တရုတ်အစိုးရက ရှင်ကျန်းတွင် သံသယဖြစ်ဖွယ်မူဝါဒများကို ဆက်လက်ကျင့်သုံးနေကြောင်း ကုလသမဂ္ဂဖော်ပြ

 884

ALynn (NP News) - ဩဂုတ် ၂၈

လွန်ခဲ့သော နှစ်နှစ်ခန့်က အစီရင်ခံစာပါ ရှင်ကျန်းရှိ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကိုးကားပြီး တရုတ်နိုင်ငံတွင် “သံသယဖြစ်ဖွယ်မူဝါဒများ” ဆက်လက်ရှိနေသေးကြောင်း ကုလသမဂ္ဂလူ့အခွင့် အရေးရုံးက အင်္ဂါနေ့ (ဩဂုတ်လ ၂၇ ရက်)တွင် ပြောကြားခဲ့သည်။

အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါ (၁) သန်းကျော်နှင့် အခြား မွတ်ဆလင် လူနည်းစုများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံက စွပ်စွဲခံထားရပြီး စွဲချက်တင်မှုကို ပေကျင်းက ပြင်းပြင်းထန်ထန် ပယ်ချလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ Volker Turk သည် ယခုနှစ် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ပေကျင်းသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် လမ်းခင်းပေးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဂျီနီဗာတွင် တရုတ်အရာရှိများနှင့် ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးရုံး (OHCHR) မှ အင်္ဂါနေ့ (ဩဂုတ်လ ၂၇ ရက်) တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့သည် တရုတ်အာဏာပိုင်များနှင့်အတူ အကြမ်းဖက်မှု တန်ပြန်ရေးမူဝါဒများနှင့် ရာဇ၀တ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်တို့ကို အလေးပေး ဆွေးနွေးခဲ့ကြောင်း OHCHR မှ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က သတင်းထောက်များအား ပြောကြားခဲ့သည်။

OHCHR အဖွဲ့မှ တရုတ်အာဏာပိုင်များအား “အမျိုးသားလုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ဥပဒေလိုအပ်ချက်များကို အပြည့်အဝပြန်လည်သုံးသပ်ရန်၊ လူနည်းစုများကို ခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ရန်” တောင်းဆိုခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံတွင် လူ့အခွင့်အရေး ကာကွယ်မှုအပေါ် ထင်သာမြင်သာရှိသောတိုးတက်မှုများအပြင် ညှဉ်းပန်းနှိပ်စက်မှုများ ပါဝင်သော ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် အစီရင်ခံစာတစ်ခု၌ ရှင်ကျန်းတွင် ဖြစ်နိုင်ချေရှိသော "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု" ကို ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီး အစီရင်ခံစာတွင် နှိပ်စက်ညှဉ်းပန်းမှု၊ အတင်းအကြပ် ဆေးကုသမှုခံယူမှုနှင့် လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ကျားမရေးရာ အကြမ်း ဖက်မှုများအပြင် အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ အသေးစိတ် အထောက်အထားများကို ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် နှိပ်စက်ညှင်းပန်းမှုဆိုင်ရာ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး အစွန်းရောက် ဝါဒကို တိုက်ဖျက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်ရည်ရွယ်၍ ရှင်ကျန်းတွင် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာများ ဖွင့်လှစ်ထားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

zawgyi version
တ႐ုတ္အစိုးရက ရွင္က်န္းတြင္ သံသယျဖစ္ဖြယ္မူဝါဒမ်ားကို ဆက္လက္က်င့္သုံးေနေၾကာင္း ကုလသမဂၢေဖာ္ျပ
ALynn (NP News) - ဩဂုတ္ ၂၈

လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန႔္က အစီရင္ခံစာပါ ရွင္က်န္းရွိ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇ၀တ္မႈမ်ားကို ကိုးကားၿပီး တ႐ုတ္ႏိုင္ငံတြင္ “သံသယျဖစ္ဖြယ္မူဝါဒမ်ား” ဆက္လက္ရွိေနေသးေၾကာင္း ကုလသမဂၢလူ႔အခြင့္ အေရး႐ုံးက အဂၤါေန႔ (ဩဂုတ္လ ၂၇ ရက္)တြင္ ေျပာၾကားခဲ့သည္။

အေနာက္ေျမာက္ပိုင္း ရွင္က်န္းေဒသရွိ ဝီဂါ (၁) သန္းေက်ာ္ႏွင့္ အျခား မြတ္ဆလင္ လူနည္းစုမ်ားကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း တ႐ုတ္ႏိုင္ငံက စြပ္စြဲခံထားရၿပီး စြဲခ်က္တင္မႈကို ေပက်င္းက ျပင္းျပင္းထန္ထန္ ပယ္ခ်လိုက္သည္။ ကုလသမဂၢ လူ႔အခြင့္အေရးအႀကီးအကဲ Volker Turk သည္ ယခုႏွစ္ ေမလ ၂၆ ရက္မွ ဇြန္လ ၁ ရက္ေန႔အထိ ေပက်င္းသို႔ အဖြဲ႕တစ္ဖြဲ႕ေစလႊတ္ရန္ လမ္းခင္းေပးခဲ့သည္။ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလကတည္းက ဂ်ီနီဗာတြင္ တ႐ုတ္အရာရွိမ်ားႏွင့္ ေဆြးေႏြးမႈမ်ား ဆက္တိုက္ ျပဳလုပ္ခဲ့ေၾကာင္း လူ႔အခြင့္အေရး႐ုံး (OHCHR) မွ အဂၤါေန႔ (ဩဂုတ္လ ၂၇ ရက္) တြင္ ထုတ္ျပန္ခဲ့သည္။ အဆိုပါအဖြဲ႕သည္ တ႐ုတ္အာဏာပိုင္မ်ားႏွင့္အတူ အၾကမ္းဖက္မႈ တန္ျပန္ေရးမူဝါဒမ်ားႏွင့္ ရာဇ၀တ္မႈဆိုင္ရာ တရားစီရင္ေရးစနစ္တို႔ကို အေလးေပး ေဆြးေႏြးခဲ့ေၾကာင္း OHCHR မွ ေျပာေရးဆိုခြင့္ရွိသူ Ravina Shamdasani က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

OHCHR အဖြဲ႕မွ တ႐ုတ္အာဏာပိုင္မ်ားအား “အမ်ိဳးသားလုံၿခဳံေရးႏွင့္ အၾကမ္းဖက္မႈ ႏွိမ္နင္းေရးဆိုင္ရာ ဥပေဒလိုအပ္ခ်က္မ်ားကို အျပည့္အဝျပန္လည္သုံးသပ္ရန္၊ လူနည္းစုမ်ားကို ခြဲျခားဆက္ဆံျခင္းမွ ကာကြယ္ရန္” ေတာင္းဆိုခဲ့သည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံတြင္ လူ႔အခြင့္အေရး ကာကြယ္မႈအေပၚ ထင္သာျမင္သာရွိေသာတိုးတက္မႈမ်ားအျပင္ ညႇဥ္းပန္းႏွိပ္စက္မႈမ်ား ပါဝင္ေသာ ခ်ိဳးေဖာက္မႈမ်ားကို စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရန္ ေတာင္းဆိုခဲ့သည္။

၂၀၂၂ ခုႏွစ္ ၾသဂုတ္လ ၃၁ ရက္ေန႔တြင္ အစီရင္ခံစာတစ္ခု၌ ရွင္က်န္းတြင္ ျဖစ္ႏိုင္ေခ်ရွိေသာ "လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇ၀တ္မႈ" ကို ေဖာ္ျပထားသည္။ အဆိုပါအစီရင္ခံစာကို တ႐ုတ္ႏိုင္ငံက ျပတ္ျပတ္သားသား ပယ္ခ်ခဲ့ၿပီး အစီရင္ခံစာတြင္ ႏွိပ္စက္ညႇဥ္းပန္းမႈ၊ အတင္းအၾကပ္ ေဆးကုသမႈခံယူမႈႏွင့္ လိင္ပိုင္းဆိုင္ရာ သို႔မဟုတ္ က်ားမေရးရာ အၾကမ္း ဖက္မႈမ်ားအျပင္ အဓမၼလုပ္အားေပးခိုင္းေစမႈဆိုင္ရာ အေသးစိတ္ အေထာက္အထားမ်ားကို ေဖာ္ျပထားသည္။

တ႐ုတ္ႏိုင္ငံသည္ ႏွိပ္စက္ညႇင္းပန္းမႈဆိုင္ရာ စြပ္စြဲခ်က္မ်ားကို ျငင္းဆိုထားၿပီး အစြန္းေရာက္ ဝါဒကို တိုက္ဖ်က္ရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ျမႇင့္တင္ေပးရန္ရည္႐ြယ္၍ ရွင္က်န္းတြင္ အသက္ေမြးဝမ္းေက်ာင္း ေလ့က်င့္ေရးစင္တာမ်ား ဖြင့္လွစ္ထားေၾကာင္း အခိုင္အမာ ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.