အမေရိကန်မှာ ဘိုးရင်းလေယာဉ်တစ်စီးရဲ့ တာယာပေါက်ကွဲမှုကြောင့် ဝန်ထမ်း(၂)ဦးသေဆုံး

 1955

Pika (NP News) - ဩဂုတ် ၂၈

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် Hartsfield-Jackson Atlanta နိုင်ငံတကာလေဆိပ်မှာ ဩဂုတ်လ(၂၇)ရက်နေ့က ဘိုးရင်းလေယာဉ်တစ်စီးရဲ့ တာယာပေါက်ကွဲမှုကြောင့် ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပြီး အခြားဝန်ထမ်းတစ်ဦး ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။

Delta လေကြောင်းလိုင်းပိုင်ဆိုင်တဲ့ ဘိုးရင်း757-232 လေယာဉ်ဟာ ပြီးခဲ့တဲ့ဩဂုတ်လ(၂၅)ရက်နေ့တည်းက Delta Technical Operations Maintenance (Delta TechOps) hangar မှာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ တာယာပေါက်ကွဲမှုဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အချက်ကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်း လင်း မသိရှိရသေးဘူးလို့ သိရပါတယ်။ WSB-TV က'တာယာပေါက်ကွဲမှုကြောင့် သတ္တုအပိုင်းအစတွေလွင့်စင်လာမှုနဲ့အတူ ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပါတယ်။ အခြားတစ်ဦးကတော့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့လို့ ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့ပါတယ်'လို့ ဖော်ပြထားပါတယ်။

တာယာပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူနှစ်ဦးဟာ အသက်(၅၈)နှစ်အရွယ် Mirko Marweg ဆိုတဲ့အမျိုးသားနဲ့ အသက်(၃၇)နှစ်အရွယ် Luis Aldarondo ဆိုတဲ့အမျိုးသားတို့ဖြစ်တယ်လို့လည်း သိရပါတယ်။ ဝန်ထမ်းနှစ်ဦးသေဆုံးမှုကို Delta TechOps လေကြောင်းကုမ္ပဏီ ဥက္ကဋ္ဌ John Laughter က အတည်ပြုပေးခဲ့တယ်လို့လည်းသိရပါတယ်။ ၎င်းက 'ကံမကောင်းစွာနဲ့ပဲ ဒီဖြစ်ရပ်အတွင်း ကျွန်တော်တို့ရဲ့ဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အခြားဝန်ထမ်းတစ်ဦးကတော့ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သေဆုံးသူတွေရဲ့မိသားစုဝင်တွေကိုလည်း ကူညီပံ့ပိုးပေးမှုတွေလုပ်ဆောင်သွားမှာပါ။ ပြီးတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
အေမရိကန္မွာ ဘိုးရင္းေလယာဥ္တစ္စီးရဲ႕ တာယာေပါက္ကြဲမႈေၾကာင့္ ဝန္ထမ္း(၂)ဦးေသဆုံး
Pika (NP News) - ဩဂုတ္ ၂၈

အေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္ Hartsfield-Jackson Atlanta ႏိုင္ငံတကာေလဆိပ္မွာ ဩဂုတ္လ(၂၇)ရက္ေန႔က ဘိုးရင္းေလယာဥ္တစ္စီးရဲ႕ တာယာေပါက္ကြဲမႈေၾကာင့္ ဝန္ထမ္းႏွစ္ဦးေသဆုံးခဲ့ၿပီး အျခားဝန္ထမ္းတစ္ဦး ျပင္းျပင္းထန္ထန္ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသတြင္းမီဒီယာေတြကေဖာ္ျပခဲ့ပါတယ္။

Delta ေလေၾကာင္းလိုင္းပိုင္ဆိုင္တဲ့ ဘိုးရင္း757-232 ေလယာဥ္ဟာ ၿပီးခဲ့တဲ့ဩဂုတ္လ(၂၅)ရက္ေန႔တည္းက Delta Technical Operations Maintenance (Delta TechOps) hangar မွာ ျပဳျပင္ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။ တာယာေပါက္ကြဲမႈဘာေၾကာင့္ျဖစ္ရတယ္ဆိုတဲ့ အခ်က္ကိုေတာ့ ယခုအခ်ိန္အထိ ရွင္းရွင္းလင္း လင္း မသိရွိရေသးဘူးလို႔ သိရပါတယ္။ WSB-TV က'တာယာေပါက္ကြဲမႈေၾကာင့္ သတၱဳအပိုင္းအစေတြလြင့္စင္လာမႈနဲ႔အတူ ဝန္ထမ္းႏွစ္ဦးေသဆုံးခဲ့ပါတယ္။ အျခားတစ္ဦးကေတာ့ ျပင္းထန္တဲ့ ထိခိုက္ဒဏ္ရာေတြ ရရွိခဲ့လို႔ ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ေပးခဲ့ပါတယ္'လို႔ ေဖာ္ျပထားပါတယ္။

တာယာေပါက္ကြဲမႈအတြင္း ေသဆုံးခဲ့သူႏွစ္ဦးဟာ အသက္(၅၈)ႏွစ္အ႐ြယ္ Mirko Marweg ဆိုတဲ့အမ်ိဳးသားနဲ႔ အသက္(၃၇)ႏွစ္အ႐ြယ္ Luis Aldarondo ဆိုတဲ့အမ်ိဳးသားတို႔ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဝန္ထမ္းႏွစ္ဦးေသဆုံးမႈကို Delta TechOps ေလေၾကာင္းကုမၸဏီ ဥကၠ႒ John Laughter က အတည္ျပဳေပးခဲ့တယ္လို႔လည္းသိရပါတယ္။ ၎က 'ကံမေကာင္းစြာနဲ႔ပဲ ဒီျဖစ္ရပ္အတြင္း ကြၽန္ေတာ္တို႔ရဲ႕ဝန္ထမ္းႏွစ္ဦး အသက္ဆုံးရႈံးခဲ့ရပါတယ္။ အျခားဝန္ထမ္းတစ္ဦးကေတာ့ ျပင္းထန္တဲ့ထိခိုက္ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ ေသဆုံးသူေတြရဲ႕မိသားစုဝင္ေတြကိုလည္း ကူညီပံ့ပိုးေပးမႈေတြလုပ္ေဆာင္သြားမွာပါ။ ၿပီးေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြကိုလည္း ဆက္လက္လုပ္ေဆာင္သြားမွာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.