ဘဏ်လုပ်ငန်းများရပ်ဆိုင်းနေသည့် သီပေါမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ၏ လစာငွေများကို ယခုလကုန်တွင် တောင်ကြီးမြို့၌ထုတ်ပေးမည်

 4855

ယွန်း (NP News) - သြဂုတ် ၂၅

ဘဏ်လုပ်ငန်းများရပ်ဆိုင်းနေသည့် သီပေါမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ၏ လစာငွေများကို ယခုလကုန်တွင် တောင်ကြီးမြို့၌ထုတ်ပေးမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မီဒီယာများကို အသိပေးထားသည်။

ရှမ်းပြည်နယ်၊ သီပေါမြို့နယ် နမ့်လန်ရွာဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ လစာငွေမရရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ အဆိုပါနမ့်လမ်တိုက်နယ်ဆေးရုံသည် သီပေါမြို့နယ်တွင် ပါဝင်ပြီး ယခင်ကသီပေါမြို့နယ်ဘဏ်မှ ထုတ်ယူလျှက်ရှိနေရာ လက်ရှိအခြေအနေကြောင့် သီပေါမြို့နယ်တွင် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုထား သည်။

အလားတူ ပြည်နယ်ရုံးတည်ရှိသည့် လားရှိုးမြို့နယ်တွင်လည်း ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှ လစာထုတ်ပေးနေပြီး ယခုသြဂုတ်လကုန်တွင် လစာရရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။

MNDAA ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင် (၃) ရက်နေ့မှစတင်ကာ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်တွင် တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည် ဖော်ဆောင်ခဲ့ရာ လူနေအိမ်နှင့် ပစ္စည်းများစွာ ထိခိုက်မှုရှိသကဲ့သို့ လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။

zawgyi version
ဘဏ္လုပ္ငန္းမ်ားရပ္ဆိုင္းေနသည့္ သီေပါၿမိဳ႕နယ္ရွိ က်န္းမာေရးဝန္ထမ္းမ်ား၏ လစာေငြမ်ားကို ယခုလကုန္တြင္ ေတာင္ႀကီးၿမိဳ႕၌ထုတ္ေပးမည္

ယြန္း (NP News) - ၾသဂုတ္ ၂၅

ဘဏ္လုပ္ငန္းမ်ားရပ္ဆိုင္းေနသည့္ သီေပါၿမိဳ႕နယ္ရွိ က်န္းမာေရးဝန္ထမ္းမ်ား၏ လစာေငြမ်ားကို ယခုလကုန္တြင္ ေတာင္ႀကီးၿမိဳ႕၌ထုတ္ေပးမည္ျဖစ္ ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက မီဒီယာမ်ားကို အသိေပးထားသည္။

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္ နမ့္လန္႐ြာေဆး႐ုံရွိ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ ၿပီးခဲ့သည့္ ဇူလိုင္လမွစ၍ လစာေငြမရရွိေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ ေျဖၾကားခ်က္အရ အဆိုပါနမ့္လမ္တိုက္နယ္ေဆး႐ုံသည္ သီေပါၿမိဳ႕နယ္တြင္ ပါဝင္ၿပီး ယခင္ကသီေပါၿမိဳ႕နယ္ဘဏ္မွ ထုတ္ယူလွ်က္ရွိေနရာ လက္ရွိအေျခအေနေၾကာင့္ သီေပါၿမိဳ႕နယ္တြင္ ဘဏ္လုပ္ငန္းမ်ား ရပ္ဆိုင္းေနရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ဆိုထား သည္။

အလားတူ ျပည္နယ္႐ုံးတည္ရွိသည့္ လားရႈိးၿမိဳ႕နယ္တြင္လည္း ဘဏ္လုပ္ငန္းမ်ား ရပ္ဆိုင္းခဲ့ရျခင္းေၾကာင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္မွ လစာထုတ္ေပးေနၿပီး ယခုၾသဂုတ္လကုန္တြင္ လစာရရွိမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက အသိေပးထားသည္။

MNDAA ပူးေပါင္းအဖြဲ႕မ်ားသည္ ၿပီးခဲ့သည့္ ဇူလိုင္ (၃) ရက္ေန႔မွစတင္ကာ လားရႈိးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ ေဖာ္ေဆာင္ခဲ့ရာ လူေနအိမ္ႏွင့္ ပစၥည္းမ်ားစြာ ထိခိုက္မႈရွိသကဲ့သို႔ လူေသဆုံးမႈမ်ားလည္း ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.