ဗြိတိန်အကသင်တန်း ဓားထိုးမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော မိန်းကလေးနှစ်ဦးကို တေလာဆွစ်ဖ် ခေါ်ယူတွေ့ဆုံ
583
Pika (NP News) - ဩဂုတ် ၂၇
ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဖ်သည် ပြီးခဲ့သည့်လနှောင်းပိုင်းက ဗြိတိန်အကသင်တန်း တစ်ခုတွင်ဖြစ်ပွားခဲ့သော ဓားထိုးမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော မိန်းကလေး(၂)ဦးကို လန်ဒန် မြို့တွင်ကျင်းပသော ၎င်း၏ Eras Tour ရှိုးပွဲစင်မြင့်နောက်တွင် တွေ့ဆုံရန် ဖိတ်ကြားခဲ့ကြောင်း သိရ သည်။
ပြီးခဲသည့်ဇူလိုင်လက Merseyside ကောင်တီ Southport မြို့ရှိ အကသင်တန်းတစ်ခု တွင် ဖြစ်ပွားခဲ့သော ဓားထိုးမှုအတွင်း မိန်းကလေးငယ်(၃)ဦး သေဆုံးခဲ့ပြီးနောက် အလွန်စိတ် မကောင်းဖြစ်မိသွားကြောင်း အသက်(၃၄)နှစ်အရွယ် တေလာဆွစ်ဖ်ကပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါဓားထိုးမှုအတွင်း ထိခိုက် ဒဏ်ရာရရှိ/သေဆုံးခဲ့သောလူများ၏ မိသားစုဝင် များကို လည်း ဆက်သွယ်ခဲ့ကြောင်း တေလာဆွစ်ဖ် ကပြောကြားခဲ့သည်။ Sami Foster ဆိုသည့် အမျိုးသမီး သည် ၎င်း၏သမီးဖြစ်သူ Hope ၊ Autumn တို့က လန်ဒန်မြို့ Wembley အား ကစားကွင်းတွင် ကျင်းပ သော ရှိုးပွဲ၏ စင်မြင့်နောက်တွင် တေလာဆွစ်ဖ်နှင့်အတူ တွေ့ဆုံနေသည့် ဗီဒီယိုဖိုင်တစ်ခုကို TikTok ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။
တေလာဆွစ်ဖ်သည် လန်ဒန်မြို့တွင် ကျင်းပသော ၎င်း၏ Eras Tour ရှိုးပွဲအတွင်း မိသားစုပေါင်းမည်မျှနှင့် တွေ့ဆုံခဲ့သည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်း လင်းလင်း မသိရှိရသေးသော်လည်း Foster မိသားစုမှာ ၎င်းနှင့်တွေ့ဆုံရန် ဖိတ်ကြားခံခဲ့ရသည့် တစ်ခုတည်းသောမိသားစု မဟုတ်ကြောင်းလည်းသိရသည်။
အဆိုပါတွေ့ဆုံမှုများနှင့်ပတ်သက်ပြီး တေလာဆွစ်ဖ်က လူသိရှင်ကြားထုတ်ပြန်ပြောဆို ခြင်းများ လည်း မရှိသေးကြောင်းသိရသည်။ ထို့ပြင် တေလာဆွစ်ဖ်သည် အဆိုပါဓားထိုးမှု အတွင်း သေဆုံးသွား ခဲ့သော မိန်းကလေးငယ်(၃)ဦး၏ မိသားစုများနှင့် တိတ်တိတ်ဆိတ်ဆိတ် တွေ့ဆုံခြင်းမျိုးရှိခဲ့ကြောင်း လည်းသိရသည်။ အဆိုပါ ဓားထိုးမှုအတွင်း အခြားကလေးငယ် (၈)ဦးနှင့် အရွယ်ရောက်ပြီး သူ(၂)ဦးတို့ လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
zawgyi version
ၿဗိတိန္အကသင္တန္း ဓားထိုးမႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ မိန္းကေလးႏွစ္ဦးကို ေတလာဆြစ္ဖ္ ေခၚယူေတြ႕ဆုံ
Pika (NP News) - ဩဂုတ္ ၂၇
ကမာၻေက်ာ္အဆိုေတာ္ေတလာဆြစ္ဖ္သည္ ၿပီးခဲ့သည့္လေႏွာင္းပိုင္းက ၿဗိတိန္အကသင္တန္း တစ္ခုတြင္ျဖစ္ပြားခဲ့ေသာ ဓားထိုးမႈအတြင္း ထိခိုက္ ဒဏ္ရာရရွိခဲ့ေသာ မိန္းကေလး(၂)ဦးကို လန္ဒန္ ၿမိဳ႕တြင္က်င္းပေသာ ၎၏ Eras Tour ရႈိးပြဲစင္ ျမင့္ေနာက္တြင္ ေတြ႕ဆုံရန္ ဖိတ္ၾကားခဲ့ေၾကာင္း သိရ သည္။
ၿပီးခဲသည့္ဇူလိုင္လက Merseyside ေကာင္တီ Southport ၿမိဳ႕ရွိ အကသင္တန္းတစ္ခု တြင္ ျဖစ္ပြားခဲ့ေသာ ဓားထိုးမႈအတြင္း မိန္းက ေလးငယ္(၃)ဦး ေသဆုံးခဲ့ၿပီးေနာက္ အလြန္စိတ္ မေကာင္းျဖစ္မိ သြားေၾကာင္း အသက္(၃၄)ႏွစ္အ႐ြယ္ ေတလာဆြစ္ဖ္ကေျပာၾကားခဲ့သည္။
ထို႔ျပင္ အဆိုပါဓားထိုးမႈအတြင္း ထိခိုက္ ဒဏ္ရာရရွိ/ေသဆုံးခဲ့ေသာလူမ်ား၏ မိသားစုဝင္ မ်ားကို လည္း ဆက္သြယ္ခဲ့ေၾကာင္း ေတလာဆြစ္ဖ္ ကေျပာၾကားခဲ့သည္။ Sami Foster ဆိုသည့္ အမ်ိဳးသမီး သည္ ၎၏သမီးျဖစ္သူ Hope ၊ Autumn တို႔က လန္ဒန္ၿမိဳ႕ Wembley အား ကစားကြင္းတြင္ က်င္းပ ေသာ ရႈိးပြဲ၏ စင္ျမင့္ေနာက္တြင္ ေတလာဆြစ္ဖ္ႏွင့္အတူ ေတြ႕ဆုံေနသည့္ ဗီဒီယိုဖိုင္တစ္ခုကို TikTok ေပၚတြင္ တင္ခဲ့ေၾကာင္း သိရသည္။
ေတလာဆြစ္ဖ္သည္ လန္ဒန္ၿမိဳ႕တြင္ က်င္းပေသာ ၎၏ Eras Tour ရႈိးပြဲအတြင္း မိသားစုေပါင္းမည္မွ်ႏွင့္ ေတြ႕ဆုံခဲ့သည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္း လင္းလင္း မသိရွိရေသးေသာ္လည္း Foster မိသားစုမွာ ၎ႏွင့္ေတြ႕ဆုံရန္ ဖိတ္ၾကားခံခဲ့ရသည့္ တစ္ခုတည္းေသာမိသားစု မဟုတ္ေၾကာင္းလည္းသိရသည္။
အဆိုပါေတြ႕ဆုံမႈမ်ားႏွင့္ပတ္သက္ၿပီး ေတလာဆြစ္ဖ္က လူသိရွင္ၾကားထုတ္ျပန္ေျပာဆို ျခင္းမ်ား လည္း မရွိေသးေၾကာင္းသိရသည္။ ထို႔ျပင္ ေတလာဆြစ္ဖ္သည္ အဆိုပါဓားထိုးမႈ အတြင္း ေသဆုံးသြား ခဲ့ေသာ မိန္းကေလးငယ္(၃)ဦး၏ မိသားစုမ်ားႏွင့္ တိတ္တိတ္ဆိတ္ဆိတ္ ေတြ႕ဆုံျခင္းမ်ိဳးရွိခဲ့ေၾကာင္း လည္းသိရသည္။ အဆိုပါ ဓားထိုးမႈအတြင္း အျခားကေလးငယ္ (၈)ဦးႏွင့္ အ႐ြယ္ေရာက္ၿပီး သူ(၂)ဦးတို႔ လည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္းသိရသည္။