အောင်လောင်ငှက်များမှာ မြင်တွေ့ရနည်းလာနေသည့်အတွက် ထိန်းသိမ်းရန် လိုအပ်နေ
815
စော (NP News) - ဩဂုတ် ၂၃
အောင်လောင်ငှက်များမှာ မြင်တွေ့ရ နည်းပါးလာနေသည့်အတွက် ထိန်းသိမ်းရန် လိုအပ်နေကြောင်း Native Species Conservation & Identification(NSIC) အဖွဲ့၏ အချက်အလက်များအရ သိရသည်။
အောင်လောင်ငှက်(သို့) ယောင်ယင်ငှက်များကို မျိုးတုံးမည့်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် အပြည် ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့(IUCN)တွင် သတ်မှတ်ထားသည်။ အဆိုပါငှက်ကို ခြိမ်းခြောက်နေသော အန္တရာယ်များမှာ သစ်တောပြုန်းတီးမှုအပြင် တရားမဝင်ရောင်း ဝယ်ဖောက်ကားမှုများကြောင့် အချို့ဒေသများတွင် အကောင်အရေအတွက် လျော့ကျလာကြောင်း သိရသည်။
‘‘အဓိကကတော့ တရားမဝင်ရောင်းဝယ် ဖောက်ကားနေမှုတွေကို အရင်ထိန်းရင်တော့ရပြီ။ အောင်လောင် ငှက်ကို ချက်စားတာ ရှိတော့ရှိတယ်။ ဒါပေမဲ့ အရမ်းကြီးမများဘူး။ တောရွာတွေလောက်ပဲ စားကြတာ။ အဓိကကတော့ သူတို့ကိုဖမ်းပြီး မွေးတယ်။ တချို့ကျတော့လည်း ပြည်တွင်းမှာလည်း ရောင်းဝယ်နေကြတာလည်းရှိသလို၊ နိုင်ငံခြားကို ပို့တာလည်းရှိတယ်။ နိုင်ငံခြားကို အထီး၊ အမအစုံတွေ၊ တချို့ကျတော့လည်း အထီးသတ်သတ်၊ အမသတ်သတ်ပို့တာ တွေရှိတယ်။ တချို့ကျတော့လည်း အကောင်ပေါက်လေးတွေကို အသိုက်ကနေ ဖမ်းလာတယ်။ ပြီးရင် သူတို့ကအိမ်မှာ မွေးတယ်။ အကောင်ကြီးပြီ၊ အရွယ်ရောက်ပြီ ရောင်းလို့ရပြီဆိုတဲ့အခါမှရောင်းတယ်။ တရားမဝင်ကုန်သွယ်တာကိုပဲ တားရင်ရပြီ။ သူတို့ဥပေါက်တဲ့ရာသီတွေမှာ တရားဥပဒေနဲ့တင်းတင်းကြပ်ကြပ်ကာကွယ်ထားရင် ပိုကောင်းတယ်’’ဟု ရှားပါးသတ္တဝါများ ထိန်းသိမ်း ရေးနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားသူတစ်ဦးက NP News ကို ပြောသည်။
အောင်လောင်ငှက်များကို မြန်မာနိုင်ငံအနှံ့အပြားတွင်တွေ့နိုင်ပြီး အထူး သဖြင့် မြန်မာနိုင်ငံအောက်ပိုင်းနှင့် အမြဲစိမ်းသစ်တောများတွင် အများဆုံးတွေ့ရနိုင်ကြောင်း သိရသည်။ ‘‘သူတို့က ဟိုးအရင်ကတည်းက ပေါတဲ့အထဲမပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ အောင်လောင်ငှက် တွေကို အလှမွေးကြတယ်ပေါ့။ အခုဆိုရင် တစ်ချို့စားသောက်ဆိုင်တွေ၊ ဘာတွေမှာလည်း view ပုံစံတွေ၊ ဘာတွေ လုပ်ပြီးတော့ ငှက်တွေကို ဖမ်းမွေးတာတွေ၊ ပြစားတာတွေ ရှိတယ်။ အဲဒီလိုတွေကြောင့် ပိုပြီးတော့ အသက်ရှင်ဖို့ ခဲယဉ်းလာတယ်။ အရမ်းကြီးရှားပါးနေတဲ့ပုံစံမျိုးဖြစ်နေတာတော့ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ ဒါပေမဲ့လည်း အရင်လို မျိုး ပေါပေါများများမတွေ့ရတော့ဘူး။ သူတို့ရဲ့ နေထိုင်မှုကလည်း သိုသိပ်တယ်ပေါ့။ သိုသိပ်ပေမယ့် သားပေါက်တဲ့ အချိန်မှာ သူတို့ရဲ့အသိုက်ကို နှိုက်ပြီးတော့ အကောင်ပေါက်လေးတွေဖမ်းပြီးတော့ ရောင်းတာတွေရှိတယ်။ အခုနောက် ပိုင်းတော့ သူတို့မျိုးဆက်ကလည်း အရင်လိုမျိုး အကောင်အရေ အတွက်အများကြီး မပွားတော့ဘူး။ အကောင်ပေါက် လေးတွေ ခဏခဏအဖမ်းခံနေရတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါငှက်များသည် အဓိကအားဖြင့် အသီး များကို စားလေ့ရှိသော်လည်း ရံဖန်ရံခါတွင် တောလုံငှက်၊ ဇီးကွက် ဗိုက်ကွက်ငှက်၊ ငူငှက်အပြင် နို့တိုက်သတ္တဝါငယ်များနှင့် တွားသွားသတ္တဝါငယ်များကိုလည်း စားသုံးတတ်သဖြင့် ၎င်းတို့၏နှုတ်သီးနှင့် ဖမ်းမိသော သားကောင်ကို လေပေါ်မြှောက်ကာ စားသောက်တတ်သော အမူအကျင့်ရှိကြောင်း သိရ သည်။ ထို့ပြင် သစ်ခေါက်များကိုလည်းနှုတ်သီးဖြင့် ခွာကာ အင်းဆက်ပိုးကောင်များကိုရှာစားတတ် ကြောင်း သိရသည်။
zawgyi version
ေအာင္ေလာင္ငွက္မ်ားမွာ ျမင္ေတြ႕ရနည္းလာေနသည့္အတြက္ ထိန္းသိမ္းရန္ လိုအပ္ေန
ေစာ (NP News) - ဩဂုတ္ ၂၃
ေအာင္ေလာင္ငွက္မ်ားမွာ ျမင္ေတြ႕ရ နည္းပါးလာေနသည့္အတြက္ ထိန္းသိမ္းရန္ လိုအပ္ေနေၾကာင္း Native Species Conservation & Identification(NSIC) အဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။
ေအာင္ေလာင္ငွက္(သို႔) ေယာင္ယင္ငွက္မ်ားကို မ်ိဳးတုံးမည့္အႏၲရာယ္က်ေရာက္ႏိုင္ေသာ မ်ိဳးစိတ္အျဖစ္ အျပည္ ျပည္ဆိုင္ရာသဘာဝထိန္းသိမ္းေရးအဖြဲ႕(IUCN)တြင္ သတ္မွတ္ထားသည္။ အဆိုပါငွက္ကို ၿခိမ္းေျခာက္ေနေသာ အႏၲရာယ္မ်ားမွာ သစ္ေတာျပဳန္းတီးမႈအျပင္ တရားမဝင္ေရာင္း ဝယ္ေဖာက္ကားမႈမ်ားေၾကာင့္ အခ်ိဳ႕ေဒသမ်ားတြင္ အေကာင္အေရအတြက္ ေလ်ာ့က်လာေၾကာင္း သိရသည္။
‘‘အဓိကကေတာ့ တရားမဝင္ေရာင္းဝယ္ ေဖာက္ကားေနမႈေတြကို အရင္ထိန္းရင္ေတာ့ရၿပီ။ ေအာင္ေလာင္ ငွက္ကို ခ်က္စားတာ ရွိေတာ့ရွိတယ္။ ဒါေပမဲ့ အရမ္းႀကီးမမ်ားဘူး။ ေတာ႐ြာေတြေလာက္ပဲ စားၾကတာ။ အဓိကကေတာ့ သူတို႔ကိုဖမ္းၿပီး ေမြးတယ္။ တခ်ိဳ႕က်ေတာ့လည္း ျပည္တြင္းမွာလည္း ေရာင္းဝယ္ေနၾကတာလည္းရွိသလို၊ ႏိုင္ငံျခားကို ပို႔တာလည္းရွိတယ္။ ႏိုင္ငံျခားကို အထီး၊ အမအစုံေတြ၊ တခ်ိဳ႕က်ေတာ့လည္း အထီးသတ္သတ္၊ အမသတ္သတ္ပို႔တာ ေတြရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း အေကာင္ေပါက္ေလးေတြကို အသိုက္ကေန ဖမ္းလာတယ္။ ၿပီးရင္ သူတို႔ကအိမ္မွာ ေမြးတယ္။ အေကာင္ႀကီးၿပီ၊ အ႐ြယ္ေရာက္ၿပီ ေရာင္းလို႔ရၿပီဆိုတဲ့အခါမွေရာင္းတယ္။ တရားမဝင္ကုန္သြယ္တာကိုပဲ တားရင္ရၿပီ။ သူတို႔ဥေပါက္တဲ့ရာသီေတြမွာ တရားဥပေဒနဲ႔တင္းတင္းၾကပ္ၾကပ္ကာကြယ္ထားရင္ ပိုေကာင္းတယ္’’ဟု ရွားပါးသတၱဝါမ်ား ထိန္းသိမ္း ေရးႏွင့္ပတ္သက္၍ တက္ႂကြလႈပ္ရွားသူတစ္ဦးက NP News ကို ေျပာသည္။
ေအာင္ေလာင္ငွက္မ်ားကို ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ေတြ႕ႏိုင္ၿပီး အထူး သျဖင့္ ျမန္မာႏိုင္ငံေအာက္ပိုင္းႏွင့္ အၿမဲစိမ္းသစ္ေတာမ်ားတြင္ အမ်ားဆုံးေတြ႕ရႏိုင္ေၾကာင္း သိရသည္။ ‘‘သူတို႔က ဟိုးအရင္ကတည္းက ေပါတဲ့အထဲမပါဘူး။ ဒါေပမဲ့ အခုေနာက္ပိုင္းက်ေတာ့ ေအာင္ေလာင္ငွက္ ေတြကို အလွေမြးၾကတယ္ေပါ့။ အခုဆိုရင္ တစ္ခ်ိဳ႕စားေသာက္ဆိုင္ေတြ၊ ဘာေတြမွာလည္း view ပုံစံေတြ၊ ဘာေတြ လုပ္ၿပီးေတာ့ ငွက္ေတြကို ဖမ္းေမြးတာေတြ၊ ျပစားတာေတြ ရွိတယ္။ အဲဒီလိုေတြေၾကာင့္ ပိုၿပီးေတာ့ အသက္ရွင္ဖို႔ ခဲယဥ္းလာတယ္။ အရမ္းႀကီးရွားပါးေနတဲ့ပုံစံမ်ိဳးျဖစ္ေနတာေတာ့ မဟုတ္ဘူး။ ရွိေတာ့ရွိတယ္။ ဒါေပမဲ့လည္း အရင္လို မ်ိဳး ေပါေပါမ်ားမ်ားမေတြ႕ရေတာ့ဘူး။ သူတို႔ရဲ႕ ေနထိုင္မႈကလည္း သိုသိပ္တယ္ေပါ့။ သိုသိပ္ေပမယ့္ သားေပါက္တဲ့ အခ်ိန္မွာ သူတို႔ရဲ႕အသိုက္ကို ႏႈိက္ၿပီးေတာ့ အေကာင္ေပါက္ေလးေတြဖမ္းၿပီးေတာ့ ေရာင္းတာေတြရွိတယ္။ အခုေနာက္ ပိုင္းေတာ့ သူတို႔မ်ိဳးဆက္ကလည္း အရင္လိုမ်ိဳး အေကာင္အေရ အတြက္အမ်ားႀကီး မပြားေတာ့ဘူး။ အေကာင္ေပါက္ ေလးေတြ ခဏခဏအဖမ္းခံေနရတယ္’’ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါငွက္မ်ားသည္ အဓိကအားျဖင့္ အသီး မ်ားကို စားေလ့ရွိေသာ္လည္း ရံဖန္ရံခါတြင္ ေတာလုံငွက္၊ ဇီးကြက္ ဗိုက္ကြက္ငွက္၊ ငူငွက္အျပင္ ႏို႔တိုက္သတၱဝါငယ္မ်ားႏွင့္ တြားသြားသတၱဝါငယ္မ်ားကိုလည္း စားသုံးတတ္သျဖင့္ ၎တို႔၏ႏႈတ္သီးႏွင့္ ဖမ္းမိေသာ သားေကာင္ကို ေလေပၚေျမႇာက္ကာ စားေသာက္တတ္ေသာ အမူအက်င့္ရွိေၾကာင္း သိရ သည္။ ထို႔ျပင္ သစ္ေခါက္မ်ားကိုလည္းႏႈတ္သီးျဖင့္ ခြာကာ အင္းဆက္ပိုးေကာင္မ်ားကိုရွာစားတတ္ ေၾကာင္း သိရသည္။