ပါကစ္စတန်နိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲကိုထိုးကျတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂၂)ဦးသေဆုံး

 299

Pika (NP News) - ဩဂုတ် ၂၆

ပါကစ္စတန်နိုင်ငံမှာ ဩဂုတ်လ(၂၅)ရက်နေ့က ခရီးသွားဘတ်စ်ကားတစ်စီး ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ(၂၂)ဦးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။

အဲဒီမတော်တဆမှုဟာ ပန်ဂျပ်ပြည်နယ်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကတ်ရှ်မီးယားဒေသကြား နယ်စပ်မှာရှိတဲ့ Azad Pattan မြိုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Farooq Ahmed က'ဒီမတော်တဆမှုအတွင်း ကလေးငယ်တစ်ဦး၊အမျိုး သမီး(၆)ဦးနဲ့ အမျိုးသား(၁၅)ဦး စုစုပေါင်း(၂၂)ဦးသေဆုံးခဲ့ပါတယ်'လို့ပြောဆိုခဲ့ပါတယ်။

အစောပိုင်းသတင်းအချက်အလက်တွေအရ အဲဒီဘတ်စ်ကားဟာ ချောက်တစ်ခုအတွင်းကို ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အခြားပြောရေးဆိုခွင့်ရှိသူ Muhammad Usman Gujjar ကပြောကြားခဲ့ပါတယ်။ ဘေးကင်းရေးအစီအစဉ်တွေနည်းပါးမှုနဲ့ ယာဉ်မောင်းတွေရဲ့ မဆင်မခြင်မောင်းနှင်မှုတွေကြောင့် ပါကစ္စတန်နိုင်ငံမှာ လူအသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေ အဖြစ်များတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အီရန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားတိုက်မိမှုအတွင်း သေဆုံးခဲတဲ့ ပါကစ္စတန်နိုင်ငံသားဘုရာဖူး(၂၈)ဦးရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ဩဂုတ်လ(၂၄) ရက်နေ့မှာ ပါကစ္စတန်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ(၂၀)ရက်နေ့က Arbaeen အထိမ်းအမှတ်ပွဲအတွက် အီရတ်နိုင်ငံကို ဦးတည်သွားနေတဲ့ ပါကစ္စတန်ဘုရားဖူးခရီးသည်(၅၁)ဦးကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ Yazd ပြည်နယ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ရှေ့တစ်ခုမှာ တိမ်းမှောက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းသွားခဲ့တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့ပါတယ်။ ပါကစ္စတန်ဘုရားဖူးခရီးသည်(၅၁)ဦးကို တင်ဆောင်လာတဲဘတ်စ်ကားဟာ ဘရိတ်ချို့ယွင်းမှုနဲ့ မတ်စောက်တဲ့လမ်းကြောင့် ယခုလိုတိမ်းမှောက်မှုဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ အီရန်ယာဉ်ထိန်းရဲတပ်ဖွဲ့အကြီးအကဲ Teymour Hosseini ကပြောကြားခဲ့ပါတယ်။

zawgyi version
ပါကစၥတန္ႏိုင္ငံမွာ ဘတ္စ္ကားတစ္စီး ေခ်ာက္ထဲကိုထိုးက်တိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၂၂)ဦးေသဆုံး
Pika (NP News) - ဩဂုတ္ ၂၆

ပါကစၥတန္ႏိုင္ငံမွာ ဩဂုတ္လ(၂၅)ရက္ေန႔က ခရီးသြားဘတ္စ္ကားတစ္စီး ေခ်ာက္ထဲကို ထိုးက်တိမ္းေမွာက္ခဲ့ရာ အနည္းဆုံးလူ(၂၂)ဦးေသဆုံးခဲ့တယ္လို႔ ကယ္ဆယ္ေရးအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

အဲဒီမေတာ္တဆမႈဟာ ပန္ဂ်ပ္ျပည္နယ္နဲ႔ ပါကစၥတန္အုပ္ခ်ဳပ္တဲ့ ကတ္ရွ္မီးယားေဒသၾကား နယ္စပ္မွာရွိတဲ့ Azad Pattan ၿမိဳအနီးမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ကယ္ဆယ္ေရးအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Farooq Ahmed က'ဒီမေတာ္တဆမႈအတြင္း ကေလးငယ္တစ္ဦး၊အမ်ိဳး သမီး(၆)ဦးနဲ႔ အမ်ိဳးသား(၁၅)ဦး စုစုေပါင္း(၂၂)ဦးေသဆုံးခဲ့ပါတယ္'လို႔ေျပာဆိုခဲ့ပါတယ္။

အေစာပိုင္းသတင္းအခ်က္အလက္ေတြအရ အဲဒီဘတ္စ္ကားဟာ ေခ်ာက္တစ္ခုအတြင္းကို ထိုးက်တိမ္းေမွာက္ခဲ့တာျဖစ္တယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ အျခားေျပာေရးဆိုခြင့္ရွိသူ Muhammad Usman Gujjar ကေျပာၾကားခဲ့ပါတယ္။ ေဘးကင္းေရးအစီအစဥ္ေတြနည္းပါးမႈနဲ႔ ယာဥ္ေမာင္းေတြရဲ႕ မဆင္မျခင္ေမာင္းႏွင္မႈေတြေၾကာင့္ ပါကစၥတန္ႏိုင္ငံမွာ လူအေသအေပ်ာက္မ်ားတဲ့ ယာဥ္မေတာ္တဆမႈေတြ အျဖစ္မ်ားတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အီရန္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ ဘတ္စ္ကားတိုက္မိမႈအတြင္း ေသဆုံးခဲတဲ့ ပါကစၥတန္ႏိုင္ငံသားဘုရာဖူး(၂၈)ဦးရဲ႕ ႐ုပ္အေလာင္းကို ၿပီးခဲ့တဲ့ဩဂုတ္လ(၂၄) ရက္ေန႔မွာ ပါကစၥတန္ကို ျပန္လည္လႊဲေျပာင္းေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ဩဂုတ္လ(၂၀)ရက္ေန႔က Arbaeen အထိမ္းအမွတ္ပြဲအတြက္ အီရတ္ႏိုင္ငံကို ဦးတည္သြားေနတဲ့ ပါကစၥတန္ဘုရားဖူးခရီးသည္(၅၁)ဦးကို တင္ေဆာင္လာတဲ့ ဘတ္စ္ကားဟာ Yazd ျပည္နယ္မွာရွိတဲ့ စစ္ေဆးေရးဂိတ္ေရွ႕တစ္ခုမွာ တိမ္းေမွာက္ခဲ့ၿပီးေနာက္ မီးေလာင္ကြၽမ္းသြားခဲ့တာျဖစ္တယ္လို႔ အီရန္ႏိုင္ငံပိုင္႐ုပ္သံလိုင္းက ေဖာ္ျပခဲ့ပါတယ္။ ပါကစၥတန္ဘုရားဖူးခရီးသည္(၅၁)ဦးကို တင္ေဆာင္လာတဲဘတ္စ္ကားဟာ ဘရိတ္ခ်ိဳ႕ယြင္းမႈနဲ႔ မတ္ေစာက္တဲ့လမ္းေၾကာင့္ ယခုလိုတိမ္းေမွာက္မႈျဖစ္ပြားခဲ့တာ ျဖစ္ႏိုင္တယ္လို႔ အီရန္ယာဥ္ထိန္းရဲတပ္ဖြဲ႕အႀကီးအကဲ Teymour Hosseini ကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.