ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၆)တွင် အရန်စစ်အင်အား (၄) သိန်းအထိ တိုးချဲ့နိုင်ရန် ပြင်ဆင်နေ
5368
မြူနစ် (NP News) - ဩဂုတ် ၂၈
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၆)တွင် အရန်စစ်အင်အား (၄)သိန်းအထိ တိုးချဲ့နိုင် ရန် စီစဉ်ပြင်ဆင်နေကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO/PNA)မှ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၆)ရှိ ပင် လောင်းမြို့နယ် နောင်တရားမြို့တွင် အခြေခံစစ်ပ ညာသင်တန်းအမှတ်စဉ်(၁)ကို ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါအခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၁)ကို နောင်တရားမြို့ရှိ ကျေးရွာအုပ်စု(၄)စုမှ ဒေသခံ တိုင်းရင်းသား (၁၀ဝဝဝ) ကျော်က တက်ရောက်နေလျက်ရှိကြောင်း သိရသည်။ “နောင်တရားမြို့မှာဖွင့်တဲ့ အခြေခံစစ် ပညာသင်တန်းမှာ တစ်သောင်းကျော်လာတက်တယ်။ ဒါအမှတ်စဉ်(၁)ပေါ့။ အဓိကတော့ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ဖို့ ကိစ္စပါပဲ။ ကျွန်တော်တို့က ပထမ ဆုံး စည်းရုံးရေးဆင်းတယ်။ စည်းရုံးရေး ဆင်းတယ်ဆိုတာက ပင်လောင်းမြို့နယ်ရဲ့ တောင်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းမှာပဲ အကြမ်းဖက်သောင်းကျန်းသူတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ အခြေခံပြီးတော့မှ ဒါက ကျွန်တော်တို့ကိုယ်တိုင် မကာကွယ်နိုင်ဘူးဆိုရင် ဆက်ပြီးတော့မှ ဆင့်ကဲဆင့်ကဲ ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကို လူထုတွေ သဘောပေါက်နားလည်အောင် ကျွန်တော်တို့က ပထမဦးဆုံး ရှင်းပြရတာပေါ့။ အဲဒီလိုရှင်းပြပြီးတဲ့နောက်ပိုင်းမှာတော့ စာရင်းလာပေးကြတဲ့လူက အရမ်း များတယ်ပေါ့နော်။ ဆိုလိုတာက လူထုတွေက သဘောပေါက် သွားတာပေါ့” ဟု PNO/PNA မှ ထိပ်ပိုင်း အရာရှိက ပြော သည်။
အဆိုပါတပ်သားအင်အား (၁၀ဝဝဝ)ကျော်သည် မိမိဒေသကို ကာကွယ်လိုစိတ်ဖြင့် လာရောက် စာရင်းပေးကာ သင်တန်းတက်ရောက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
ပအိုဝ်းဒေသတွင် ကာကွယ်ရေးစနစ်ကို ကိုယ်တိုင်တည်ဆောက်ခြင်းဖြစ်သကဲ့သို့ နိုင်ငံတော် နှင့် ပူးပေါင်းကာ အထူးဒေသ(၆)တွင် ယှဉ်တွဲနေထိုင်သည့် တိုင်းရင်းသားအားလုံး၏ လုံခြုံရေး၊ ကာကွယ်ရေးကိစ္စများကိုလည်း ဆောင်ရွက်ရန်ဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။
အထူးဒေသ(၆)တွင် စန္တားခမ်း၊ မျင့်မိုရ်း ခမ်း၊ ဖြားဗွာခမ်း၊ သူရိယခမ်းအမည်တို့ တိုင်း(၄)တိုင်း သတ်မှတ်ကာ အုပ်ချုပ်နေလျက်ရှိပြီး ယင်းတိုင်း များထဲတွင် ပင်လောင်းမြို့၊ နောင်တရားမြို့၊ ဆီဆိုင်မြို့၊ ဟိုပုံးမြို့ စသည့်မြို့အစိတ်အပိုင်းများ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ယင်းတိုင်း(၄)တိုင်းတွင် အရန် စစ်အင်အား (၄)သိန်းအထိ တိုးချဲ့နိုင်ရန် စီစဉ်ပြင် ဆင်နေကြောင်းလည် PNO/PNA ထိပ်ပိုင်းအရာ ရှိက ဆက်လက်ပြောသည်။
“ကျွန်တော်တို့က တကယ့်ဖိုက်တာတွေကို တိုင်းတစ်တိုင်းမှာ အင်အားတစ်သောင်းစီရှိဖို့ပေါ့။ နောက်မှာကတော့ အရန်အင်အားအနေနဲ့ တိုင်းတစ်တိုင်းမှာ တစ်သိန်းစီထားဖို့ ကျွန်တော်တို့ ပြင်ဆင်နေ တယ်ပေါ့။ အခုန ကျွန်တော်ပြောသလိုပေါ့။ တကယ့် ဖိုက်တာသမားတွေက အရှေ့မှာရှိတယ်။ အရှေ့မှာ တိုက်နေတယ်။ တိုက်နေတဲ့အချိန်မှာ နေရာတစ်ခုကို ပြန်သိမ်းထားနိုင်ပြီဆိုရင် အဲဒီနောက်မှာ ကွက်လပ် ကျန်နေတဲ့နေရာကို ရှေ့တန်းရောက်နေတဲ့သူက နောက်ကို ပြန်လှည့်ပြီး ကာကွယ်လို့ မရတော့ဘူး။ အဲဒီ အချိန်မှာ။ ရှေ့တန်းကို ကာဖို့အတွက် ဖိုက်တာက အရှေ့မှာရှိတယ်။ အဲဒီနောက်မှာမှ အခုသင်တန်း တက်ထားတဲ့ တပ်သားတွေက အဲဒီနေရာကို ဝင်ထိုင် မှာပေါ့” ဟု ၎င်းကပြောသည်။
ယခု (၂၀၂၄) ခုနှစ် ဇန်နဝါရီလအတွင်း၌ KNDF၊ PNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၆)ရှိ ဆီဆိုင်မြို့တွင် တိုက်ပွဲများကို အပြင်းအထန် ဖော်ဆောင်ခဲ့ဖူးသည်။
zawgyi version
ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထူးေဒသ(၆)တြင္ အရန္စစ္အင္အား (၄) သိန္းအထိ တိုးခ်ဲ႕ႏိုင္ရန္ ျပင္ဆင္ေန
ျမဴနစ္ (NP News) - ဩဂုတ္ ၂၈
ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထူးေဒသ(၆)တြင္ အရန္စစ္အင္အား (၄)သိန္းအထိ တိုးခ်ဲ႕ႏိုင္ ရန္ စီစဥ္ျပင္ဆင္ေနေၾကာင္း ပအိုဝ္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္(PNO/PNA)မွ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထူးေဒသ(၆)ရွိ ပင္ ေလာင္းၿမိဳ႕နယ္ ေနာင္တရားၿမိဳ႕တြင္ အေျခခံစစ္ပ ညာသင္တန္းအမွတ္စဥ္(၁)ကို ဖြင့္လွစ္ထားေၾကာင္း သိရသည္။
အဆိုပါအေျခခံစစ္ပညာသင္တန္း အမွတ္စဥ္(၁)ကို ေနာင္တရားၿမိဳ႕ရွိ ေက်း႐ြာအုပ္စု(၄)စုမွ ေဒသခံ တိုင္းရင္းသား (၁၀ဝဝဝ) ေက်ာ္က တက္ေရာက္ေနလ်က္ရွိေၾကာင္း သိရသည္။ “ေနာင္တရားၿမိဳ႕မွာဖြင့္တဲ့ အေျခခံစစ္ ပညာသင္တန္းမွာ တစ္ေသာင္းေက်ာ္လာတက္တယ္။ ဒါအမွတ္စဥ္(၁)ေပါ့။ အဓိကေတာ့ လုံၿခဳံေရးပိုင္းဆိုင္ရာ ေဆာင္႐ြက္ဖို႔ ကိစၥပါပဲ။ ကြၽန္ေတာ္တို႔က ပထမ ဆုံး စည္း႐ုံးေရးဆင္းတယ္။ စည္း႐ုံးေရး ဆင္းတယ္ဆိုတာက ပင္ေလာင္းၿမိဳ႕နယ္ရဲ႕ ေတာင္ဘက္ျခမ္းမွာ ၿပီးခဲ့တဲ့ ၂၀၂၃ ႏွစ္ဆန္းပိုင္းမွာပဲ အၾကမ္းဖက္ေသာင္းက်န္းသူေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့အေပၚမွာ အေျခခံၿပီးေတာ့မွ ဒါက ကြၽန္ေတာ္တို႔ကိုယ္တိုင္ မကာကြယ္ႏိုင္ဘူးဆိုရင္ ဆက္ၿပီးေတာ့မွ ဆင့္ကဲဆင့္ကဲ ပ်က္စီးမႈေတြ ျဖစ္လာႏိုင္တယ္ဆိုတဲ့ဟာကို လူထုေတြ သေဘာေပါက္နားလည္ေအာင္ ကြၽန္ေတာ္တို႔က ပထမဦးဆုံး ရွင္းျပရတာေပါ့။ အဲဒီလိုရွင္းျပၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ စာရင္းလာေပးၾကတဲ့လူက အရမ္း မ်ားတယ္ေပါ့ေနာ္။ ဆိုလိုတာက လူထုေတြက သေဘာေပါက္ သြားတာေပါ့” ဟု PNO/PNA မွ ထိပ္ပိုင္း အရာရွိက ေျပာ သည္။
အဆိုပါတပ္သားအင္အား (၁၀ဝဝဝ)ေက်ာ္သည္ မိမိေဒသကို ကာကြယ္လိုစိတ္ျဖင့္ လာေရာက္ စာရင္းေပးကာ သင္တန္းတက္ေရာက္ျခင္း ျဖစ္ေၾကာင္းလည္း ၎က ထပ္မံေျပာသည္။
ပအိုဝ္းေဒသတြင္ ကာကြယ္ေရးစနစ္ကို ကိုယ္တိုင္တည္ေဆာက္ျခင္းျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္ ႏွင့္ ပူးေပါင္းကာ အထူးေဒသ(၆)တြင္ ယွဥ္တြဲေနထိုင္သည့္ တိုင္းရင္းသားအားလုံး၏ လုံၿခဳံေရး၊ ကာကြယ္ေရးကိစၥမ်ားကိုလည္း ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း ဆက္လက္ရွင္းျပသည္။
အထူးေဒသ(၆)တြင္ စႏၲားခမ္း၊ မ်င့္မိုရ္း ခမ္း၊ ျဖားဗြာခမ္း၊ သူရိယခမ္းအမည္တို႔ တိုင္း(၄)တိုင္း သတ္မွတ္ကာ အုပ္ခ်ဳပ္ေနလ်က္ရွိၿပီး ယင္းတိုင္း မ်ားထဲတြင္ ပင္ေလာင္းၿမိဳ႕၊ ေနာင္တရားၿမိဳ႕၊ ဆီဆိုင္ၿမိဳ႕၊ ဟိုပုံးၿမိဳ႕ စသည့္ၿမိဳ႕အစိတ္အပိုင္းမ်ား ပါဝင္ေၾကာင္း သိရသည္။
လက္ရွိတြင္ ယင္းတိုင္း(၄)တိုင္းတြင္ အရန္ စစ္အင္အား (၄)သိန္းအထိ တိုးခ်ဲ႕ႏိုင္ရန္ စီစဥ္ျပင္ ဆင္ေနေၾကာင္းလည္ PNO/PNA ထိပ္ပိုင္းအရာ ရွိက ဆက္လက္ေျပာသည္။
“ကြၽန္ေတာ္တို႔က တကယ့္ဖိုက္တာေတြကို တိုင္းတစ္တိုင္းမွာ အင္အားတစ္ေသာင္းစီရွိဖို႔ေပါ့။ ေနာက္မွာကေတာ့ အရန္အင္အားအေနနဲ႔ တိုင္းတစ္တိုင္းမွာ တစ္သိန္းစီထားဖို႔ ကြၽန္ေတာ္တို႔ ျပင္ဆင္ေန တယ္ေပါ့။ အခုန ကြၽန္ေတာ္ေျပာသလိုေပါ့။ တကယ့္ ဖိုက္တာသမားေတြက အေရွ႕မွာရွိတယ္။ အေရွ႕မွာ တိုက္ေနတယ္။ တိုက္ေနတဲ့အခ်ိန္မွာ ေနရာတစ္ခုကို ျပန္သိမ္းထားႏိုင္ၿပီဆိုရင္ အဲဒီေနာက္မွာ ကြက္လပ္ က်န္ေနတဲ့ေနရာကို ေရွ႕တန္းေရာက္ေနတဲ့သူက ေနာက္ကို ျပန္လွည့္ၿပီး ကာကြယ္လို႔ မရေတာ့ဘူး။ အဲဒီ အခ်ိန္မွာ။ ေရွ႕တန္းကို ကာဖို႔အတြက္ ဖိုက္တာက အေရွ႕မွာရွိတယ္။ အဲဒီေနာက္မွာမွ အခုသင္တန္း တက္ထားတဲ့ တပ္သားေတြက အဲဒီေနရာကို ဝင္ထိုင္ မွာေပါ့” ဟု ၎ကေျပာသည္။
ယခု (၂၀၂၄) ခုႏွစ္ ဇန္နဝါရီလအတြင္း၌ KNDF၊ PNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔သည္ ပအိုဝ္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထူးေဒသ(၆)ရွိ ဆီဆိုင္ၿမိဳ႕တြင္ တိုက္ပြဲမ်ားကို အျပင္းအထန္ ေဖာ္ေဆာင္ခဲ့ဖူးသည္။