လှည်းတန်းဂုံးတံတားအောက်ရှိ အုတ်နံရံကို Honda Fit ကားတစ်စီးကအရှိန်လွန် ဝင်တိုက်မိရာ (၂)ဦးပွဲချင်းပြီး သေဆုံး
7902
သန့်ဇင် (NP News) - ဩဂုတ် ၂၉
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမပေါ် လှည်းတန်းဂုံးတံတားအောက်ရှိ အုတ်နံရံကို Honda Fit ကားတစ်စီးကအရှိန်လွန် ဝင်တိုက်မိရာ အမျိုးသား(၂)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၂၈ ရက်)၊ ည ၁၀နာရီ ၅၄မိနစ်အချိန်ခန့်က ကမာရွတ်မြို့နယ် (၃)ရပ်ကွက်၊ ဗဟိုလမ်းမပေါ်ရှိ လှည်းတန်းဂုံးတံတားအောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Honda Fit ကားပေါ်မှာကျား (၅)ဦးပါတယ်။ အဲဒီမှာ လမ်းကကွေ့ကြောဖြစ်တဲ့အတွက် အရှိန်လွန်ပြီး လှည်းတန်းတံတားအောက်က အုတ်နံရံကို ဝင်တိုက်မိတာပါ”ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Honda Fit ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား(၅)ဦးအနက် အသက်(၄၀)နှစ်ဝန်းကျင် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်
“ကားနောက်ခန်းက တစ်ယောက်က ပွဲချင်းပြီးသေတယ်။ ယာဉ်မောင်းဘေးကတစ်ယောက်ကဆုံးသွားတယ်။ ကျန်တဲ့ (၃)ယောက်မှာ တစ်ယောက်က မစိုးရိမ်ရဘူး။ (၂)ယောက်က သွေးထွက်လွန်ပြီးစိုးရိမ်ရတယ်။ ကားပေါ်မှာက လူငယ်တစ်ယောက်ပါတယ်။ ကျန်တဲ့တဲ့ (၄)ယောက်က လူလတ်ပိုင်းဝန်းကျင်တွေပါ။ ကားနောက်ခန်းက တစ်လောင်းဆိုရင် ခွေခေါက်ပြီး ဆုံးသွားတာ။ ဒဏ်ရာကသွေးတွေက ကားပေါ်မှာအနှံ့ပဲ။ အကြံပြုချင်တာကတော့ နေခင်းပဲမောင်းမောင်း ညပိုင်းပဲမောင်းမောင်း ခါးပတ် ပတ်ပြီးမောင်းကြဖို့ပြောချင်ပါတယ်”ဟု ၎င်းကပြောသည်။
ထို့ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများကို နယ်မြေခံပရဟိတလူမှုကူညီရေးအသင်းများပူးပေါင်းကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း အလုံမြို့နယ် ၊အောက်ကြည့်မြင်တိုင်လမ်း၊ ဆင်မင်းစျေးမှတ်တိုင်တွင် ဘတ်စ်ကား စောင့်နေသည့် လူတစ်စုကို လူငယ်(၂)ဦးမောင်းနှင်လာသော အိမ်စီးကားတစ်စီးက ဝင်တိုက်မိခဲ့ရာ လူ(၃)ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
လွည္းတန္းဂုံးတံတားေအာက္ရွိ အုတ္နံရံကို Honda Fit ကားတစ္စီးကအရွိန္လြန္ ဝင္တိုက္မိရာ (၂)ဦးပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၉
ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ဗဟိုလမ္းမေပၚ လွည္းတန္းဂုံးတံတားေအာက္ရွိ အုတ္နံရံကို Honda Fit ကားတစ္စီးကအရွိန္လြန္ ဝင္တိုက္မိရာ အမ်ိဳးသား(၂)ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း အနာဂတ္အလင္းတန္းပရဟိတအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၂၈ ရက္)၊ ည ၁၀နာရီ ၅၄မိနစ္အခ်ိန္ခန႔္က ကမာ႐ြတ္ၿမိဳ႕နယ္ (၃)ရပ္ကြက္၊ ဗဟိုလမ္းမေပၚရွိ လွည္းတန္းဂုံးတံတားေအာက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“Honda Fit ကားေပၚမွာက်ား (၅)ဦးပါတယ္။ အဲဒီမွာ လမ္းကေကြ႕ေၾကာျဖစ္တဲ့အတြက္ အရွိန္လြန္ၿပီး လွည္းတန္းတံတားေအာက္က အုတ္နံရံကို ဝင္တိုက္မိတာပါ”ဟု အနာဂတ္အလင္းတန္းပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ Honda Fit ကားေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသား(၅)ဦးအနက္ အသက္(၄၀)ႏွစ္ဝန္းက်င္ အမ်ိဳးသား(၂)ဦးမွာ ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိကာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္
“ကားေနာက္ခန္းက တစ္ေယာက္က ပြဲခ်င္းၿပီးေသတယ္။ ယာဥ္ေမာင္းေဘးကတစ္ေယာက္ကဆုံးသြားတယ္။ က်န္တဲ့ (၃)ေယာက္မွာ တစ္ေယာက္က မစိုးရိမ္ရဘူး။ (၂)ေယာက္က ေသြးထြက္လြန္ၿပီးစိုးရိမ္ရတယ္။ ကားေပၚမွာက လူငယ္တစ္ေယာက္ပါတယ္။ က်န္တဲ့တဲ့ (၄)ေယာက္က လူလတ္ပိုင္းဝန္းက်င္ေတြပါ။ ကားေနာက္ခန္းက တစ္ေလာင္းဆိုရင္ ေခြေခါက္ၿပီး ဆုံးသြားတာ။ ဒဏ္ရာကေသြးေတြက ကားေပၚမွာအႏွံ႔ပဲ။ အႀကံျပဳခ်င္တာကေတာ့ ေနခင္းပဲေမာင္းေမာင္း ညပိုင္းပဲေမာင္းေမာင္း ခါးပတ္ ပတ္ၿပီးေမာင္းၾကဖို႔ေျပာခ်င္ပါတယ္”ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို နယ္ေျမခံပရဟိတလူမႈကူညီေရးအသင္းမ်ားပူးေပါင္းကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၃ ရက္ေန႔ကလည္း အလုံၿမိဳ႕နယ္ ၊ေအာက္ၾကည့္ျမင္တိုင္လမ္း၊ ဆင္မင္းေစ်းမွတ္တိုင္တြင္ ဘတ္စ္ကား ေစာင့္ေနသည့္ လူတစ္စုကို လူငယ္(၂)ဦးေမာင္းႏွင္လာေသာ အိမ္စီးကားတစ္စီးက ဝင္တိုက္မိခဲ့ရာ လူ(၃)ဦးေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။