တောင်ငူကေတုမတီမြို့ဟောင်းတူးဖော်ရာတွင် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာန အဆောက်အအုံများကို ဦးစွာပြောင်းရွှေ့ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
8972
NP News - ဩဂုတ် ၂၄
တောင်ငူကေတုမတီမြို့ဟောင်းတူးဖော်ရာတွင် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာန အဆောက်အအုံများကို ဦးစွာပြောင်းရွှေ့ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။ ၎င်းက ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်)နံနက်ပိုင်းတွင် တောင်ငူမြို့၊ နယ်မြေခံလေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့ရိုးနှင့် ကေတုမတီမြို့ရိုးသည် ပြန်လည်ဖော်ထုတ်သင့်သည့် ရှေး ဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး သမိုင်းကြောင်းအရ အထောက်အထားသေချာသည့်နေရာများကို ပြန်လည်ဖော်ထုတ်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။
ထို့ပြင် မြို့ကွက်အသစ်များ ဖော်ထုတ်ခြင်းနှင့် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာနဆိုင်ရာ အဆောက်အအုံများကို ဦးစွာပြောင်းရွှေ့သွားရန် လိုကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။
တောင်ငူကေတုမတီနန်းတော်ရာနှင့်ပတ်သက်၍ အတည်ပြု၍ရသည့်နေရာများ၊ ဘုတ်တလုတ်ကန်နေရာများကို ပြန်လည်ဖော်ထုတ်ရာတွင် ရှေး ဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရှေးဟောင်းအမွေ အနှစ်နေရာများကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
zawgyi version
ေတာင္ငူေကတုမတီၿမိဳ႕ေဟာင္းတူးေဖာ္ရာတြင္ ေ႐ႊ႕ေျပာင္း၍ရသည့္ အစိုးရ႐ုံးဌာန အေဆာက္အအုံမ်ားကို ဦးစြာေျပာင္းေ႐ႊ႕ရန္ နစကဥကၠ႒ တိုက္တြန္း
NP News - ဩဂုတ္ ၂၄
ေတာင္ငူေကတုမတီၿမိဳ႕ေဟာင္းတူးေဖာ္ရာတြင္ ေ႐ႊ႕ေျပာင္း၍ရသည့္ အစိုးရ႐ုံးဌာန အေဆာက္အအုံမ်ားကို ဦးစြာေျပာင္းေ႐ႊ႕ရန္ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာဆိုခဲ့သည္။ ၎က ယမန္ေန႔ (ဩဂုတ္လ ၂၃ ရက္)နံနက္ပိုင္းတြင္ ေတာင္ငူၿမိဳ႕၊ နယ္ေျမခံေလတပ္စခန္းဌာနခ်ဳပ္ အစည္းအေဝးခန္းမ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေတာင္ငူၿမိဳ႕႐ိုးႏွင့္ ေကတုမတီၿမိဳ႕႐ိုးသည္ ျပန္လည္ေဖာ္ထုတ္သင့္သည့္ ေရွး ေဟာင္းအေမြအႏွစ္တစ္ခုျဖစ္ၿပီး သမိုင္းေၾကာင္းအရ အေထာက္အထားေသခ်ာသည့္ေနရာမ်ားကို ျပန္လည္ေဖာ္ထုတ္သြားရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကဆိုသည္။
ထို႔ျပင္ ၿမိဳ႕ကြက္အသစ္မ်ား ေဖာ္ထုတ္ျခင္းႏွင့္ ေ႐ႊ႕ေျပာင္း၍ရသည့္ အစိုးရ႐ုံးဌာနဆိုင္ရာ အေဆာက္အအုံမ်ားကို ဦးစြာေျပာင္းေ႐ႊ႕သြားရန္ လိုေၾကာင္း ၎ကထည့္သြင္းေျပာၾကားခဲ့သည္။
ေတာင္ငူေကတုမတီနန္းေတာ္ရာႏွင့္ပတ္သက္၍ အတည္ျပဳ၍ရသည့္ေနရာမ်ား၊ ဘုတ္တလုတ္ကန္ေနရာမ်ားကို ျပန္လည္ေဖာ္ထုတ္ရာတြင္ ေရွး ေဟာင္းဥပေဒႏွင့္အညီ ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး ေရွးေဟာင္းအေမြ အႏွစ္ေနရာမ်ားကို ဥပေဒႏွင့္အညီ ကာကြယ္ထိန္းသိမ္းေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။