BLACKPINK ရဲ့ WHISTLE သီချင်းက YouTube မှာကြည့်ရှုသူသန်း(၉၀၀) ကျော်ခဲ့တဲ့ ၎င်းတို့ရဲ့(၈)ပုဒ်မြောက်သီချင်းဖြစ်လာ
338
Pika (NP News) - ဩဂုတ် ၂၉
တောင်ကိုရီးယားနာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ Whistle သီချင်းသည် YouTube တွင် ကြည့်ရှုသူသန်း(၉၀၀)ကျော်ထိရှိခဲ့သည့် ၎င်းတို့၏(၈)ပုဒ်မြောက်သီချင်းဖြစ်လာခဲ့ကြောင်းသိရသည်။
ကြည့်ရှုသူသန်း(၉၀၀)ကျော်ထိရှိခဲ့သည့် BLACKPINK အဖွဲ့၏ အခြားသီချင်း(၇)ပုဒ်မှာ “DDU-DU DDU-DU”၊ “Kill This Love”၊ “Boombayah”၊ “As If It’s Your Last”၊ “How You Like That”၊ "How You Like That Dance Practice" နှင့် “Ice Cream” သီချင်းတို့ဖြစ်ကြောင်းသိရသည်။ထို့ပြင် BLACKPINK အဖွဲ့ဝင်လီဆာ၏ "Money" သီချင်းသည် YouTube တွင် ကြည့်ရှုသူသန်း(၉၀၀)ကျော်ခဲ့ပြီး အခြားအဖွဲ့ဝင်ဖြစ်သော ဂျင်းနီ၏ "Solo"သီချင်းသည်လည်း ကြည့်ရှုသူသန်း(၉၀၀)ကျော်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း BLACKPINK သည် Spotify ပလက်ဖောင်းတွင် ဖော်လိုဝါသန်း(၅၀)ကျော်ထိ ရောက်ရှိခဲ့သော ပထမဆုံးအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်ခဲ့ကြောင်းသိရသည်။ အဖွဲ့ခေတ္တရပ်ဆိုင်းထားသည်မှာ အချိန်(၂)နှစ်နီးပါရှိပြီးဖြစ်သော်လည်း BLACKPINK အဖွဲ့သည် ဂီတနယ်ပယ်တွင် ထင်ရှားသောအောင်မြင်ကျော်ကြားမှုများကို ဆက်လက်ရယူနေဆဲဖြစ်သည်။ Spotify တွင် ဖော်လိုဝါသန်း(၅၀)ကျော်ခဲ့သော အခြားအမျိုး သမီးအဆိုတော်များမှာ တေလာဆွစ်ဖ်၊ အရီနာဂရန်ဒီ၊ ဘီလီအဲလစ်ရှ်၊ ရီဟားနား၊ အက်ဒလဲ နှင့် ဆလီနာဂိုးမက်ဇ်တို့ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် BLACKPINK အဖွဲ့ဝင်များဖြစ်သော လီဆာ၊ ဂျီဆိုး၊ Rose နှင့် ဂျင်းနီတို့သည် တစ်ကိုယ်တော်ခရီးများကို စတင်နေကြပြီး အောင်မြင်မှုအသီးသီးကို ဆက်လက်ရယူနေဆဲဖြစ်ကြောင်းသိရသည်။
zawgyi version
BLACKPINK ရဲ႕ WHISTLE သီခ်င္းက YouTube မွာၾကည့္ရႈသူသန္း(၉၀၀) ေက်ာ္ခဲ့တဲ့ ၎တို႔ရဲ႕(၈)ပုဒ္ေျမာက္သီခ်င္းျဖစ္လာ
Pika (NP News) - ဩဂုတ္ ၂၉
ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ BLACKPINK ၏ Whistle သီခ်င္းသည္ YouTube တြင္ ၾကည့္ရႈသူသန္း(၉၀၀)ေက်ာ္ထိရွိခဲ့သည့္ ၎တို႔၏(၈)ပုဒ္ေျမာက္သီခ်င္းျဖစ္လာခဲ့ေၾကာင္းသိရသည္။
ၾကည့္ရႈသူသန္း(၉၀၀)ေက်ာ္ထိရွိခဲ့သည့္ BLACKPINK အဖြဲ႕၏ အျခားသီခ်င္း(၇)ပုဒ္မွာ “DDU-DU DDU-DU”၊ “Kill This Love”၊ “Boombayah”၊ “As If It’s Your Last”၊ “How You Like That”၊ "How You Like That Dance Practice" ႏွင့္ “Ice Cream” သီခ်င္းတို႔ျဖစ္ေၾကာင္းသိရသည္။ထို႔ျပင္ BLACKPINK အဖြဲ႕ဝင္လီဆာ၏ "Money" သီခ်င္းသည္ YouTube တြင္ ၾကည့္ရႈသူသန္း(၉၀၀)ေက်ာ္ခဲ့ၿပီး အျခားအဖြဲ႕ဝင္ျဖစ္ေသာ ဂ်င္းနီ၏ "Solo"သီခ်င္းသည္လည္း ၾကည့္ရႈသူသန္း(၉၀၀)ေက်ာ္ခဲ့ေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းကလည္း BLACKPINK သည္ Spotify ပလက္ေဖာင္းတြင္ ေဖာ္လိုဝါသန္း(၅၀)ေက်ာ္ထိ ေရာက္ရွိခဲ့ေသာ ပထမဆုံးအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ျဖစ္ခဲ့ေၾကာင္းသိရသည္။ အဖြဲ႕ေခတၱရပ္ဆိုင္းထားသည္မွာ အခ်ိန္(၂)ႏွစ္နီးပါရွိၿပီးျဖစ္ေသာ္လည္း BLACKPINK အဖြဲ႕သည္ ဂီတနယ္ပယ္တြင္ ထင္ရွားေသာေအာင္ျမင္ေက်ာ္ၾကားမႈမ်ားကို ဆက္လက္ရယူေနဆဲျဖစ္သည္။ Spotify တြင္ ေဖာ္လိုဝါသန္း(၅၀)ေက်ာ္ခဲ့ေသာ အျခားအမ်ိဳး သမီးအဆိုေတာ္မ်ားမွာ ေတလာဆြစ္ဖ္၊ အရီနာဂရန္ဒီ၊ ဘီလီအဲလစ္ရွ္၊ ရီဟားနား၊ အက္ဒလဲ ႏွင့္ ဆလီနာဂိုးမက္ဇ္တို႔ျဖစ္ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ BLACKPINK အဖြဲ႕ဝင္မ်ားျဖစ္ေသာ လီဆာ၊ ဂ်ီဆိုး၊ Rose ႏွင့္ ဂ်င္းနီတို႔သည္ တစ္ကိုယ္ေတာ္ခရီးမ်ားကို စတင္ေနၾကၿပီး ေအာင္ျမင္မႈအသီးသီးကို ဆက္လက္ရယူေနဆဲျဖစ္ေၾကာင္းသိရသည္။