K POP အမျိုးသမီးအဖွဲ့သစ် Meovv ရဲ့ အဖွဲ့ဝင်အနေနဲ့ ပွဲထွက်လာဦးမယ့် ကမ္ဘာကျော် ကလေးမော်ဒယ် အယ်လာဂရော့

 723

ရောင်နီ (NP News) - သြဂုတ် ၂၅

K-pop အေဂျင်စီ The Black Label က မွေးထုတ်လိုက်တဲ့ နာမည်ကြီး ကလေးမော်ဒယ်တစ်ဦးဖြစ်တဲ့ အယ်လာဂရော့ဟာ နောက်ထပ် မိန်းကလေး K-pop အဖွဲ့သစ်ဖြစ်တဲ့ Meovv မှာ အဖွဲ့ဝင်တစ်ဦးအဖြစ်နဲ့ စက်တင်ဘာလမှာ စတင် ပွဲထွက်လာမယ်လို့ သြဂုတ်လ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒီအကြောင်းကို The Black Label ကုမ္ပဏီက ၄င်းရဲ့တရားဝင် YouTube ချန်နယ်မှာ သြဂုတ်လ ၂၁ ရက်က အကြောင်းကြားလာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ ၂ မိနစ်စာ ဗီဒီယိုဟာ ကြည့်ရှုသူ တစ်သန်းကျော်ထိ ရရှိထားပါတယ်။ အဖွဲ့ထဲမှာ အခြားဘယ်သူတွေ ပါဝင်သွားဦးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ကိုးရီးယား မိခင်နဲ့ ဂျာမန်-အမေရိကန် ဖခင်တို့မှ မွေးဖွားလာတဲ့ အယ်လာဟာ ဆယ်ကျော်သက်အရွယ်နဲ့တင် Gap၊ Fendi၊ Levi's လို Brand တွေရဲ့ကလေးမော်ဒယ်ဖြစ်ခဲ့တာပါ။ သရုပ်ဆောင်ပိုင်းမှာလည်း ဝါသနာပါပြီး Blackpink အဖွဲ့ဝင် ဂျင်းနီ၊ မင်းသမီးကြီး ဆောင်းဟေကိုနဲ့ ရုပ်ချင်းဆင်တူတယ်ဆိုတဲ့မှတ်ချက်တွေ ရရှိထားတဲ့ သူမဟာ အမေရိကန်ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Heather (2018), Malibu Rescue (2019) နဲ့ Star Trek: Picard (2020) ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Zawgyi Version;
K POP အမ်ိဳးသမီးအဖြဲ႕သစ္ Meovv ရဲ႕ အဖြဲ႕ဝင္အေနနဲ႔ ပြဲထြက္လာဦးမယ့္ ကမာၻေက်ာ္ ကေလးေမာ္ဒယ္ အယ္လာဂေရာ့
ေရာင္နီ (NP News) - ၾသဂုတ္ ၂၅

K-pop ေအဂ်င္စီ The Black Label က ေမြးထုတ္လိုက္တဲ့ နာမည္ႀကီး ကေလးေမာ္ဒယ္တစ္ဦးျဖစ္တဲ့ အယ္လာဂေရာ့ဟာ ေနာက္ထပ္ မိန္းကေလး K-pop အဖြဲ႕သစ္ျဖစ္တဲ့ Meovv မွာ အဖြဲ႕ဝင္တစ္ဦးအျဖစ္နဲ႔ စက္တင္ဘာလမွာ စတင္ ပြဲထြက္လာမယ္လို႔ ၾသဂုတ္လ ၂၂ ရက္မွာ ေၾကညာခဲ့ပါတယ္။

ဒီအေၾကာင္းကို The Black Label ကုမၸဏီက ၄င္းရဲ႕တရားဝင္ YouTube ခ်န္နယ္မွာ ၾသဂုတ္လ ၂၁ ရက္က အေၾကာင္းၾကားလာခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီ ၂ မိနစ္စာ ဗီဒီယိုဟာ ၾကည့္ရႈသူ တစ္သန္းေက်ာ္ထိ ရရွိထားပါတယ္။ အဖြဲ႕ထဲမွာ အျခားဘယ္သူေတြ ပါဝင္သြားဦးမလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

ကိုးရီးယား မိခင္နဲ႔ ဂ်ာမန္-အေမရိကန္ ဖခင္တို႔မွ ေမြးဖြားလာတဲ့ အယ္လာဟာ ဆယ္ေက်ာ္သက္အ႐ြယ္နဲ႔တင္ Gap၊ Fendi၊ Levi's လို Brand ေတြရဲ႕ကေလးေမာ္ဒယ္ျဖစ္ခဲ့တာပါ။ သ႐ုပ္ေဆာင္ပိုင္းမွာလည္း ဝါသနာပါၿပီး Blackpink အဖြဲ႕ဝင္ ဂ်င္းနီ၊ မင္းသမီးႀကီး ေဆာင္းေဟကိုနဲ႔ ႐ုပ္ခ်င္းဆင္တူတယ္ဆိုတဲ့မွတ္ခ်က္ေတြ ရရွိထားတဲ့ သူမဟာ အေမရိကန္ဇာတ္လမ္းတြဲေတြျဖစ္တဲ့ Heather (2018), Malibu Rescue (2019) နဲ႔ Star Trek: Picard (2020) ဇာတ္ကားေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Related news

© 2021. All rights reserved.