PV ဖြင့် ပြည်ပထွက် အလုပ်လုပ်မှုကို ကန့်သတ်ခြင်းမှာ သင့်တော်သည့်နည်းလမ်းဟုဆို

 3596

သန့်ဇင် (NP News) - ဩဂုတ် ၂၇

အလုပ်အကိုင် ဗီဇာရယူကာ PV ဖြင့် ပြည်ပထွက်ခွာမှုကို ကန့်သတ်ခြင်းမှာ သင့်တော်သည့် နည်းလမ်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ အလည်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးသည့်(PV) အမျိုးအစားကိုင်ဆောင် သူများသည် အလည်အတွက် မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့သွားရောက် လုပ်ကိုင်မှု များလည်း ရှိနေသည့်အတွက် ပြည်ပတွင်အခက်အခဲပြဿနာ တစ်စုံ တစ်ရာ ပေါ်ပေါက်ပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုထားသည်။

PV အမျိုးအစား ပတ်စ်ပို့စ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မှုများရှိသဖြင့် ပြည်ပအလုပ် သွားလုပ်မည့်သူများ OWIC ကတ်ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန်လည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
‘အဓိကတော့ အများစုက Visit Passport နဲ့ပတ်သက်တာကို ကန့်သတ်တာပဲ။ နောက်ပြီးတော့ တိုင်းပြည်က လူ့စွမ်းအားအရင်းမြစ်တွေ အရမ်းထွက်နေပြီလေ။ ဒါတွေလည်း ကန့်သတ်ဖို့လိုတာပေါ့လေ။ နောက်ပြီးတော့တစ်ခါ Visit နဲ့ ထွက်ခြင်းကြောင့် နိုင်ငံတော်ကို သွင်းရမယ့် သူတို့ရဲ့ ဝင်ငွေခွန်တို့ နောက်ပြီးတော့ မိသားစုကိုပြန်ပို့ရမယ့် (၂၅) ရာခိုင်နှုန်းတို့ ဆိုတာတွေက သူတို့ကိုဘယ်လိုမှ စည်းကြပ်လို့ မရဘူးလေ။ သူတို့က Visit နဲ့သွားတော့ အဲဒီနည်းနဲ့ ကန့်သတ်တဲ့သဘောပေါ့’ဟု အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတစ်ဦးကပြောသည်။

PV ကို ကန့်သတ်ထိန်းချုပ်လိုက်သည့်အတွက် ပြည်ပသို့သွားရောက်အလုပ် လုပ်ကိုင်သူများသည် PJ အလုပ်အကိုင် အေဂျင်စီးများမှ တစ်ဆင့်သွား ရောက်လုပ်ကိုင်ကာ နိုင်ငံတော်မှ သတ်မှတ် ထားသည့် ဝင်ငွေခွန်(၁၀) ရာခိုင်နှုန်း ပေးဆောင်၍ မိသားစုသို့ ပြန်လည် လွှဲပြောင်းရမည့် (၂၅)ရာခိုင် နှုန်းကိုလည်း ပြန်လည်ပို့ဆောင်စေနိုင်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

‘ဒီလိုထိန်းချုပ်တာတော့ လက်ရှိတာဝန်ရှိတဲ့ အဖွဲ့အစည်းက ဒီနည်းလမ်းပဲ သုံးရင်သင့်တော်မယ်လို့ ထင်လို့ ဆိုပြီးသုံးတဲ့သဘောပေါ့နော်။ သို့သော် သူတို့အဖို့တော့ အချိန်စောင့်ကြည့်ဖို့လို တာပေါ့နော်။ နောက်တစ်ခုက ဟိုးတုန်း က ရှိခဲ့တဲ့မူလို Visit သွားမယ်ဆိုရင် သတ်တမ်းကို တစ်နှစ်ပဲ ပေးတော့တာမျိုးတို့ အဲဒီလိုမျိုးတွေပဲ ဖြစ်သွားမလားမသိ ဘူးပေါ့လေ။ ဒါက သူတို့လည်း အစဉ်အဆက်လုပ်ခဲ့တဲ့ လူတွေဆီ မေးမြန်းပြီးတော့ ပြင်သင့်ရင်လည်းပြင်မှာ ပေါ့နော်’ဟု ၎င်းကဆိုသည်။

ယခုနောက်ပိုင်း ရန်ကုန်လေဆိပ်မှတစ်ဆင့် PV ဖြင့် ပြည်ပထွက်ခွာမည့် လူငယ်များကို စိစစ်ကြပ်မတ်မှု များလုပ်လာသည့်အတွက် ယင်းကိစ္စကို အခြေပြု၍ ပြည်ပြေးမီဒီယာများက အစိုးရအား ထိခိုက်နစ်နာစေရန် ထိုးနှက်ရေးသားမှုများ လုပ်လာသည်ကို တွေ့ရသည်။

zawgyi version
PV ျဖင့္ ျပည္ပထြက္ အလုပ္လုပ္မႈကို ကန႔္သတ္ျခင္းမွာ သင့္ေတာ္သည့္နည္းလမ္းဟုဆို
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၇

အလုပ္အကိုင္ ဗီဇာရယူကာ PV ျဖင့္ ျပည္ပထြက္ခြာမႈကို ကန႔္သတ္ျခင္းမွာ သင့္ေတာ္သည့္ နည္းလမ္းကို ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း အၿငိမ္းစားႏိုင္ငံ့ဝန္ထမ္းတစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

ျပည္ပႏိုင္ငံမ်ားသို႔ အလည္ဗီဇာျဖင့္ သြားေရာက္လည္ပတ္ႏိုင္ရန္ထုတ္ေပးသည့္(PV) အမ်ိဳးအစားကိုင္ေဆာင္ သူမ်ားသည္ အလည္အတြက္ မဟုတ္ဘဲ အလုပ္အကိုင္ဗီဇာမ်ား ေလွ်ာက္ထားရယူၿပီး ျပည္ပသို႔သြားေရာက္ လုပ္ကိုင္မႈ မ်ားလည္း ရွိေနသည့္အတြက္ ျပည္ပတြင္အခက္အခဲျပႆနာ တစ္စုံ တစ္ရာ ေပၚေပါက္ပါက ကူညီေျဖရွင္း ေဆာင္႐ြက္ေပးရန္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုထားသည္။

PV အမ်ိဳးအစား ပတ္စ္ပို႔စ္ျဖင့္ အလုပ္သြားေရာက္လုပ္ကိုင္မႈမ်ားရွိသျဖင့္ ျပည္ပအလုပ္ သြားလုပ္မည့္သူမ်ား OWIC ကတ္ရရွိမွသာ သြားေရာက္လုပ္ကိုင္ၾကရန္လည္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
‘အဓိကေတာ့ အမ်ားစုက Visit Passport နဲ႔ပတ္သက္တာကို ကန႔္သတ္တာပဲ။ ေနာက္ၿပီးေတာ့ တိုင္းျပည္က လူ႔စြမ္းအားအရင္းျမစ္ေတြ အရမ္းထြက္ေနၿပီေလ။ ဒါေတြလည္း ကန႔္သတ္ဖို႔လိုတာေပါ့ေလ။ ေနာက္ၿပီးေတာ့တစ္ခါ Visit နဲ႔ ထြက္ျခင္းေၾကာင့္ ႏိုင္ငံေတာ္ကို သြင္းရမယ့္ သူတို႔ရဲ႕ ဝင္ေငြခြန္တို႔ ေနာက္ၿပီးေတာ့ မိသားစုကိုျပန္ပို႔ရမယ့္ (၂၅) ရာခိုင္ႏႈန္းတို႔ ဆိုတာေတြက သူတို႔ကိုဘယ္လိုမွ စည္းၾကပ္လို႔ မရဘူးေလ။ သူတို႔က Visit နဲ႔သြားေတာ့ အဲဒီနည္းနဲ႔ ကန႔္သတ္တဲ့သေဘာေပါ့’ဟု အၿငိမ္းစား ႏိုင္ငံ့ဝန္ထမ္းတစ္ဦးကေျပာသည္။

PV ကို ကန႔္သတ္ထိန္းခ်ဳပ္လိုက္သည့္အတြက္ ျပည္ပသို႔သြားေရာက္အလုပ္ လုပ္ကိုင္သူမ်ားသည္ PJ အလုပ္အကိုင္ ေအဂ်င္စီးမ်ားမွ တစ္ဆင့္သြား ေရာက္လုပ္ကိုင္ကာ ႏိုင္ငံေတာ္မွ သတ္မွတ္ ထားသည့္ ဝင္ေငြခြန္(၁၀) ရာခိုင္ႏႈန္း ေပးေဆာင္၍ မိသားစုသို႔ ျပန္လည္ လႊဲေျပာင္းရမည့္ (၂၅)ရာခိုင္ ႏႈန္းကိုလည္း ျပန္လည္ပို႔ေဆာင္ေစႏိုင္မည္ ျဖစ္ေၾကာင္း ၎က သုံးသပ္သည္။

‘ဒီလိုထိန္းခ်ဳပ္တာေတာ့ လက္ရွိတာဝန္ရွိတဲ့ အဖြဲ႕အစည္းက ဒီနည္းလမ္းပဲ သုံးရင္သင့္ေတာ္မယ္လို႔ ထင္လို႔ ဆိုၿပီးသုံးတဲ့သေဘာေပါ့ေနာ္။ သို႔ေသာ္ သူတို႔အဖို႔ေတာ့ အခ်ိန္ေစာင့္ၾကည့္ဖို႔လို တာေပါ့ေနာ္။ ေနာက္တစ္ခုက ဟိုးတုန္း က ရွိခဲ့တဲ့မူလို Visit သြားမယ္ဆိုရင္ သတ္တမ္းကို တစ္ႏွစ္ပဲ ေပးေတာ့တာမ်ိဳးတို႔ အဲဒီလိုမ်ိဳးေတြပဲ ျဖစ္သြားမလားမသိ ဘူးေပါ့ေလ။ ဒါက သူတို႔လည္း အစဥ္အဆက္လုပ္ခဲ့တဲ့ လူေတြဆီ ေမးျမန္းၿပီးေတာ့ ျပင္သင့္ရင္လည္းျပင္မွာ ေပါ့ေနာ္’ဟု ၎ကဆိုသည္။

ယခုေနာက္ပိုင္း ရန္ကုန္ေလဆိပ္မွတစ္ဆင့္ PV ျဖင့္ ျပည္ပထြက္ခြာမည့္ လူငယ္မ်ားကို စိစစ္ၾကပ္မတ္မႈ မ်ားလုပ္လာသည့္အတြက္ ယင္းကိစၥကို အေျချပဳ၍ ျပည္ေျပးမီဒီယာမ်ားက အစိုးရအား ထိခိုက္နစ္နာေစရန္ ထိုးႏွက္ေရးသားမႈမ်ား လုပ္လာသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.