အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၃)ဦးသေဆုံး

 165

Pika (NP News) - ဩဂုတ် ၂၆

အင်ဒိုနီးရှားနိုင်ငံ North Maluku ပြည်နယ်မှာ ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ(၂၅)ရက်နေ့မှာ အနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဩဂုတ်လ(၂၄)ရက်နေ့တည်းက မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ BNPB ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် လာမည့်ရက်အနည်းငယ်အထိ မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိနေတာမလို့ သတိထားကြနေထိုင်ကြဖို့ ဒေသခံတွေကို BNPB က သတိပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ BNPB ပြောရေးဆိုခွင့်ရှိသူ အက်ဘ်ဒူလ်မူဟာရီက 'ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲရေကြီးမှုတွေနဲ့ပတ်သက်ပြီး နိုးနိုးကြားကြားနေကြဖို့နဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပြည်သူတွေကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်'လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရေဘေးသင့်ဒေသတွေမှာရှိတဲ့ ပြည်သူတွေကို ကယ်ဆယ်ရာမှာ ကူညီဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့တယ်လို့ BNPB ကထပ်မံပြောကြားခဲ့ပါတယ်။ ရေကြီးမှုကြောင့် မြေပြိုမှုတွေနဲ့ အပျက်အစီးတွေနဲ့အတူ မျောပါသွားတဲ့လူတွေကို ကယ်ဆယ်ဖို့အတွက် ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအေဂျင်စီ Basarnas က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလတုန်းက အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်မှာ ရုတ်တရက်ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကြောင့် လူ(၆၀)ဦးကျော်သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

zawgyi version
အင္ဒိုနီးရွားႏိုင္ငံမွာ ေရႀကီးမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၃)ဦးေသဆုံး
Pika (NP News) - ဩဂုတ္ ၂၆

အင္ဒိုနီးရွားႏိုင္ငံ North Maluku ျပည္နယ္မွာ ေရႀကီးမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ဩဂုတ္လ(၂၅)ရက္ေန႔မွာ အနည္းဆုံးလူ(၁၃)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

ဩဂုတ္လ(၂၄)ရက္ေန႔တည္းက မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေအဂ်င္စီ BNPB ကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ လာမည့္ရက္အနည္းငယ္အထိ မိုးသည္းထန္စြာဆက္လက္႐ြာသြန္းႏိုင္ဖြယ္ရွိေနတာမလို႔ သတိထားၾကေနထိုင္ၾကဖို႔ ေဒသခံေတြကို BNPB က သတိေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ BNPB ေျပာေရးဆိုခြင့္ရွိသူ အက္ဘ္ဒူလ္မူဟာရီက 'ျဖစ္ေပၚလာႏိုင္တဲ့ ေနာက္ဆက္တြဲေရႀကီးမႈေတြနဲ႔ပတ္သက္ၿပီး ႏိုးႏိုးၾကားၾကားေနၾကဖို႔နဲ႔ အာဏာပိုင္ေတြရဲ႕ ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ ျပည္သူေတြကို ကြၽန္ေတာ္တို႔ တိုက္တြန္းထားပါတယ္'လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ေရေဘးသင့္ေဒသေတြမွာရွိတဲ့ ျပည္သူေတြကို ကယ္ဆယ္ရာမွာ ကူညီဖို႔အတြက္ အဖြဲ႕တစ္ဖြဲ႕ကို ေစလႊတ္ခဲ့တယ္လို႔ BNPB ကထပ္မံေျပာၾကားခဲ့ပါတယ္။ ေရႀကီးမႈေၾကာင့္ ေျမၿပိဳမႈေတြနဲ႔ အပ်က္အစီးေတြနဲ႔အတူ ေမ်ာပါသြားတဲ့လူေတြကို ကယ္ဆယ္ဖို႔အတြက္ ႀကိဳးပမ္းမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးေအဂ်င္စီ Basarnas က ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေမလတုန္းက အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဆူမားၾတားျပည္နယ္မွာ ႐ုတ္တရက္ေရႀကီးမႈေတြနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ လူ(၆၀)ဦးေက်ာ္ေသဆုံးခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.