ပြည်သူ့ပင်စင်ရန်ပုံငွေကို အရေးပေါ်ပြုပြင်ပြောင်းလဲရန်အတွက် အမေရိကန်ဒေါ်လာ (၈၃၀) ဘီလျံလိုအပ်ကြောင်း တောင်ကိုရီးယားသမ္မတယွန် ပြောကြား
350
ALynn (NP News) - ဩဂုတ် ၂၉
တောင်ကိုရီးယားသမ္မတ ယွန်ဆုတ်ယိုက သက်ကြီးရွယ်အိုများအတွက် ဝင်ငွေဖူလုံစေရန်နှင့် ပိုမိုလိုက်လျောညီထွေမှုရှိသည့် အရေးပေါ်ပြုပြင်ပြောင်းလဲရန် ကမ္ဘာ့အကြီးဆုံး ဒေါ်လာ (၈၃၀) ဘီလျံရှိသည့် နိုင်ငံပင်စင်ရန်ပုံငွေကို လိုအပ်ကြောင်း ကြာသပတေးနေ့ (သြဂုတ် ၂၉ ရက်) တွင် ပြောကြားခဲ့သည်။ မျိုးဆက်များတစ်လျှောက် ပင်စင်စနစ်အပေါ် ယုံကြည်မှု ဆုံးရှုံးခဲ့ရပြီး အငြိမ်းစားသမားများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် အခြေခံကျပြီး ရေရှည်တည်တံ့သော ပြုပြင်ပြောင်းလဲမှုကို လိုအပ်ကြောင်း Yoon က ရုပ်မြင်သံကြား ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယွန်က ရန်ပုံငွေ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ထည့်ဝင်ကြေးကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ တိုးပေးမည့်နှုန်းထားကိုလည်း ပိုမိုမျှတစေရန်အတွက် အသက်အုပ်စုများကြား ခွဲခြားသတ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။ “သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို သံသယဖြစ်စေတဲ့ ပင်စင်စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲရမယ်”ဟု ၎င်းက ဆိုသည်။
၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ပိုင်ဆိုင်မှုဝမ် ၁,၁၁၃ ဒသမ ၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၈၃၃ ဒသမ ၉၈ ဘီလျံ) ရှိသည့် က မ္ဘာ့တတိယအကြီးဆုံး တောင်ကိုးရီးယား၏ ပြည်သူ့ပင်စင်ရန်ပုံငွေသည် ၂၀၅၅ ခုနှစ်တွင် ကုန်ဆုံးသွားမည်ဟု သတ်မှတ်ထားသော်လည်း ယခုအခါ ၂ဝ၄၁ ခုနှစ်မှစ၍ အလျင်အမြန် ကုန်ဆုံးသွားမည်ဟု မျှော်လင့်ရသည်။
ပင်စင်အစီအစဉ်တွင် လုပ်ခလစာရရှိသူများနှင့် လုပ်ငန်းပိုင်ရှင်များသည် ဝင်ငွေ၏ ၉ ရာခိုင်နှုန်းကို ထည့်ဝင်ပေးရမည်ဖြစ်သည်။ အမေရိကန်တွင် ၁၀ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျပန်တွင် ၁၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် OECD အဖွဲ့ဝင်များအတွက်မူ ပျမ်းမျှ ၁၅ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း နှိုင်းယှဉ် သုံးသပ်ရသည်။
ပျမ်းမျှပေးချေမှုမှာ ပျမ်းမျှလစာ၏ ၃၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး OECD ၏ ပျမ်းမျှ ၅၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက တောင်ကိုရီးယား၏ သက်ကြီးရွယ်အိုများသည် OECD စီးပွားရေး အသိုက်အဝန်းတွင် အဆင်းရဲဆုံးများထဲတွင် ပါဝင်သည်။
ပင်စင်စနစ်ကို ပြုပြင်ပြောင်းလဲခြင်းသည် တောင်ကိုရီးယား သမ္မတတိုင်း၏ မူဝါဒပန်းတိုင် တစ်ခု ဖြစ်ခဲ့သော်လည်း အဆိုပါ ပြဿနာကို မည်သို့ချဉ်း ကပ်ရမည်နှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများကြောင့် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ယွန်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးနေပြီး လတ်တလောတွင် ကျေးလက်ဒေသများ၌ မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာ စောင့်ရှောက် မှုများကို မြှင့်တင်ဖို့ အာရုံစိုက်နေတယ်ဟု ဆိုသည်။ ယင်းဒေသများတွင် ဝန်ဆောင်မှုများ တိုးတက်စေရန် ငါးနှစ်အတွင်း ဝမ် ၁၀ ထရီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ ယွန်း၏ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် သမားတော်များ ရှားပါးမှုကို ဖြေရှင်းရန် နှစ်စဉ် ဆေးကျောင်းသားဦးရေ တိုးပေးမည့် ၎င်း၏ အစီအစဉ်ကို ဆရာဝန်များက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။
zawgyi version
ျပည္သူ႔ပင္စင္ရန္ပုံေငြကို အေရးေပၚျပဳျပင္ေျပာင္းလဲရန္အတြက္ အေမရိကန္ေဒၚလာ (၈၃၀) ဘီလ်ံလိုအပ္ေၾကာင္း ေတာင္ကိုရီးယားသမၼတယြန္ ေျပာၾကား
ALynn (NP News) - ဩဂုတ္ ၂၉
ေတာင္ကိုရီးယားသမၼတ ယြန္ဆုတ္ယိုက သက္ႀကီး႐ြယ္အိုမ်ားအတြက္ ဝင္ေငြဖူလုံေစရန္ႏွင့္ ပိုမိုလိုက္ေလ်ာညီေထြမႈရွိသည့္ အေရးေပၚျပဳျပင္ေျပာင္းလဲရန္ ကမာၻ႔အႀကီးဆုံး ေဒၚလာ (၈၃၀) ဘီလ်ံရွိသည့္ ႏိုင္ငံပင္စင္ရန္ပုံေငြကို လိုအပ္ေၾကာင္း ၾကာသပေတးေန႔ (ၾသဂုတ္ ၂၉ ရက္) တြင္ ေျပာၾကားခဲ့သည္။ မ်ိဳးဆက္မ်ားတစ္ေလွ်ာက္ ပင္စင္စနစ္အေပၚ ယုံၾကည္မႈ ဆုံးရႈံးခဲ့ရၿပီး အၿငိမ္းစားသမားမ်ား၏ ယုံၾကည္မႈကို ျပန္လည္ရရွိရန္ အေျခခံက်ၿပီး ေရရွည္တည္တံ့ေသာ ျပဳျပင္ေျပာင္းလဲမႈကို လိုအပ္ေၾကာင္း Yoon က ႐ုပ္ျမင္သံၾကား ရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။
ယြန္က ရန္ပုံေငြ ေရရွည္တည္တံ့ခိုင္ၿမဲေစရန္အတြက္ ထည့္ဝင္ေၾကးကို တိုးျမႇင့္ရမည္ျဖစ္ေၾကာင္း၊ တိုးေပးမည့္ႏႈန္းထားကိုလည္း ပိုမိုမွ်တေစရန္အတြက္ အသက္အုပ္စုမ်ားၾကား ခြဲျခားသတ္မွတ္ထားေၾကာင္း ေဖာ္ျပခဲ့သည္။ “သက္ႀကီး႐ြယ္အိုေတြနဲ႔ ဆင္းရဲႏြမ္းပါးသူေတြကို သံသယျဖစ္ေစတဲ့ ပင္စင္စနစ္ကို အေျခခံက်က် ျပဳျပင္ေျပာင္းလဲရမယ္”ဟု ၎က ဆိုသည္။
၁၉၈၈ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး လက္ရွိတြင္ ပိုင္ဆိုင္မႈဝမ္ ၁,၁၁၃ ဒသမ ၅ ထရီလ်ံ (အေမရိကန္ေဒၚလာ ၈၃၃ ဒသမ ၉၈ ဘီလ်ံ) ရွိသည့္ က မာၻ႔တတိယအႀကီးဆုံး ေတာင္ကိုးရီးယား၏ ျပည္သူ႔ပင္စင္ရန္ပုံေငြသည္ ၂၀၅၅ ခုႏွစ္တြင္ ကုန္ဆုံးသြားမည္ဟု သတ္မွတ္ထားေသာ္လည္း ယခုအခါ ၂ဝ၄၁ ခုႏွစ္မွစ၍ အလ်င္အျမန္ ကုန္ဆုံးသြားမည္ဟု ေမွ်ာ္လင့္ရသည္။
ပင္စင္အစီအစဥ္တြင္ လုပ္ခလစာရရွိသူမ်ားႏွင့္ လုပ္ငန္းပိုင္ရွင္မ်ားသည္ ဝင္ေငြ၏ ၉ ရာခိုင္ႏႈန္းကို ထည့္ဝင္ေပးရမည္ျဖစ္သည္။ အေမရိကန္တြင္ ၁၀ ဒသမ ၆ ရာခိုင္ႏႈန္း၊ ဂ်ပန္တြင္ ၁၈ ဒသမ ၃ ရာခိုင္ႏႈန္းႏွင့္ OECD အဖြဲ႕ဝင္မ်ားအတြက္မူ ပ်မ္းမွ် ၁၅ ဒသမ ၄ ရာခိုင္ႏႈန္း ျဖစ္ေၾကာင္း ႏႈိင္းယွဥ္ သုံးသပ္ရသည္။
ပ်မ္းမွ်ေပးေခ်မႈမွာ ပ်မ္းမွ်လစာ၏ ၃၁ ဒသမ ၂ ရာခိုင္ႏႈန္းျဖစ္ၿပီး OECD ၏ ပ်မ္းမွ် ၅၀ ဒသမ ၇ ရာခိုင္ႏႈန္းႏွင့္ ႏႈိင္းယွဥ္ပါက ေတာင္ကိုရီးယား၏ သက္ႀကီး႐ြယ္အိုမ်ားသည္ OECD စီးပြားေရး အသိုက္အဝန္းတြင္ အဆင္းရဲဆုံးမ်ားထဲတြင္ ပါဝင္သည္။
ပင္စင္စနစ္ကို ျပဳျပင္ေျပာင္းလဲျခင္းသည္ ေတာင္ကိုရီးယား သမၼတတိုင္း၏ မူဝါဒပန္းတိုင္ တစ္ခု ျဖစ္ခဲ့ေသာ္လည္း အဆိုပါ ျပႆနာကို မည္သို႔ခ်ဥ္း ကပ္ရမည္ႏွင့္ ပတ္သက္၍ သေဘာထားကြဲလြဲ မႈမ်ားေၾကာင့္ တိုးတက္မႈ အနည္းငယ္သာ ရွိခဲ့သည္။ ယြန္ကလည္း က်န္းမာေရးေစာင့္ေရွာက္မႈ ျပဳျပင္ေျပာင္းလဲမႈမ်ားကို တြန္းအားေပးေနၿပီး လတ္တေလာတြင္ ေက်းလက္ေဒသမ်ား၌ မရွိမျဖစ္လိုအပ္ေသာ ေဆးဘက္ဆိုင္ရာ ေစာင့္ေရွာက္ မႈမ်ားကို ျမႇင့္တင္ဖို႔ အာ႐ုံစိုက္ေနတယ္ဟု ဆိုသည္။ ယင္းေဒသမ်ားတြင္ ဝန္ေဆာင္မႈမ်ား တိုးတက္ေစရန္ ငါးႏွစ္အတြင္း ဝမ္ ၁၀ ထရီလီယံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိရသည္။ ယြန္း၏ က်န္းမာေရးေစာင့္ေရွာက္မႈ ျပဳျပင္ေျပာင္းလဲေရးက႑တြင္ သမားေတာ္မ်ား ရွားပါးမႈကို ေျဖရွင္းရန္ ႏွစ္စဥ္ ေဆးေက်ာင္းသားဦးေရ တိုးေပးမည့္ ၎၏ အစီအစဥ္ကို ဆရာဝန္မ်ားက ျပင္းထန္စြာ ကန႔္ကြက္ခဲ့ၾကသည္။