အိုက်စလန်ရှိ ရေခဲမြစ်တစ်ခုမှာ ရေခဲနံရံပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးပြီး (၂)ဦးပိတ်မိနေ

 349

ရောင်နီ (NP News) - ဩဂုတ် ၂၇

အိုက်စလန်အရှေ့တောင်ပိုင်းရှိ ရေခဲမြစ်တစ်ခုမှာ သြဂုတ်လ၂၅ ရက်က ရေခဲနံရံပြိုကျခဲ့ခြင်းကြောင့် အဆိုပါ နေရာကို အလည်အပတ်ရောက်ရှိနေတဲ့ လူတစ်ဦးသေဆုံးပြီး နှစ်ဦးပိတ်မိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။

ဧည့်လမ်းညွှန်တစ်ဦး အပါအဝင် လူ (၂၅)ယောက်ခန့် ပါဝင်တဲ့ ခရီးသွားအုပ်စုဟာ Breidamerkurjokull ရေခဲမြစ်မှာရှိတဲ့ ရေခဲဂူကို လာရောက်စဉ် ဩဂုတ်လ ၂၅ ရက်၊ မွန်းလွဲ ၃ နာရီအချိန်ခန့်က ရေခဲနံရံပြိုကျမှု ဖြစ်ခဲ့တာ ဖြစ်တယ်လို့ အရေးပေါ်တုံ့ပြန်ရေး ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျွန်ဝီဂလန်ဒ်ဆွမ်က ပြောကြားခဲ့ပါတယ်။ အဆိုပါ ရေခဲမြစ်ဟာ အကျယ် အဝန်း ၁၄,၁၄၀ စတုရန်းကီလိုမီတာနီးပါးရှိပြီး ဥရောပရဲ့ အကြီးဆုံး Vatnajokull အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

အဆိုပါ ရေခဲနံရံပြိုကျမှုကြောင့် အခြားလူ (၂)ဦးလည်း ပိတ်မိနေတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။ အန္တရာယ်ရှိတဲ့ နယ်မြေအခြေအနေကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ခဏရပ်တံ့ခဲ့ရပေမယ့် ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ခရီးသွားအုပ်စုဟာ ဘယ်ခရီးစဉ်က ထွက်ခွာလာပြီး သူတို့ကို ဘယ်ခရီးသွား ကုမ္ပဏီက စီစဉ်ပေးလိုက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Breidamerkurjokull ဟာ ၎င်းရဲ့ လှပတဲ့ရေခဲဂူတွေကြောင့် လူသိများ ကျော်ကြားပါတယ်။

zawgyi version
အိုက္စလန္ရွိ ေရခဲျမစ္တစ္ခုမွာ ေရခဲနံရံၿပိဳက်မႈေၾကာင့္ လူတစ္ဦးေသဆုံးၿပီး (၂)ဦးပိတ္မိေန
ေရာင္နီ (NP News) - ဩဂုတ္ ၂၇

အိုက္စလန္အေရွ႕ေတာင္ပိုင္းရွိ ေရခဲျမစ္တစ္ခုမွာ ၾသဂုတ္လ၂၅ ရက္က ေရခဲနံရံၿပိဳက်ခဲ့ျခင္းေၾကာင့္ အဆိုပါ ေနရာကို အလည္အပတ္ေရာက္ရွိေနတဲ့ လူတစ္ဦးေသဆုံးၿပီး ႏွစ္ဦးပိတ္မိေနတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားပါတယ္။

ဧည့္လမ္းၫႊန္တစ္ဦး အပါအဝင္ လူ (၂၅)ေယာက္ခန႔္ ပါဝင္တဲ့ ခရီးသြားအုပ္စုဟာ Breidamerkurjokull ေရခဲျမစ္မွာရွိတဲ့ ေရခဲဂူကို လာေရာက္စဥ္ ဩဂုတ္လ ၂၅ ရက္၊ မြန္းလြဲ ၃ နာရီအခ်ိန္ခန႔္က ေရခဲနံရံၿပိဳက်မႈ ျဖစ္ခဲ့တာ ျဖစ္တယ္လို႔ အေရးေပၚတုံ႔ျပန္ေရး ေျပာေရးဆိုခြင့္ရွိသူ မစၥတာဂြၽန္ဝီဂလန္ဒ္ဆြမ္က ေျပာၾကားခဲ့ပါတယ္။ အဆိုပါ ေရခဲျမစ္ဟာ အက်ယ္ အဝန္း ၁၄,၁၄၀ စတုရန္းကီလိုမီတာနီးပါးရွိၿပီး ဥေရာပရဲ႕ အႀကီးဆုံး Vatnajokull အမ်ိဳးသားဥယ်ာဥ္ရဲ႕ အစိတ္အပိုင္း တစ္ခုလည္း ျဖစ္ပါတယ္။

အဆိုပါ ေရခဲနံရံၿပိဳက်မႈေၾကာင့္ အျခားလူ (၂)ဦးလည္း ပိတ္မိေနတယ္လို႔ ေဒသခံ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ အႏၲရာယ္ရွိတဲ့ နယ္ေျမအေျခအေနေၾကာင့္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြကို ခဏရပ္တံ့ခဲ့ရေပမယ့္ ဆက္လက္ရွာေဖြမႈေတြ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ အဆိုပါ ခရီးသြားအုပ္စုဟာ ဘယ္ခရီးစဥ္က ထြက္ခြာလာၿပီး သူတို႔ကို ဘယ္ခရီးသြား ကုမၸဏီက စီစဥ္ေပးလိုက္တယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

Breidamerkurjokull ဟာ ၎ရဲ႕ လွပတဲ့ေရခဲဂူေတြေၾကာင့္ လူသိမ်ား ေက်ာ္ၾကားပါတယ္။

Related news

© 2021. All rights reserved.