်ပုံငွေရှာဖွေရန်ဖြစ်ကြောင်း ဂျိုရှုအာဘာ့ချ်မန်းက ပြောကြားခဲ့သည်။

Zawgyi Version;
ၿဗိတိန္အမ်ိဳးသားတစ္ဦးက အျမင့္ေပ(၂)ေသာင္းနီးပါးရွိတဲ့ ေခ်ာက္ကမ္းပါးေပၚကေန ႏွင္းေလွ်ာစီးကာ ခုန္ခ်ျပခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္
Pika (NP News) - ၾသဂုတ္ ၂၂

ၿဗိတိန္အမ်ိဳးသားတစ္ဦးသည္ ႏွင္းေလွ်ာစီးေနစဥ္အခ်ိန္အတြင္း အျမင့္(၁၈၇၅၃)ေပရွိေသာ ေခ်ာက္ကမ္းေပၚမွ ခုန္ခ်ကာ ေျမျပင္ေပၚကို ေလထီးျဖင့္ဆင္းျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ဂ်ိဳရႈအာဘာ့ခ်္မန္းဟု အမည္ရေသာ အသက္(၃၄)ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ ဟိမဝႏၲာေတာင္တန္းရွိ Mera Peak ေတာင္ေပၚတြင္ အဆိုပါစတန႔္ကို လုပ္ျပခဲ့ၿပီးေနာက္ ကမာၻ႔အျမင့္ဆုံးႏွင္းေလွ်ာစီး ခုန္ခ်ျပျခင္း ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဂင္းနစ္စံခ်ိန္ကိုရယူရန္အတြက္ ၎ႏွင့္ ၎၏အဖြဲ႕တို႔သည္ ႏွင္းေလွ်ာစီးမည့္ေနရာတြင္ ရွိေနသည့္ အပ်က္အစီးမ်ားကို ရွင္းလင္းကာ ခုန္ခ်ရမည့္ေနရာကို ေသခ်ာေလ့လာၿပီး ျပင္ဆင္မႈမ်ားကို သီတင္းပတ္ ႏွစ္ပတ္ၾကာ လုပ္ေဆာင္ခဲ့ရေၾကာင္း ဂ်ိဳရႈအာဘာ့ခ်္မန္းက ေျပာၾကားခဲ့သည္။ ၎က “ကြၽန္ေတာ္ရဲ႕ အိမ္မက္ ကေတာ့ ႏွင္းေလွ်ာစီးတဲ့အခ်ိန္မွာ လွပတဲ့ျပကြက္ေလးေတြနဲ႔ စီးျပၿပီး ေခ်ာက္ကမ္းပါးေပၚကေန ခုန္ခ်ခ်င္ခဲ့တာပါ။ ဒါေပမယ့္ လက္ေတြ႕မွာၾကေတာ့ အျမင့္မီတာ(၆၀၀၀)နီးပါးရွိတဲ့ ေခ်ာက္ကမ္းပါးက ေက်ာက္တုံးေတြနဲ႔ျပည့္ေနတဲ့ ေျပးလမ္းတစ္ခုျဖစ္ေနတာမလို႔ အဲဒီလိုမ်ိဳးမစီးျပႏိုင္ခဲ့ပါဘူး။ ေနာက္ဘက္မွာ ဧဝရတ္ေတာင္နဲ႔ ဒီလိုစတန႔္မ်ိဳးကို လုပ္ျပရတာ တကယ္ကိုေကာင္းပါတယ္” ဟု ေျပာခဲ့သည္။

အဆိုပါဂင္းနစ္စံခ်ိန္ကို ရယူရန္အတြက္ ႀကိဳးပမ္းမႈက နီေပါႏိုင္ငံတြင္ လူကုန္ကူးမႈဆိုင္ရာအသိပညာမ်ား တိုးျမင့္ လာေစရန္ႏွင့္ ပရဟိတလုပ္ငန္းအတြက္ ရန္ပုံေငြရွာေဖြရန္ျဖစ္ေၾကာင္း ဂ်ိဳရႈအာဘာ့ခ်္မန္းက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.