ကွယ်လွန်သွားပြီဖြစ်တဲ့ Parasite မင်းသား လီဆွမ်ခွန်ကို Busan ရုပ်ရှင်ပွဲတော်က Korea Cinema Award နဲ့ ဂုဏ်ပြု

 752

ရောင်နီ (NP News) - သြဂုတ် ၂၄

အာရှ ရဲ့အကြီးဆုံးရုပ်ရှင်ပွဲတော်ဖြစ်တဲ့ Busan International Film Festival (BIFF) ဟာ ဒီနှစ်ရဲ့ Korea Cinema Award ကို မကြာသေးခင်ကမှ ကွယ်လွန်ခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင် လီဆွမ်ခွန်ကို ပေးအပ်ဂုဏ်ပြုသွားမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက သောကြာ (သြဂုတ်လ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ထွက် အော်စကာဆုရ Parasite ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများခဲ့တဲ့ လီဆွမ်ခွန်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက မူးယစ်ဆေးဝါးသုံးစွဲမှု သံသယနဲ့ နှစ်လကြာ စုံစမ်းစစ်ဆေးမှုခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ပွဲတော်ရဲ့ Korea Cinema Award ဟာ တောင်ကိုရီးယားရုပ်ရှင်လောကရဲ့အဆင့်အတန်းကို မြှင့်တင်ပေးပြီး ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု အတွက် ပံ့ပိုးပေးတဲ့ ရုပ်ရှင်ရိုက်ကူးသူတွေကို ပေးအပ်တဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ဒီနှစ်ရဲ့ Korea Cinema Award ဆုကို “ပြည်တွင်းပြည်ပ ရုပ်ရှင်ဝါသနာရှင်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကွယ်လွန်သူ မင်းသား လီဆွမ်ခွန်ကို ပေးအပ်ချီးမြှင့်သွားမယ်" လို့ ဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီနှစ်ပွဲတော်မှာ လီရဲ့ "Parasite" "Our Sunhi (2013)" နဲ့ "My Mister (2018)" အပါအဝင် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ခြောက်ခုကိုလည်း ပြန်လည်ပြသသွားမယ်လို့ သိရပါတယ်။

Korea Cinema Award ကို ကွယ်လွန်သူ တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ယွန်းဂျောင်ဟီး၊ ပြင်သစ်ရုပ်ရှင် ဝေဖန်ရေးဆရာ ချားလက်စ်တက်ဆွန်၊ New York Asian Film Festival ကို ပူးတွဲတည်ထောင်သူ ဂိုရမ်တိုပါလိုဗစ် တို့ ရရှိခဲ့ဖူးပါတယ်။ ယခုနှစ်ရဲ့ BIFF ပွဲတော်ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိပ်ကမ်းမြို့ ဘူဆန်မှာ အောက်တိုဘာ ၂ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Zawgyi Version;
ကြယ္လြန္သြားၿပီျဖစ္တဲ့ Parasite မင္းသား လီဆြမ္ခြန္ကို Busan ႐ုပ္ရွင္ပြဲေတာ္က Korea Cinema Award နဲ႔ ဂုဏ္ျပဳ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၄

အာရွ ရဲ႕အႀကီးဆုံး႐ုပ္ရွင္ပြဲေတာ္ျဖစ္တဲ့ Busan International Film Festival (BIFF) ဟာ ဒီႏွစ္ရဲ႕ Korea Cinema Award ကို မၾကာေသးခင္ကမွ ကြယ္လြန္ခဲ့တဲ့ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီဆြမ္ခြန္ကို ေပးအပ္ဂုဏ္ျပဳသြားမွာ ျဖစ္တယ္လို႔ ပြဲစီစဥ္သူေတြက ေသာၾကာ (ၾသဂုတ္လ ၂၃ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ထြက္ ေအာ္စကာဆုရ Parasite ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး လူသိမ်ားခဲ့တဲ့ လီဆြမ္ခြန္ဟာ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလက မူးယစ္ေဆးဝါးသုံးစြဲမႈ သံသယနဲ႔ ႏွစ္လၾကာ စုံစမ္းစစ္ေဆးမႈခံခဲ့ရၿပီး ျပန္လည္ လြတ္ေျမာက္လာခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ၿပီး ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ ပြဲေတာ္ရဲ႕ Korea Cinema Award ဟာ ေတာင္ကိုရီးယား႐ုပ္ရွင္ေလာကရဲ႕အဆင့္အတန္းကို ျမႇင့္တင္ေပးၿပီး ကမာၻလုံးဆိုင္ရာ တိုးတက္မႈ အတြက္ ပံ့ပိုးေပးတဲ့ ႐ုပ္ရွင္႐ိုက္ကူးသူေတြကို ေပးအပ္တဲ့ ဆုတစ္ခုျဖစ္ပါတယ္။ ဒီႏွစ္ရဲ႕ Korea Cinema Award ဆုကို “ျပည္တြင္းျပည္ပ ႐ုပ္ရွင္ဝါသနာရွင္ေတြရဲ႕အသည္းႏွလုံးကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ ကြယ္လြန္သူ မင္းသား လီဆြမ္ခြန္ကို ေပးအပ္ခ်ီးျမႇင့္သြားမယ္" လို႔ ဖြင့္ပြဲအခမ္းအနားမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဒီႏွစ္ပြဲေတာ္မွာ လီရဲ႕ "Parasite" "Our Sunhi (2013)" နဲ႔ "My Mister (2018)" အပါအဝင္ ႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကား ေျခာက္ခုကိုလည္း ျပန္လည္ျပသသြားမယ္လို႔ သိရပါတယ္။

Korea Cinema Award ကို ကြယ္လြန္သူ ေတာင္ကိုရီးယား႐ုပ္ရွင္သ႐ုပ္ေဆာင္ ယြန္းေဂ်ာင္ဟီး၊ ျပင္သစ္႐ုပ္ရွင္ ေဝဖန္ေရးဆရာ ခ်ားလက္စ္တက္ဆြန္၊ New York Asian Film Festival ကို ပူးတြဲတည္ေထာင္သူ ဂိုရမ္တိုပါလိုဗစ္ တို႔ ရရွိခဲ့ဖူးပါတယ္။ ယခုႏွစ္ရဲ႕ BIFF ပြဲေတာ္ကို ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိပ္ကမ္းၿမိဳ႕ ဘူဆန္မွာ ေအာက္တိုဘာ ၂ ရက္မွ ၁၁ ရက္အထိ က်င္းပသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.