ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေကြီးမှုတွေကြောင့် လူ(၃)သိန်းနီးပါး အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရ

 292

Pika (NP News) - ဩဂုတ် ၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေကြီးမှုတွေကြောင့် ဩဂုတ်လ(၂၄)ရက်နေ့မှာ နိုင်ငံသား(၃)သိန်းနီးပါးဟာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သဘာဝဘေးအန္တရာယ်အရာရှိတွေကပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံနယ်စပ်အနီး Feni ခရိုင်မှာနေထိုင်တဲ့ အသက်(၆၀)နှစ်အရွယ် Lufton Nahar က"ကျွန်တော့်ရဲ့နေအိမ်က လုံးဝကို ရေနစ်မြုပ်သွားပါပြီ။ ရေတွေက ကျွန်တော်တို့ရဲ့ခေါင်မိုးအပေါ်မှာစီးနေပါပြီ။ ဒီကယ်ဆယ်ရေးစခန်းကို ကျွန်တော့်ရဲ့အစ်ကိုက လှေနဲ့ခေါ်ဆောင်လာခဲ့တာပါ။ သူသာလာမခေါ်ခဲ့ဖူးဆိုရင် ကျွန်တော်တို့ သေနေလောက်ပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။လူဦးရေသန်း(၁၇၀)ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရေကြီးမှုတွေကို မကြာခဏကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုဖောက်ပြန်တာတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သဘာဝဘေးအန္တရာယ်တွေ မကြာခဏကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် ဒါကာမြို့နဲ့ Chittagong မြို့ကြားက အဝေးပြေးလမ်းမကြီးတွေနဲ့ ရထားလမ်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေလည်း အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ်ခန့်အပ်ရေးနဲ့ပတ်သက်ပြီး ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားပြီးတဲ့နောက် သီတင်းပတ်အနည်းငယ်အကြာမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ရေကြီးမှုတွေကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့နေရာတွေထဲမှာ ဘင်္ဂါလီတွေနေထိုင်တဲ့ ကော့ဘဇားခရိုင်လည်း ပါဝင်တယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၈)ဦးသေဆုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Md Kamrul Hasanကပြောကြားခဲ့ပါတယ်။ ၎င်းက 'လူပေါင်း(၂၈၅၀၀၀)ဦးဟာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် စုစုပေါင်းလူ(၄ ဒသမ ၅)သန်းလောက် ရေဘေးသင့်ခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေရႀကီးမႈေတြေၾကာင့္ လူ(၃)သိန္းနီးပါး အေရးေပၚကယ္ဆယ္ေရးစခန္းေတြမွာ ေျပာင္းေ႐ႊ႕ေနထိုင္ေနရ
Pika (NP News) - ဩဂုတ္ ၂၅

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေရႀကီးမႈေတြေၾကာင့္ ဩဂုတ္လ(၂၄)ရက္ေန႔မွာ ႏိုင္ငံသား(၃)သိန္းနီးပါးဟာ အေရးေပၚကယ္ဆယ္ေရးစခန္းေတြမွာ ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရတယ္လို႔ သဘာဝေဘးအႏၲရာယ္အရာရွိေတြကေျပာၾကားခဲ့ပါတယ္။

အိႏၵိယႏိုင္ငံနယ္စပ္အနီး Feni ခ႐ိုင္မွာေနထိုင္တဲ့ အသက္(၆၀)ႏွစ္အ႐ြယ္ Lufton Nahar က"ကြၽန္ေတာ့္ရဲ႕ေနအိမ္က လုံးဝကို ေရနစ္ျမဳပ္သြားပါၿပီ။ ေရေတြက ကြၽန္ေတာ္တို႔ရဲ႕ေခါင္မိုးအေပၚမွာစီးေနပါၿပီ။ ဒီကယ္ဆယ္ေရးစခန္းကို ကြၽန္ေတာ့္ရဲ႕အစ္ကိုက ေလွနဲ႔ေခၚေဆာင္လာခဲ့တာပါ။ သူသာလာမေခၚခဲ့ဖူးဆိုရင္ ကြၽန္ေတာ္တို႔ ေသေနေလာက္ပါၿပီ”လို႔ ေျပာဆိုခဲ့ပါတယ္။လူဦးေရသန္း(၁၇၀)ရွိတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္ေတြအတြင္း ေရႀကီးမႈေတြကို မၾကာခဏႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း သိရပါတယ္။ကမာၻႀကီးပူေႏြးလာမႈႏွင့္အတူ ရာသီဥတုေဖာက္ျပန္တာေတြေၾကာင့္ ကမာၻတစ္ဝွမ္းမွာ သဘာဝေဘးအႏၲရာယ္ေတြ မၾကာခဏႀကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။

မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ ဒါကာၿမိဳ႕နဲ႔ Chittagong ၿမိဳ႕ၾကားက အေဝးေျပးလမ္းမႀကီးေတြနဲ႔ ရထားလမ္းေတြ ထိခိုက္ပ်က္စီးခဲ့ၿပီး စီးပြားေရးလုပ္ငန္းေတြလည္း အေႏွာင့္အယွက္ျဖစ္ခဲ့ရတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အလုပ္ခန႔္အပ္ေရးနဲ႔ပတ္သက္ၿပီး ေက်ာင္းသားေတြဦးေဆာင္တဲ့ဆႏၵျပပြဲေတြျဖစ္ပြားၿပီးတဲ့ေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ေရႀကီးမႈေတြျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။ ေရႀကီးမႈေတြေၾကာင့္ အဆိုး႐ြားဆုံးထိခိုက္ခဲ့တဲ့ေနရာေတြထဲမွာ ဘဂၤါလီေတြေနထိုင္တဲ့ ေကာ့ဘဇားခ႐ိုင္လည္း ပါဝင္တယ္လို႔ အာဏာပိုင္ေတြကေျပာၾကားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၁၈)ဦးေသဆုံးခဲ့တယ္လို႔ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးဝန္ႀကီးဌာန အတြင္းေရးမႉး Md Kamrul Hasanကေျပာၾကားခဲ့ပါတယ္။ ၎က 'လူေပါင္း(၂၈၅၀၀၀)ဦးဟာ အေရးေပၚကယ္ဆယ္ေရးစခန္းေတြမွာ ေနထိုင္ေနရပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ စုစုေပါင္းလူ(၄ ဒသမ ၅)သန္းေလာက္ ေရေဘးသင့္ခဲ့ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.