အစ္စရေးအတွက် ဟားမတ်စ်ထက် ပိုအန္တရာယ်ရှိသော ဟဇ်ဘိုလာအဖွဲ့

 2263

ALynn (NP News) - ဩဂုတ် ၂၈

အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲဖြစ်ပွားပြီးကတည်းက လက်ဘနွန်ပြည်သူ့စစ်၊ ဟဇ်ဘိုလာအဖွဲ့သည် ဟားမတ်စ်အဖွဲ့နှင့် အတူတကွရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များ၊ ဒုံးပျံများနှင့် ပေါက်ကွဲစေတတ်သော ဒရုန်းများကို နေ့စဉ်နီးပါးပစ်ခတ်ခဲ့ပြီး အစ္စရေးက ၎င်းတို့၏ ပစ်ခတ်မှုများကို တုံ့ပြန်ခဲ့သည်။ ဩဂုတ်လနှောင်းပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်လာကာ အလုံးစုံစစ်ပွဲကို ဦးတည်နိုင်သည့် အန္တရာယ်ဖြစ်ခဲ့သည်။ သို့သော် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ နှစ်ဦးစလုံးသည် အလုံးစုံပဋိပက္ခကို ရှောင်ရှားဖို့အတွက် ကြိုးပမ်းနေကြဆဲဖြစ်သည်။

အီရန်သည် ဟစ်ဇ်ဘိုလာအား ရန်ပုံငွေ၊ လေ့ကျင့်ရေး၊ လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများအပြင် နိုင်ငံရေး၊ သံတမန်ရေး၊ ငွေကြေးနှင့် အဖွဲ့အစည်းဆိုင်ရာ အကူအညီအများစုကို ထောက်ပံ့ပေးနေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဆိုသည်။ အဆိုပါအဖွဲ့သည် “မှောင်ခိုကုန်ကူးမှု၊ နိုင်ငံကူးလက်မှတ်အတုပြုလုပ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ အကြွေးဝယ်ကတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဘဏ်လိမ်လည်မှု” အပါအဝင် တရားဝင် နှင့် တရားမဝင် လမ်းကြောင်းများမှ ရန်ပုံငွေရရှိနေကြောင်း နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုလာသည် ၎င်း၏ အထောက်အပံ့အားလုံးကို အီရန်မှလာသည်ဟု ယခင်ကပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

ဟစ်ဇ်ဘိုလာသည် အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး ပြည်သူ့စစ်ဖြစ်လာပြီး အီရန်၏ အရေးအကြီးဆုံး မဟာမိတ်ဖြစ်လာကာ ၎င်း၏ ခေါင်း ဆောင်များသည် ယီမင်ရှိ ဟူသီသူပုန်များ ပါဝင်သော မဟာမိတ်စစ်သွေးကြွအဖွဲ့များ ကွန်ရက်ကို ဆက်လက်ထိန်းသိမ်းထားရန် ကူညီပေးလျက်ရှိသည်။ ဟစ်ဇ်ဘိုလာက တိုက်ခိုက်ရေးသမား ၁၀၀,၀၀၀ ရှိကြောင်း၊ အစ္စရေး စစ်တပ်၏ ခန့်မှန်းချက်အရ ၎င်းတွင် အမြဲတမ်းတပ်သား ၂၀,၀၀၀ မှ ၂၅,၀၀၀ နှင့် သောင်းနှင့်ချီသော အရန်တပ်ဖွဲ့ဝင်များရှိသည်။

အစ္စရေးစစ်လေယာဉ်များသည် လက်ဘနွန်တောင်ပိုင်းကို သြဂုတ် ၂၅ ရက်က အကြီးစားတိုက်ခိုက်ခဲ့ရာ ဟဇ်ဘိုလာဒုံးကျည်ပစ်လွှတ်မှု ထောင်ပေါင်းများစွာကို ဖယ်ရှားနိုင်ခဲ့သည်။ အစ္စရေးတာဝန်ရှိသူများက အဆိုပါ စစ်ဆင်ရေးကို ကြိုတင်ကာကွယ်မှုဟု ခေါ်ဆိုခဲ့သည်။ ဇူလိုင်လတွင် ဘေရွတ်မြို့၌ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အစ္စရေးတပ်မှူး Fuad Shukr သေဆုံးခဲ့ခြင်းအတွက် လက်တုံ့ပြန်ရန် ဟစ်ဇ်ဘိုလာမှ သိသိသာသာ တိုက်ခိုက်မှုတစ်ခု ပြုလုပ်တော့မည်ဟူသော ထောက်လှမ်းရေးသတင်းအချက်အလက်များအပေါ် အခြေခံ၍ ထိုကဲ့သို့ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြောင်း ပြောကြားခဲ့သည်။

သြဂုတ် ၂၅ ရက်က တိုက်ခိုက်မှုများကြောင့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား အလုံးစုံစစ်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သော်လည်း နေ့လယ်ပိုင်းတွင် နှစ်ဖက်စလုံးက ၎င်းတို့၏ ပုံမှန်အတိုင်း အကန့်အသတ်ဖြင့် အပြန်အလှန် ပစ်ခတ်မှုများကို ပြန်လည် စတင်ခဲ့သည်။

zawgyi version
အစၥေရးအတြက္ ဟားမတ္စ္ထက္ ပိုအႏၲရာယ္ရွိေသာ ဟဇ္ဘိုလာအဖြဲ႕
ALynn (NP News) - ဩဂုတ္ ၂၈

အစၥေရးႏွင့္ ပါလက္စတိုင္း စစ္ေသြးႂကြအဖြဲ႕ ဟားမတ္စ္တို႔ၾကား စစ္ပြဲျဖစ္ပြားၿပီးကတည္းက လက္ဘႏြန္ျပည္သူ႔စစ္၊ ဟဇ္ဘိုလာအဖြဲ႕သည္ ဟားမတ္စ္အဖြဲ႕ႏွင့္ အတူတကြရပ္တည္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အစၥေရးေျမာက္ပိုင္းသို႔ ဒုံးက်ည္မ်ား၊ ဒုံးပ်ံမ်ားႏွင့္ ေပါက္ကြဲေစတတ္ေသာ ဒ႐ုန္းမ်ားကို ေန႔စဥ္နီးပါးပစ္ခတ္ခဲ့ၿပီး အစၥေရးက ၎တို႔၏ ပစ္ခတ္မႈမ်ားကို တုံ႔ျပန္ခဲ့သည္။ ဩဂုတ္လေႏွာင္းပိုင္းမွစ၍ တိုက္ပြဲမ်ား ျပင္းထန္လာကာ အလုံးစုံစစ္ပြဲကို ဦးတည္ႏိုင္သည့္ အႏၲရာယ္ျဖစ္ခဲ့သည္။ သို႔ေသာ္ အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာတို႔ ႏွစ္ဦးစလုံးသည္ အလုံးစုံပဋိပကၡကို ေရွာင္ရွားဖို႔အတြက္ ႀကိဳးပမ္းေနၾကဆဲျဖစ္သည္။

အီရန္သည္ ဟစ္ဇ္ဘိုလာအား ရန္ပုံေငြ၊ ေလ့က်င့္ေရး၊ လက္နက္ႏွင့္ ေဖာက္ခြဲေရး ပစၥည္းမ်ားအျပင္ ႏိုင္ငံေရး၊ သံတမန္ေရး၊ ေငြေၾကးႏွင့္ အဖြဲ႕အစည္းဆိုင္ရာ အကူအညီအမ်ားစုကို ေထာက္ပံ့ေပးေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနက ဆိုသည္။ အဆိုပါအဖြဲ႕သည္ “ေမွာင္ခိုကုန္ကူးမႈ၊ ႏိုင္ငံကူးလက္မွတ္အတုျပဳလုပ္မႈ၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ ေငြေၾကးခဝါခ်မႈ၊ အေႂကြးဝယ္ကတ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ဘဏ္လိမ္လည္မႈ” အပါအဝင္ တရားဝင္ ႏွင့္ တရားမဝင္ လမ္းေၾကာင္းမ်ားမွ ရန္ပုံေငြရရွိေနေၾကာင္း ႏိုင္ငံျခားေရးဌာနက ေျပာၾကားခဲ့သည္။ ဟစ္ဇ္ဘိုလာသည္ ၎၏ အေထာက္အပံ့အားလုံးကို အီရန္မွလာသည္ဟု ယခင္ကေျပာၾကားခဲ့ၿပီး မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈတြင္ ပါဝင္ပတ္သက္မႈ မရွိေၾကာင္း အႀကိမ္ႀကိမ္ ျငင္းဆိုခဲ့သည္။

ဟစ္ဇ္ဘိုလာသည္ အေရွ႕အလယ္ပိုင္း၏ အင္အားအႀကီးဆုံး ျပည္သူ႔စစ္ျဖစ္လာၿပီး အီရန္၏ အေရးအႀကီးဆုံး မဟာမိတ္ျဖစ္လာကာ ၎၏ ေခါင္း ေဆာင္မ်ားသည္ ယီမင္ရွိ ဟူသီသူပုန္မ်ား ပါဝင္ေသာ မဟာမိတ္စစ္ေသြးႂကြအဖြဲ႕မ်ား ကြန္ရက္ကို ဆက္လက္ထိန္းသိမ္းထားရန္ ကူညီေပးလ်က္ရွိသည္။ ဟစ္ဇ္ဘိုလာက တိုက္ခိုက္ေရးသမား ၁၀၀,၀၀၀ ရွိေၾကာင္း၊ အစၥေရး စစ္တပ္၏ ခန႔္မွန္းခ်က္အရ ၎တြင္ အၿမဲတမ္းတပ္သား ၂၀,၀၀၀ မွ ၂၅,၀၀၀ ႏွင့္ ေသာင္းႏွင့္ခ်ီေသာ အရန္တပ္ဖြဲ႕ဝင္မ်ားရွိသည္။

အစၥေရးစစ္ေလယာဥ္မ်ားသည္ လက္ဘႏြန္ေတာင္ပိုင္းကို ၾသဂုတ္ ၂၅ ရက္က အႀကီးစားတိုက္ခိုက္ခဲ့ရာ ဟဇ္ဘိုလာဒုံးက်ည္ပစ္လႊတ္မႈ ေထာင္ေပါင္းမ်ားစြာကို ဖယ္ရွားႏိုင္ခဲ့သည္။ အစၥေရးတာဝန္ရွိသူမ်ားက အဆိုပါ စစ္ဆင္ေရးကို ႀကိဳတင္ကာကြယ္မႈဟု ေခၚဆိုခဲ့သည္။ ဇူလိုင္လတြင္ ေဘ႐ြတ္ၿမိဳ႕၌ ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုအတြင္း အစၥေရးတပ္မႉး Fuad Shukr ေသဆုံးခဲ့ျခင္းအတြက္ လက္တုံ႔ျပန္ရန္ ဟစ္ဇ္ဘိုလာမွ သိသိသာသာ တိုက္ခိုက္မႈတစ္ခု ျပဳလုပ္ေတာ့မည္ဟူေသာ ေထာက္လွမ္းေရးသတင္းအခ်က္အလက္မ်ားအေပၚ အေျခခံ၍ ထိုကဲ့သို႔ စစ္ဆင္ေရး ဆင္ႏႊဲခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ၾသဂုတ္ ၂၅ ရက္က တိုက္ခိုက္မႈမ်ားေၾကာင့္ အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာတို႔ၾကား အလုံးစုံစစ္ပြဲ ျဖစ္ပြားမည္ကို စိုးရိမ္မႈမ်ား ျမင့္တက္လာခဲ့ေသာ္လည္း ေန႔လယ္ပိုင္းတြင္ ႏွစ္ဖက္စလုံးက ၎တို႔၏ ပုံမွန္အတိုင္း အကန႔္အသတ္ျဖင့္ အျပန္အလွန္ ပစ္ခတ္မႈမ်ားကို ျပန္လည္ စတင္ခဲ့သည္။

Related news

© 2021. All rights reserved.