အလွန်ရှားပါးတဲ့ 'Star Wars' ရုပ်ရှင် Boba Fett ဇာတ်ကောင်အရုပ်ကို အမေရိကန်ဒေါ်လာ(၁ ဒသမ ၃) သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့

 547

Pika (NP News) - သြဂုတ် ၂၂

၁၉၇၉ ခုနှစ်တွင် Kenner ကုမ္ပဏီက Star Wars ရုပ်ရှင်အတွက် ဖန်တီးခဲ့သော အလွန်ရှားပါးသည့် ရှေ့ပြေးပုံစံ Boba Fett ဇာတ်ကောင်အရုပ်ကို စံချိန်တင် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃၄) သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
လေလံပွဲအတွင်း Kenner ကုမ္ပဏီ၏ 1979 J-Slot (ဗားရှင်း ၂) Rocket-Firing (Mailer) ရှေ့ပြေးပုံစံ Boba Fett အရုပ်သည် ရောင်းချဖူးသမျှသမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးအရုပ်ဖြစ်ပြီး ရောင်းချခဲ့ဖူးသည့် Star Wars ရုပ်ရှင်နှင့်ဆက်စပ်သည့်ပစ္စည်းများထဲတွင် တန်ဖိုးအကြီးဆုံးပစ္စည်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ ရှေ့ပြေးပုံစံ Boba Fett အရုပ်သည် ထုတ်လုပ်ခဲ့ဖူးသည့် အရုပ်အခုရေ(၃၀)အနက် တစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်သည်ဟုသိထားကြသော အရုပ်(၃)ခုအနက် အဆင့်အမြင့်ဆုံးနမူနာဖြစ်ကာ လေလံပွဲတွင် ရောင်းချဖူး သော ပထမဆုံးအရုပ်ဖြစ်ကြောင်းလည်း သိရသည်။

Boba Fett အရုပ်ကို ၁၉၇၉ ခုနှစ်တွင် ရှေ့ပြေးပုံံစံအဖြစ် ထုတ်လုပ်ခဲ့သော်လည်း ၎င်း၏ လက်မှပစ်လွှတ်နိုင်သည့် ပလက်စတစ်ဒုံးကျည်ကြောင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိမည်ကို စိုးရိမ်သဖြင့် ဈေးကွက်အတွင်းသို့ ရောင်းချခြင်းမျိုး မရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်ဇွန်လတွင် အလားတူ Boba Fett အရုပ်ကို လေလံပွဲ အတွင်း အမေရိကန်ဒေါ်လာ(၅၂၅၀၀၀) ဖြင့် ရောင်းချနိုင်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင်ဈေးအကြီးဆုံးခေတ်ဟောင်း အရုပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ဇွန်လက ရောင်းချခဲ့သော Boba Fett အရုပ်သည် "L-slot" ပစ်ခတ်မှုပုံစံ ဖြင့် ထုတ်လုပ်ထားသော ရှေ့ပြေးပုံစံအခု(၇၀)အနက် တစ်ခုဖြစ်သည်။

သို့သော်လည်း ယခု Goldin လေလံပွဲအတွင်း ရောင်းချခဲ့သော Boba Fett အရုပ်သည် လေလံတင်ရောင်းချဖူးသော ပထမဆုံး "J-slot" အရုပ်ဖြစ်ကြောင်းလည်း သိရသည်။ Goldin ကုမ္ပဏီ၏ တည်ထောင်သူနှင့် စီအီးအိုဖြစ်သူ ကန်ဂိုးလ်ဒင်းက “ဒီအရုပ်ဟာ ဝါသနာအရဆိုရင်တော့ အရေးအကြီးဆုံးအရုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါက Mailer J-Slot V2/ Missile နမူနာကို ပထမဆုံးအကြိမ်လေလံတင်ရောင်းချတာဖြစ်ပြီး Star Wars ရုပ်ရှင်ရဲ့အထင်ကရ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် တစ်သက်မှာ တစ်ကြိမ်ပဲရရှိတဲ့ အခွင့်အရေးဖြစ်ပါတယ်” ဟု ပြောခဲ့ သည်။

Zawgyi Version;
အလြန္ရွားပါးတဲ့ 'Star Wars' ႐ုပ္ရွင္ Boba Fett ဇာတ္ေကာင္အ႐ုပ္ကို အေမရိကန္ေဒၚလာ(၁ ဒသမ ၃) သန္းနဲ႔ ေလလံတင္ ေရာင္းခ်ႏိုင္ခဲ့
Pika (NP News) - ၾသဂုတ္ ၂၂

၁၉၇၉ ခုႏွစ္တြင္ Kenner ကုမၸဏီက Star Wars ႐ုပ္ရွင္အတြက္ ဖန္တီးခဲ့ေသာ အလြန္ရွားပါးသည့္ ေရွ႕ေျပးပုံစံ Boba Fett ဇာတ္ေကာင္အ႐ုပ္ကို စံခ်ိန္တင္ အေမရိကန္ေဒၚလာ(၁ ဒသမ ၃၄) သန္းျဖင့္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
ေလလံပြဲအတြင္း Kenner ကုမၸဏီ၏ 1979 J-Slot (ဗားရွင္း ၂) Rocket-Firing (Mailer) ေရွ႕ေျပးပုံစံ Boba Fett အ႐ုပ္သည္ ေရာင္းခ်ဖူးသမွ်သမိုင္းတစ္ေလွ်ာက္ တန္ဖိုးအႀကီးဆုံးအ႐ုပ္ျဖစ္ၿပီး ေရာင္းခ်ခဲ့ဖူးသည့္ Star Wars ႐ုပ္ရွင္ႏွင့္ဆက္စပ္သည့္ပစၥည္းမ်ားထဲတြင္ တန္ဖိုးအႀကီးဆုံးပစၥည္းျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါ ေရွ႕ေျပးပုံစံ Boba Fett အ႐ုပ္သည္ ထုတ္လုပ္ခဲ့ဖူးသည့္ အ႐ုပ္အခုေရ(၃၀)အနက္ တစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ရွိေနဆဲျဖစ္သည္ဟုသိထားၾကေသာ အ႐ုပ္(၃)ခုအနက္ အဆင့္အျမင့္ဆုံးနမူနာျဖစ္ကာ ေလလံပြဲတြင္ ေရာင္းခ်ဖူး ေသာ ပထမဆုံးအ႐ုပ္ျဖစ္ေၾကာင္းလည္း သိရသည္။

Boba Fett အ႐ုပ္ကို ၁၉၇၉ ခုႏွစ္တြင္ ေရွ႕ေျပးပုံံစံအျဖစ္ ထုတ္လုပ္ခဲ့ေသာ္လည္း ၎၏ လက္မွပစ္လႊတ္ႏိုင္သည့္ ပလက္စတစ္ဒုံးက်ည္ေၾကာင့္ ကေလးငယ္မ်ား ထိခိုက္ဒဏ္ရာရရွိမည္ကို စိုးရိမ္သျဖင့္ ေဈးကြက္အတြင္းသို႔ ေရာင္းခ်ျခင္းမ်ိဳး မရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ဇြန္လတြင္ အလားတူ Boba Fett အ႐ုပ္ကို ေလလံပြဲ အတြင္း အေမရိကန္ေဒၚလာ(၅၂၅၀၀၀) ျဖင့္ ေရာင္းခ်ႏိုင္ခဲ့ၿပီးေနာက္ ကမာၻေပၚတြင္ေဈးအႀကီးဆုံးေခတ္ေဟာင္း အ႐ုပ္ျဖစ္ခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ဇြန္လက ေရာင္းခ်ခဲ့ေသာ Boba Fett အ႐ုပ္သည္ "L-slot" ပစ္ခတ္မႈပုံစံ ျဖင့္ ထုတ္လုပ္ထားေသာ ေရွ႕ေျပးပုံစံအခု(၇၀)အနက္ တစ္ခုျဖစ္သည္။

သို႔ေသာ္လည္း ယခု Goldin ေလလံပြဲအတြင္း ေရာင္းခ်ခဲ့ေသာ Boba Fett အ႐ုပ္သည္ ေလလံတင္ေရာင္းခ်ဖူးေသာ ပထမဆုံး "J-slot" အ႐ုပ္ျဖစ္ေၾကာင္းလည္း သိရသည္။ Goldin ကုမၸဏီ၏ တည္ေထာင္သူႏွင့္ စီအီးအိုျဖစ္သူ ကန္ဂိုးလ္ဒင္းက “ဒီအ႐ုပ္ဟာ ဝါသနာအရဆိုရင္ေတာ့ အေရးအႀကီးဆုံးအ႐ုပ္တစ္ခုပဲျဖစ္ပါတယ္။ ဒါက Mailer J-Slot V2/ Missile နမူနာကို ပထမဆုံးအႀကိမ္ေလလံတင္ေရာင္းခ်တာျဖစ္ၿပီး Star Wars ႐ုပ္ရွင္ရဲ႕အထင္ကရ အစိတ္အပိုင္းတစ္ခုကို ပိုင္ဆိုင္ဖို႔အတြက္ တစ္သက္မွာ တစ္ႀကိမ္ပဲရရွိတဲ့ အခြင့္အေရးျဖစ္ပါတယ္” ဟု ေျပာခဲ့ သည္။

Related news

© 2021. All rights reserved.