ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၌ TNLA က ဗမာများကို TNLA ယူနီဖောင်းဝတ်ပေးပြီး အသေခံခိုင်းနေ
11978
သုတကျော် (NP News) - ဩဂုတ် ၂၈
TNLA အဖွဲ့အတွင်း ၎င်းတို့ ယူနီဖောင်း ဝတ်ထားသော်လည်း “ပလောင်” စကားမပြောဘဲ “ဗမာ” စကားပြောသူ အများအပြားပါဝင်နေကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့သူ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက NP News ကို အတည်ပြုပြောကြားသည်။
အဆိုပါ သတင်းရင်းမြစ်သည် ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့ဘက်သို့ သွားရောက်ခဲ့ရာ ၎င်း မြင်တွေ့ခဲ့ရသော အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
NP News က မူလရရှိထားသော အချက်အလက်များအရ အချို့ PDF များက TNLA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့နှင့်ပူးတွဲ တိုက်ခိုက်နေသည်ဟုသိရသော်လည်း ယခုရရှိသော အချက်အလက်မှာမူ အသစ်ဖြစ်သည်။ ထို့ပြင် TNLA က တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် အထိနာခဲ့ရာ မိုးကုတ်မြို့မှ PDF အင်အားများကို အချိန်မရွေးလေကြောင်း တိုက်ခိုက်ခံရနိုင်သည့် ကျောက်မဲမြို့ဘက်ပို့ထားပြီး အဆိုပါမြို့မှ TNLA အင်အားများကို ထုတ်နုတ်ကာ အခြားဒေသများဘက် ခွဲပို့ထားကြောင်းလည်း သိရ သည်။ ‘လက်ရှိအခြေအနေမှာတော့ သုံးမြို့စလုံး ရောက်ခဲ့တယ်။ ကျောက်မဲက စားဝတ်နေရေး ခက်တယ်။ သီပေါလည်း အတူတူပဲ။ လားရှိုးတစ်ခုပဲ နည်း နည်းလေး MNDAA က စကားပြန်နဲ့ စည်းရုံးရေး ဆင်းနေတဲ့ကာလပေါ့ (ရယ်လျက်)။ တိုက်ပွဲက ဖြစ် တုန်းပဲ ပြောရမှာပေါ့။ မငြိမ်သေးဘူးပေါ့။ သီပေါမှာ ဆိုလည်း တပ်က မကျဘူး။ မြို့ပြင်ကို ရောက်သွားတာ။ ပလောင်က ရဲတို့ဘာတို့ ယူနီဖောင်းနဲ့မြို့ကို ပတ်တယ်။ အဲဒီလို အနေအထားပါ’ ဟု ၎င်းက ဆိုသည်။
ကိုယ်တိုင်မြင်တွေ့သိကြားခဲ့ရသော အခြေအနေအရ ကျောက်မဲကဲ့သို့ သီပေါမြို့ခံများကလည်း TNLA လက်အောက်တွင်မနေလိုသောကြောင့် ထွက်ခွာခြင်းများရှိနေပြီး လားရှိုးမြို့တွင် မြို့ခံများ ပြန်လည်ဝင်ရောက် နေသော် လည်း အချို့မှာ စီးပွားရေးအရ သို့မဟုတ် အခြားနေရာသို့ ပြောင်းရွှေ့ရန်အတွက် ဝင်ရောက်ခြင်းမျိုး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘လားရှိုးကတော့ အဝင်အထွက် နည်းနည်းလွယ်တယ်။ ကျောက်မဲနဲ့ သီပေါကတော့ အဝင်၊ အထွက် နည်း နည်းခက်တယ်’ဟု ၎င်းက ရှင်းပြသည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှင် TNLA ဘက်က တိုက်ပွဲ မဖြစ်ဘဲ ဗုံးကြဲသည်ဟုဆို သော်လည်း တပ်မတော်ဘက်က လေကြောင်းတိုက် ခိုက်မှုပြုလုပ်သည့်နေရာများမှာ ၎င်းတို့ခိုအောင်းသည့် နေရာများသာဖြစ် ကြောင်း ၎င်းက ဆိုသည်။
‘တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘာညာပေါ့။ ဒါတွေက ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့က ပြောရင် ဟိုဘက် အားပေး ဒီဘက် အားပေး ဖြစ်မှာ။ သတင်းရလို့ လေယာဉ်နဲ့ ဗုံးကြဲရင် ဖြစ်ပွားခြင်းမရှိဘဲ ဆိုပြီး ပြောတယ်။ တကယ်က သူတို့က ရှိတာ။ သူတို့ ကိုယ်တိုင်က လူနေအိမ်တွေ ကြားထဲဝင်နေတာလေ’ ဟု ၎င်းကဆိုသည်။
လေယာဉ်သံ ကြားပါက TNLA အဖွဲ့ဝင် များသည် သာသနိက အဆောက် အအုံများသို့ ဝင်ကာ အကာအကွယ် ယူလေ့ရှိကြောင်းလည်း ၎င်းက ဆို သည်။ ‘ရှင်းရှင်းလင်းလင်း ပြောပြမယ်။ ကျောက်မဲမှာ TNLA ဝတ်စုံဝတ်ထားတာ ဗမာတွေ ချည်းပဲ။ ကျွန်တော် သိတယ်။ အညာက ပုံစံတွေချည်းပဲ။ ဒီကောင်တွေ နောင်တရသင့်တယ်။ အခိုင်းခံနေ ရ တာ။ သေစရာရှိရင် မင်းသေဆိုတဲ့ ပုံစံမျိုးထားတာ။ ခက်တော့ ခက်တယ်။ ဗမာစကားပဲ ပြောတာ။ အသံ ကို နားထောင်ရင်သိတယ်လေ’ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် TNLA ကိုယ်တိုင်က ၎င်းတို့ ထိန်းချုပ်နယ်မြေရှိ လူမျိုးတူတိုင်းရင်း သားများကို စစ်မှုထမ်းရန် ခေါ်နေသောကြောင့် ထွက်ပြေးနေရသူများ ရှိကြောင်းလည်း သိရသည်။ သပိတ်ကျင်းအနီးတစ် ဝိုက်တွင်လည်း TNLA များနှင့် ဗမာ PDF များအကြား နယ်မြေအငြင်းပွားသည့် ရန်ပွဲများ ဖြစ်ပေါ်နေသည်ကို ရုပ်သံအချို့၌ တွေ့နေရသည်။
zawgyi version
ေက်ာက္မဲ၊ သီေပါ၊ မိုးကုတ္၌ TNLA က ဗမာမ်ားကို TNLA ယူနီေဖာင္းဝတ္ေပးၿပီး အေသခံခိုင္းေန
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၈
TNLA အဖြဲ႕အတြင္း ၎တို႔ ယူနီေဖာင္း ဝတ္ထားေသာ္လည္း “ပေလာင္” စကားမေျပာဘဲ “ဗမာ” စကားေျပာသူ အမ်ားအျပားပါဝင္ေနေၾကာင္း ကိုယ္တိုင္ေတြ႕ျမင္ခဲ့သူ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသခံ သတင္းရင္းျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာၾကားသည္။
အဆိုပါ သတင္းရင္းျမစ္သည္ ေက်ာက္မဲ၊ သီေပါႏွင့္ လားရႈိးၿမိဳ႕ဘက္သို႔ သြားေရာက္ခဲ့ရာ ၎ ျမင္ေတြ႕ခဲ့ရေသာ အေျခအေနႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကား ခဲ့ျခင္းျဖစ္သည္။
NP News က မူလရရွိထားေသာ အခ်က္အလက္မ်ားအရ အခ်ိဳ႕ PDF မ်ားက TNLA အပါအဝင္ ေျမာက္ပိုင္းသုံးဖြဲ႕ႏွင့္ပူးတြဲ တိုက္ခိုက္ေနသည္ဟုသိရေသာ္လည္း ယခုရရွိေသာ အခ်က္အလက္မွာမူ အသစ္ျဖစ္သည္။ ထို႔ျပင္ TNLA က တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ေသာေၾကာင့္ အထိနာခဲ့ရာ မိုးကုတ္ၿမိဳ႕မွ PDF အင္အားမ်ားကို အခ်ိန္မေ႐ြးေလေၾကာင္း တိုက္ခိုက္ခံရႏိုင္သည့္ ေက်ာက္မဲၿမိဳ႕ဘက္ပို႔ထားၿပီး အဆိုပါၿမိဳ႕မွ TNLA အင္အားမ်ားကို ထုတ္ႏုတ္ကာ အျခားေဒသမ်ားဘက္ ခြဲပို႔ထားေၾကာင္းလည္း သိရ သည္။ ‘လက္ရွိအေျခအေနမွာေတာ့ သုံးၿမိဳ႕စလုံး ေရာက္ခဲ့တယ္။ ေက်ာက္မဲက စားဝတ္ေနေရး ခက္တယ္။ သီေပါလည္း အတူတူပဲ။ လားရႈိးတစ္ခုပဲ နည္း နည္းေလး MNDAA က စကားျပန္နဲ႔ စည္း႐ုံးေရး ဆင္းေနတဲ့ကာလေပါ့ (ရယ္လ်က္)။ တိုက္ပြဲက ျဖစ္ တုန္းပဲ ေျပာရမွာေပါ့။ မၿငိမ္ေသးဘူးေပါ့။ သီေပါမွာ ဆိုလည္း တပ္က မက်ဘူး။ ၿမိဳ႕ျပင္ကို ေရာက္သြားတာ။ ပေလာင္က ရဲတို႔ဘာတို႔ ယူနီေဖာင္းနဲ႔ၿမိဳ႕ကို ပတ္တယ္။ အဲဒီလို အေနအထားပါ’ ဟု ၎က ဆိုသည္။
ကိုယ္တိုင္ျမင္ေတြ႕သိၾကားခဲ့ရေသာ အေျခအေနအရ ေက်ာက္မဲကဲ့သို႔ သီေပါၿမိဳ႕ခံမ်ားကလည္း TNLA လက္ေအာက္တြင္မေနလိုေသာေၾကာင့္ ထြက္ခြာျခင္းမ်ားရွိေနၿပီး လားရႈိးၿမိဳ႕တြင္ ၿမိဳ႕ခံမ်ား ျပန္လည္ဝင္ေရာက္ ေနေသာ္ လည္း အခ်ိဳ႕မွာ စီးပြားေရးအရ သို႔မဟုတ္ အျခားေနရာသို႔ ေျပာင္းေ႐ႊ႕ရန္အတြက္ ဝင္ေရာက္ျခင္းမ်ိဳး ျဖစ္ေၾကာင္း ၎က ဆိုသည္။ ‘လားရႈိးကေတာ့ အဝင္အထြက္ နည္းနည္းလြယ္တယ္။ ေက်ာက္မဲနဲ႔ သီေပါကေတာ့ အဝင္၊ အထြက္ နည္း နည္းခက္တယ္’ဟု ၎က ရွင္းျပသည္။ ထို႔ျပင္ ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္လွ်င္ TNLA ဘက္က တိုက္ပြဲ မျဖစ္ဘဲ ဗုံးႀကဲသည္ဟုဆို ေသာ္လည္း တပ္မေတာ္ဘက္က ေလေၾကာင္းတိုက္ ခိုက္မႈျပဳလုပ္သည့္ေနရာမ်ားမွာ ၎တို႔ခိုေအာင္းသည့္ ေနရာမ်ားသာျဖစ္ ေၾကာင္း ၎က ဆိုသည္။
‘တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ ဘာညာေပါ့။ ဒါေတြက ကြၽန္ေတာ္တို႔ သိတယ္။ ကြၽန္ေတာ္တို႔က ေျပာရင္ ဟိုဘက္ အားေပး ဒီဘက္ အားေပး ျဖစ္မွာ။ သတင္းရလို႔ ေလယာဥ္နဲ႔ ဗုံးႀကဲရင္ ျဖစ္ပြားျခင္းမရွိဘဲ ဆိုၿပီး ေျပာတယ္။ တကယ္က သူတို႔က ရွိတာ။ သူတို႔ ကိုယ္တိုင္က လူေနအိမ္ေတြ ၾကားထဲဝင္ေနတာေလ’ ဟု ၎ကဆိုသည္။
ေလယာဥ္သံ ၾကားပါက TNLA အဖြဲ႕ဝင္ မ်ားသည္ သာသနိက အေဆာက္ အအုံမ်ားသို႔ ဝင္ကာ အကာအကြယ္ ယူေလ့ရွိေၾကာင္းလည္း ၎က ဆို သည္။ ‘ရွင္းရွင္းလင္းလင္း ေျပာျပမယ္။ ေက်ာက္မဲမွာ TNLA ဝတ္စုံဝတ္ထားတာ ဗမာေတြ ခ်ည္းပဲ။ ကြၽန္ေတာ္ သိတယ္။ အညာက ပုံစံေတြခ်ည္းပဲ။ ဒီေကာင္ေတြ ေနာင္တရသင့္တယ္။ အခိုင္းခံေန ရ တာ။ ေသစရာရွိရင္ မင္းေသဆိုတဲ့ ပုံစံမ်ိဳးထားတာ။ ခက္ေတာ့ ခက္တယ္။ ဗမာစကားပဲ ေျပာတာ။ အသံ ကို နားေထာင္ရင္သိတယ္ေလ’ဟု ၎က ရွင္းျပသည္။
ထို႔ျပင္ TNLA ကိုယ္တိုင္က ၎တို႔ ထိန္းခ်ဳပ္နယ္ေျမရွိ လူမ်ိဳးတူတိုင္းရင္း သားမ်ားကို စစ္မႈထမ္းရန္ ေခၚေနေသာေၾကာင့္ ထြက္ေျပးေနရသူမ်ား ရွိေၾကာင္းလည္း သိရသည္။ သပိတ္က်င္းအနီးတစ္ ဝိုက္တြင္လည္း TNLA မ်ားႏွင့္ ဗမာ PDF မ်ားအၾကား နယ္ေျမအျငင္းပြားသည့္ ရန္ပြဲမ်ား ျဖစ္ေပၚေနသည္ကို ႐ုပ္သံအခ်ိဳ႕၌ ေတြ႕ေနရသည္။