စနစ်ဟောင်း ဒသမတန်း ကျရှုံးသူများပါ ဖြေဆိုနိုင်မည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စတင်ရောင်းပေးတော့မည်ဖြစ်ရာ ယမန်နှစ်ထက် စိတ်ဝင်စားသူများဖွယ်ရှိ

 439

ယွန်း (NP News) - ဩဂုတ် ၂၄

စနစ်ဟောင်းဒသမတန်း ကျရှုံးသူများပါ ဖြေဆိုနိုင်မည့် ၂၀၂၅ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စတင်ရောင်းပေးတော့မည်ဖြစ်ရာ ယမန်နှစ်ထက် စိတ်ဝင်စားသူများဖွယ်ရှိကြောင်း ပညာရေးအသိုင်း အဝိုင်းထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

တက္ကသိုလ်ဝင်တန်းနှင့်ပတ်သက်၍ နိုင်ငံရေးဖြစ်စဥ်များအပြီးတွင် ဖြေဆိုသူလျော့သွားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စိတ်ဝင်စားသူပြန်လည်မြင့်တက်လာကြောင်းသိရကာ တက္ကသိုလ်များတွင်လည်း ကျောင်းနှင့်ကင်းကွာနေသော ကျောင်းသားများ ပြန်လည်စာရင်းပေးသွင်းသင်ကြားခြင်းများ ရှိနေကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ငွေကျပ် (၂၀၀) နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ်(၇၀၀)တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာလ (၁)ရက်နေ့မှစတင်ကာ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာတွင် STEAMS (1), (2) ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံ ဖြင့်လည်းကောင်း၊ STAMS ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထား ကြောင်း သိရသည်။

ထို့ပြင် စနစ်ဟောင်း နဝမတန်း(Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade-11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း(Grade-12) စာမေးပွဲ ကျရှုံးသူများကိုလည်း ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပေးမည်ဟု စာစစ်ဦးစီးဌာနက အသိပေးထားသည်။

“စိတ်ဝင်စားမှုကတော့ ရာခိုင်နှုန်းတစ်ခုတော့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ယှဥ်ကြည့်ရင်တော့ ဒီနှစ်က စိတ်ဝင်စားတဲ့သူပိုများတယ်လို့ သုံးသပ်လို့ရတယ်။ များတယ်ဆိုပေမယ့်လည်း ကျန်ခဲ့တဲ့လူဦးရေ အနည်းအများပေါ်မှာမူတည်ပြီးတော့ ကွဲတာတော့ရှိတယ်။ ဖောင်တင်တဲ့အခါမှပဲ အရေအတွက်ကတော့ သေချာသိရမှာပေါ့”ဟု အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။

ပြင်ပဖြေဆိုမည့်သူများအနေဖြင့် ဘာသာတွဲ(၃)ခုဖြစ်သော STEAMS–1, STEAMS–2, STAMS တို့အနက်မှ ဘာသာတွဲ(၁)ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်ကြောင်း စာစစ်ဦးစီးဌာနက ဆိုထားသည်။

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများ၌ စာမေးပွဲဝင်ကြေး (၇၀၀)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူကာ ဝင်ခွင့်လျှောက်လွှာတွင်ကပ်၍ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံး၌ စက်တင်ဘာလ(၁)ရက်မှ စက်တင်ဘာလ(၃၀)ရက်အတွင်း တင်သွင်းရမည်ဖြစ်သည်။

ထို့ပြင် အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှဖြေဆိုရန် လျှောက် လွှာ တင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းရမည်ဟု အသိပေးထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို သတ်မှတ်ရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိမည်မဟုတ်ကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။

နိုင်ငံရေးဖြစ်စဥ်များအပြီးတွင် ခြိမ်း‌ခြောက်မှုများကြောင့် စာသင်ခန်းကို ကျောခိုင်းခဲ့ရသော ကျောင်းသားအရွယ်လူငယ်များသည် ပညာဆက်လက်သင် ကြားရန် စိတ်အားထက်သန်လာခဲ့ကြသည်။

“အိမ်ကမောင်လေးဆို အစကကျောင်းမတက်ချင်ဘူး။ အသက်ကကြီးပြီး အတန်းကငယ်နေတာလေ။ တော်တော်လေးကို ပြောယူလိုက်ရတယ်။ ဒါပေမဲ့ အခုတော့ သူ‌ကျောင်းမှာပျော်နေပါပြီ။ ပညာဆက်သင်ပြီးတော့ မြင့်မားတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု ရွေးချယ်မယ်ဆိုတဲ့ သူ့အိပ် မက်ကလေးလည်း ပြန်အကောင်အထည်ပေါ်သွားတာပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အသက်(၃၀)အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်မရသည့်ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများလည်းရှိခဲ့ရာ ၎င်းတို့ကို သတ်မှတ်ထားသည့် အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသားကျောင်း သူများကို စုစည်းခေါ်ယူကာ စာမေးပွဲဖြေဆိုမှုများ ပြုလုပ်ခဲ့ရခြင်းများလည်း ရှိခဲ့သည်။

“Facebook မှာတင်နေကြတာတွေ့တယ်။ လားရှိုးတက္ကသိုလ်ပိတ်သွားတော့ တောင်ကြီးတက္ကသိုလ်ကို ပြောင်းရွှေ့တက်ရောက်လို့ရမလားလို့ ကျောင်းသူ / သားတွေက မေးနေကြတာမျိုးတွေ တွေ့နေရတယ်။ တကယ်လည်း ဝင်ခွင့်ရကြပါတယ်။ သူတို့ပညာဆက်လက်သင်ယူနေကြတယ်” ဟု ပညာရေးအသိုင်း အဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့ပြီး ၇၄,၅၉၂ ဦးအောင်မြင်ခဲ့သည့်အတွက် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

zawgyi version
စနစ္ေဟာင္း ဒသမတန္း က်ရႈံးသူမ်ားပါ ေျဖဆိုႏိုင္မည့္ ၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကို စတင္ေရာင္းေပးေတာ့မည္ျဖစ္ရာ ယမန္ႏွစ္ထက္ စိတ္ဝင္စားသူမ်ားဖြယ္ရွိ

ယြန္း (NP News) - ဩဂုတ္ ၂၄

စနစ္ေဟာင္းဒသမတန္း က်ရႈံးသူမ်ားပါ ေျဖဆိုႏိုင္မည့္ ၂၀၂၅ ခုႏွစ္ တကၠ သိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကို စတင္ေရာင္းေပးေတာ့မည္ျဖစ္ရာ ယမန္ႏွစ္ထက္ စိတ္ဝင္စားသူမ်ားဖြယ္ရွိေၾကာင္း ပညာေရးအသိုင္း အဝိုင္းထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

တကၠသိုလ္ဝင္တန္းႏွင့္ပတ္သက္၍ ႏိုင္ငံေရးျဖစ္စဥ္မ်ားအၿပီးတြင္ ေျဖဆိုသူေလ်ာ့သြားခဲ့ေသာ္လည္း ယခုေနာက္ပိုင္းတြင္ စိတ္ဝင္စားသူျပန္လည္ျမင့္တက္လာေၾကာင္းသိရကာ တကၠသိုလ္မ်ားတြင္လည္း ေက်ာင္းႏွင့္ကင္းကြာေနေသာ ေက်ာင္းသားမ်ား ျပန္လည္စာရင္းေပးသြင္းသင္ၾကားျခင္းမ်ား ရွိေနေၾကာင္း သိရသည္။

တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ေလွ်ာက္လႊာ တစ္ေစာင္လွ်င္ ေငြက်ပ္ (၂၀၀) ႏွင့္ စာေမးပြဲဝင္ေၾကးအတြက္ ေငြက်ပ္(၇၀၀)တန္ဖိုးရွိ ပညာေရးဝန္ႀကီးဌာန၊ ေငြသြင္းတံဆိပ္ေခါင္းမ်ားကို စက္တင္ဘာလ (၁)ရက္ေန႔မွစတင္ကာ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ထုတ္ျပန္ထားျခင္းျဖစ္သည္။

စာေမးပြဲေျဖဆိုခြင့္ေလွ်ာက္လႊာ တင္သြင္းရာတြင္ STEAMS (1), (2) ေျဖဆိုမည့္သူမ်ားအတြက္ အစိမ္းေရာင္ေျဖဆိုခြင့္ေလွ်ာက္လႊာႏွင့္ ကတ္ျပားပုံစံ ျဖင့္လည္းေကာင္း၊ STAMS ေျဖဆိုမည့္သူမ်ားအတြက္ ပန္းေရာင္ေျဖဆိုခြင့္ေလွ်ာက္လႊာႏွင့္ ကတ္ျပားပုံစံျဖင့္ အေရာင္ႏွစ္မ်ိဳး ခြဲျခားသတ္မွတ္ထား ေၾကာင္း သိရသည္။

ထို႔ျပင္ စနစ္ေဟာင္း နဝမတန္း(Grade-10) ေအာင္ျမင္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စနစ္ေဟာင္းတကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုျခင္း မရွိခဲ့သူမ်ားႏွင့္ စနစ္ေဟာင္း ဒသမတန္း (Grade-11) တကၠသိုလ္ဝင္စာေမးပြဲ က်ရႈံးသူမ်ားႏွင့္ စနစ္သစ္ ဒြါဒသမတန္း(Grade-12) စာေမးပြဲ က်ရႈံးသူမ်ားကိုလည္း ျပင္ပေျဖအျဖစ္ ေျဖဆိုခြင့္ေပးမည္ဟု စာစစ္ဦးစီးဌာနက အသိေပးထားသည္။

“စိတ္ဝင္စားမႈကေတာ့ ရာခိုင္ႏႈန္းတစ္ခုေတာ့ရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္နဲ႔ ယွဥ္ၾကည့္ရင္ေတာ့ ဒီႏွစ္က စိတ္ဝင္စားတဲ့သူပိုမ်ားတယ္လို႔ သုံးသပ္လို႔ရတယ္။ မ်ားတယ္ဆိုေပမယ့္လည္း က်န္ခဲ့တဲ့လူဦးေရ အနည္းအမ်ားေပၚမွာမူတည္ၿပီးေတာ့ ကြဲတာေတာ့ရွိတယ္။ ေဖာင္တင္တဲ့အခါမွပဲ အေရအတြက္ကေတာ့ ေသခ်ာသိရမွာေပါ့”ဟု အထက္တန္းျပဆရာမတစ္ဦးက ေျပာသည္။

ျပင္ပေျဖဆိုမည့္သူမ်ားအေနျဖင့္ ဘာသာတြဲ(၃)ခုျဖစ္ေသာ STEAMS–1, STEAMS–2, STAMS တို႔အနက္မွ ဘာသာတြဲ(၁)ခုကို ေ႐ြးခ်ယ္ေျဖဆိုရမည္ ျဖစ္ေၾကာင္း စာစစ္ဦးစီးဌာနက ဆိုထားသည္။

ျပင္ပေျဖဆိုရန္ ေလွ်ာက္လႊာတင္သြင္းသူမ်ား၏ စာေမးပြဲဝင္ေၾကးအတြက္ သက္ဆိုင္ရာၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ား၌ စာေမးပြဲဝင္ေၾကး (၇၀၀)က်ပ္တန္ ေငြသြင္းတံဆိပ္ေခါင္းမ်ားဝယ္ယူကာ ဝင္ခြင့္ေလွ်ာက္လႊာတြင္ကပ္၍ သက္ဆိုင္ရာၿမိဳ႕နယ္ပညာေရးမႉး႐ုံး၌ စက္တင္ဘာလ(၁)ရက္မွ စက္တင္ဘာလ(၃၀)ရက္အတြင္း တင္သြင္းရမည္ျဖစ္သည္။

ထို႔ျပင္ အေျခခံပညာအထက္တန္းေက်ာင္းမ်ား၊ ေက်ာင္းခြဲမ်ား၊ တြဲဖက္ေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားမွေျဖဆိုရန္ ေလွ်ာက္ လႊာ တင္သြင္းမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ေလွ်ာက္လႊာမ်ားကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ သတ္မွတ္ရက္အမီ တင္သြင္းရမည္ဟု အသိေပးထားသည္။ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကို သတ္မွတ္ရက္မ်ားအတြင္း အခ်ိန္မီေပးပို႔ျခင္းမရွိေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ စာေမးပြဲေျဖဆိုခြင့္ ရရွိမည္မဟုတ္ေၾကာင္းလည္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ေၾကညာထားသည္။

ႏိုင္ငံေရးျဖစ္စဥ္မ်ားအၿပီးတြင္ ၿခိမ္း‌ေျခာက္မႈမ်ားေၾကာင့္ စာသင္ခန္းကို ေက်ာခိုင္းခဲ့ရေသာ ေက်ာင္းသားအ႐ြယ္လူငယ္မ်ားသည္ ပညာဆက္လက္သင္ ၾကားရန္ စိတ္အားထက္သန္လာခဲ့ၾကသည္။

“အိမ္ကေမာင္ေလးဆို အစကေက်ာင္းမတက္ခ်င္ဘူး။ အသက္ကႀကီးၿပီး အတန္းကငယ္ေနတာေလ။ ေတာ္ေတာ္ေလးကို ေျပာယူလိုက္ရတယ္။ ဒါေပမဲ့ အခုေတာ့ သူ‌ေက်ာင္းမွာေပ်ာ္ေနပါၿပီ။ ပညာဆက္သင္ၿပီးေတာ့ ျမင့္မားတဲ့ အသက္ေမြးဝမ္းေၾကာင္း အလုပ္တစ္ခု ေ႐ြးခ်ယ္မယ္ဆိုတဲ့ သူ႔အိပ္ မက္ကေလးလည္း ျပန္အေကာင္အထည္ေပၚသြားတာေပါ့” ဟု ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူ အသက္(၃၀)အ႐ြယ္ အိမ္ရွင္မတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုရန္မွတ္ပုံတင္ထားၿပီးျဖစ္ေသာ္လည္း လုံၿခဳံေရးအေျခအေနအရ ေျဖဆိုခြင့္မရသည့္ေဒသအခ်ိဳ႕ရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားလည္းရွိခဲ့ရာ ၎တို႔ကို သတ္မွတ္ထားသည့္ အေျခခံပညာ ေက်ာင္းမ်ားရွိ စာစစ္ဌာနမ်ားသို႔ ေက်ာင္းသားေက်ာင္း သူမ်ားကို စုစည္းေခၚယူကာ စာေမးပြဲေျဖဆိုမႈမ်ား ျပဳလုပ္ခဲ့ရျခင္းမ်ားလည္း ရွိခဲ့သည္။

“Facebook မွာတင္ေနၾကတာေတြ႕တယ္။ လားရႈိးတကၠသိုလ္ပိတ္သြားေတာ့ ေတာင္ႀကီးတကၠသိုလ္ကို ေျပာင္းေ႐ႊ႕တက္ေရာက္လို႔ရမလားလို႔ ေက်ာင္းသူ / သားေတြက ေမးေနၾကတာမ်ိဳးေတြ ေတြ႕ေနရတယ္။ တကယ္လည္း ဝင္ခြင့္ရၾကပါတယ္။ သူတို႔ပညာဆက္လက္သင္ယူေနၾကတယ္” ဟု ပညာေရးအသိုင္း အဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္ တကၠသိုလ္ ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသူဦးေရ ၁၂၈,၆၃၅ ဦးရွိခဲ့ၿပီး ၇၄,၅၉၂ ဦးေအာင္ျမင္ခဲ့သည့္အတြက္ ၅၇ ဒသမ ၉၀ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့သည္။

Related news

© 2021. All rights reserved.