မြန်မာနိုင်ငံအနေဖြင့် မျောက်ကျောက်ရောဂါကို စောင့်ကြည့်စာရင်းတွင် ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း အကြံပြု

 1936

စော (NP News) - ဩဂုတ် ၂၇

မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စောင့်ကြည့်ရောဂါများစာရင်းတွင် ထည့်သွင်းကာ ဆောင်ရွက်သင့်ကြောင်း အကြံပြုမှု များရှိနေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မျောက်ကျောက် (Mpox) ရောဂါကူးစက်မှုကို နိုင်ငံတကာ ပြည်သူ့ ကျန်းမာ ရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် (၂၀၂၄) ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။ ထိုသို့ ကြေညာခဲ့ပြီးနောက် ဆွီဒင်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံများတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ရပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံထားရသည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ် ပထမဆုံးလူနာကို တွေ့ရှိခဲ့၍ မြန်မာနိုင်ငံရှိ ပြည်သူလူထုများအကြား စိုးရိမ်ပူပန်မှုများရှိလာကြောင်း သိရသည်။
‘ကျွန်တော်သိသလောက်ပြောပြရမယ်ဆိုရင်တော့ ဒီဟာက နိုင်ငံတကာမှာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အနေနဲ့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကလည်း စောင့်ကြည့်ရောဂါများစာရင်းထဲ ကိုထည့်ပြီးတော့ လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်နေလိမ့်မယ်လို့ ထင်ပါတယ်’ဟု ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာမှ အထူးကုသမားတော် ဒေါက်တာပြည့်ထူးက NP News ကို ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာလေ ဆိပ်များနှင့် ရေလမ်းခရီးလမ်းကြောင်းများမှ ရောက်ရှိလာသော ခရီးသည်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ကိုဖြည့်သွင်းပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာများကို မဖြတ်သန်းခင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများထံ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက နှီးနွှယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)တို့တွင် ကိုယ် အပူချိန်တိုင်းတာခြင်း၊ ပြည်ပဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေး ကြေညာချက်ကို ကျန်းမာရေးတာဝန်ရှိ သူများ က စစ်ဆေးခြင်း၊ ခရီးသည်များကို မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း အစရှိသော ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မျောက်ကျောက် ရောဂါကာကွယ်ရေး အတွက် ကရင်ပြည်နယ် မြဝတီမြို့နယ်စပ် ဝင်၊ ထွက် ဂိတ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ မွေတော်ကျွန်း လူဝင်/လူထွက် စစ်ဆေးရေး ကင်းစခန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ တံတားအမှတ် (၁) နယ်စပ်ဝင်ထွက်ဂိတ်များတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

‘မျောက်ကျောက်ရောဂါဆိုတာက ဗိုင်းရပ်စ် ကြောင့်ဖြစ်တာပေါ့နော်။ အခုမှ အသစ်အဆန်း ဖြစ်နေလို့သာ လူတွေက အရမ်းကြောက်တဲ့ရောဂါထဲမှာ ဖြစ်နေတာပါ။ အရမ်းကြီး သေဆုံးမှုမြင့်မားတဲ့၊ လူတွေကိုအများကြီး ထိခိုက် နိုင်တဲ့ ရောဂါထဲမှာတော့ ဆရာဝန်တစ်ယောက်အနေနဲ့ပြောရရင် မပါဘူးလို့ ပြောလို့ရတယ်။ မိုးရာသီမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သွေးလွန်တုပ်ကွေးကတောင် အဲဒီထက် သေဆုံးမှုနှုန်းပို များတယ်။ အရမ်းကြီးကြောက်ရမယ့် ရောဂါတော့ မဟုတ်ဘူး’ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ မျောက်ကျောက်ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေ၍ ပြည်သူ လူထုအနေဖြင့် ရောဂါကူးစက် ဖြစ်ပွားမှုမှကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးခြင်း၊ နိုင်ငံအတွင်းသို့ ရောဂါကူးစက် ဝင်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားမှုစောင့် ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံအေနျဖင့္ ေမ်ာက္ေက်ာက္ေရာဂါကို ေစာင့္ၾကည့္စာရင္းတြင္
ထည့္သြင္းေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳ
ေစာ (NP News) - ဩဂုတ္ ၂၇

ေမ်ာက္ေက်ာက္ေရာဂါႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအေနျဖင့္ ေစာင့္ၾကည့္ေရာဂါမ်ားစာရင္းတြင္ ထည့္သြင္းကာ ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳမႈ မ်ားရွိေနသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က ေမ်ာက္ေက်ာက္ (Mpox) ေရာဂါကူးစက္မႈကို ႏိုင္ငံတကာ ျပည္သူ႔ က်န္းမာ ေရးအေရးေပၚအေျခအေန (PHEIC) အျဖစ္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၁၄) ရက္ေန႔တြင္ ေၾကညာခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ေၾကညာခဲ့ၿပီးေနာက္ ဆြီဒင္ႏိုင္ငံႏွင့္ ပါကစၥတန္ႏိုင္ငံမ်ားတြင္ ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ခံထားရသူမ်ားကို ေတြ႕ရွိခဲ့ရၿပီး အိမ္နီးခ်င္းႏိုင္ငံျဖစ္ေသာ ထိုင္းႏိုင္ငံတြင္ ေရာဂါကူးစက္ခံထားရသည္ဟု ယူဆရသည့္ သံသယျဖစ္ဖြယ္ ပထမဆုံးလူနာကို ေတြ႕ရွိခဲ့၍ ျမန္မာႏိုင္ငံရွိ ျပည္သူလူထုမ်ားအၾကား စိုးရိမ္ပူပန္မႈမ်ားရွိလာေၾကာင္း သိရသည္။
‘ကြၽန္ေတာ္သိသေလာက္ေျပာျပရမယ္ဆိုရင္ေတာ့ ဒီဟာက ႏိုင္ငံတကာမွာ ျပည္သူ႔က်န္းမာေရး အေရးေပၚ အေနနဲ႔ သတ္မွတ္ထားတာျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံကလည္း ေစာင့္ၾကည့္ေရာဂါမ်ားစာရင္းထဲ ကိုထည့္ၿပီးေတာ့ လုပ္ေဆာင္သင့္တာေတြ လုပ္ေဆာင္ေနလိမ့္မယ္လို႔ ထင္ပါတယ္’ဟု ကာကြယ္ေရးႏွင့္ အပူပိုင္းေဆးပညာမွ အထူးကုသမားေတာ္ ေဒါက္တာျပည့္ထူးက NP News ကို ေျပာသည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံသို႔ အျပည္ျပည္ဆိုင္ရာေလ ဆိပ္မ်ားႏွင့္ ေရလမ္းခရီးလမ္းေၾကာင္းမ်ားမွ ေရာက္ရွိလာေသာ ခရီးသည္မ်ားအေနျဖင့္ က်န္းမာေရးဆိုင္ရာ အခ်က္အလက္မ်ား ကိုျဖည့္သြင္းၿပီး လူဝင္မႈႀကီးၾကပ္ေရးေကာင္တာမ်ားကို မျဖတ္သန္းခင္ သက္ဆိုင္ရာ က်န္းမာေရးဝန္ႀကီးဌာနဝန္ထမ္းမ်ားထံ တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနက ႏွီးႏႊယ္ဝန္ႀကီးဌာနမ်ားႏွင့္ပူးေပါင္း၍ ျပည္ပႏိုင္ငံမ်ားမွ ဝင္ေရာက္လာ သူမ်ားကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ (တံတားဦး)တို႔တြင္ ကိုယ္ အပူခ်ိန္တိုင္းတာျခင္း၊ ျပည္ပဆိုက္ေရာက္ခရီးသည္မ်ား၏ က်န္းမာေရး ေၾကညာခ်က္ကို က်န္းမာေရးတာဝန္ရွိ သူမ်ား က စစ္ေဆးျခင္း၊ ခရီးသည္မ်ားကို ေမ်ာက္ေက်ာက္ေရာဂါႏွင့္ပတ္သက္၍ ႏႈိးေဆာ္ထားရွိျခင္း အစရွိေသာ ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ား အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေမ်ာက္ေက်ာက္ ေရာဂါကာကြယ္ေရး အတြက္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္စပ္ ဝင္၊ ထြက္ ဂိတ္၊ တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕ ေမြေတာ္ကြၽန္း လူဝင္/လူထြက္ စစ္ေဆးေရး ကင္းစခန္း၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ တံတားအမွတ္ (၁) နယ္စပ္ဝင္ထြက္ဂိတ္မ်ားတြင္လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

‘ေမ်ာက္ေက်ာက္ေရာဂါဆိုတာက ဗိုင္းရပ္စ္ ေၾကာင့္ျဖစ္တာေပါ့ေနာ္။ အခုမွ အသစ္အဆန္း ျဖစ္ေနလို႔သာ လူေတြက အရမ္းေၾကာက္တဲ့ေရာဂါထဲမွာ ျဖစ္ေနတာပါ။ အရမ္းႀကီး ေသဆုံးမႈျမင့္မားတဲ့၊ လူေတြကိုအမ်ားႀကီး ထိခိုက္ ႏိုင္တဲ့ ေရာဂါထဲမွာေတာ့ ဆရာဝန္တစ္ေယာက္အေနနဲ႔ေျပာရရင္ မပါဘူးလို႔ ေျပာလို႔ရတယ္။ မိုးရာသီမွာ ျဖစ္ေလ့ ျဖစ္ထရွိတဲ့ ေသြးလြန္တုပ္ေကြးကေတာင္ အဲဒီထက္ ေသဆုံးမႈႏႈန္းပို မ်ားတယ္။ အရမ္းႀကီးေၾကာက္ရမယ့္ ေရာဂါေတာ့ မဟုတ္ဘူး’ဟု ၎က ေျပာသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ေရာဂါျဖစ္ပြားႏိုင္ေျခသတ္မွတ္ခ်က္အရ ေမ်ာက္ေက်ာက္ေရာဂါသည္ ျမန္မာႏိုင္ငံတြင္ ကူးစက္ျဖစ္ပြားႏိုင္ေျခနည္းပါးေသာ္လည္း အိမ္နီးခ်င္းႏွင့္ ေဒသတြင္းႏိုင္ငံမ်ားတြင္ ကူးစက္ျဖစ္ပြားမႈမ်ားရွိေန၍ ျပည္သူ လူထုအေနျဖင့္ ေရာဂါကူးစက္ ျဖစ္ပြားမႈမွကာကြယ္ႏိုင္ရန္ က်န္းမာေရးအသိပညာေပးျခင္း၊ ႏိုင္ငံအတြင္းသို႔ ေရာဂါကူးစက္ ဝင္ေရာက္မႈမရွိေစေရး ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ ေရာဂါျဖစ္ပြားမႈေစာင့္ ၾကပ္ၾကည့္ရႈျခင္း၊ ထိန္းခ်ဳပ္တုံ႔ျပန္ေဆာင္႐ြက္ျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.