အက်ဖ် ၁၆ တိုက်လေယာဉ်များကို ပထမဆုံးအကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ဟု ယူကရိန်းသမ္မတပြော
1367
ဂျန်ဇက် (NP News) - ဩဂုတ် ၂၉
ယူကရိန်းသမ္မတဇီလန်စကီးက ၎င်းတို့ဟာ အမေရိကန်နိုင်ငံထုတ် အက်ဖ် ၁၆ အမျိုးအစားတိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းလေတပ်ဟာ ရုရှားရဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာအက်ဖ် ၁၆ တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ်အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းသမ္မတက အနောက်အုပ်စုနိုင်ငံတွေဟာ အက်ဖ် ၁၆ တိုက်လေယာဉ်တွေ ကူညီထောက်ပံ့ပေးထားပေမယ့် လက်ရှိအချိန်မှာ လုံလောက်မှုမရှိသေးဘူးလု့ိ ဆိုပါတယ်။ အမေရိကန်၊ ပြင်သစ်၊ ဒိန်းမတ်၊နယ်သာလန်၊ ဘယ်ဂျီယံ၊ကနေဒါ ၊ လူဇင်ဘတ်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီနဲ့ ရိုမေးနီးယားနိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ဟာ ယူကရိန်းကိုအက်ဖ် ၁၆ တိုက်လေယာဉ်များကူညီထောက်ပံ့ပေးမယ်လို့ ပြီးခဲ့တဲ့နှစ်တုန်းက ကတိပြုခဲ့ပါတယ်။
အနောက်အုပ်စုနိုင်ငံတွေဟာယူကရိန်းလေယာဉ်မှူးတွေကို အက်ဖ် ၁၆ တိုက်လေယာဉ်များအသုံးပြုတတ်စေဖို့ လေ့ကျင့်ပေးခဲ့ပြီးနောက် လွှဲပြောင်းပေးခဲ့သလိုလာမယ့်နှစ်ပိုင်းအတွင်း ယူကရိန်းကိုအက်ဖ် ၁၆ တိုက်လေယာဉ်တွေ ထပ်မံလွှဲပြောင်းပေးဖွယ်ရှိနေကြောင်းသိရပါတယ်။
ယူကရိန်းသမ္မတက " အက်ဖ် ၁၆ တိုက်လေယာဉ်တွေဟာ ရလဒ်ကောင်းတွေရရှိခဲ့တယ်။ အက်ဖ် ၁၆ တိုက်လေယာဉ်တွေရဲ့အကူညီတွေနဲ့ ရုရှားရဲ့ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေကို ပစ်ချနိုင်ခဲ့တယ်"လို့ ပြောပါတယ်။ ယူကရိန်းနဲ့ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ပွားနေမှုတွေဟာ ၂နှစ်ကျော်ကြာခဲ့ပေမယ့်အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးဘဲတိုက်ခိုက်နေဆဲဖြစ်ရာ အမေရိကန် အပါအဝင်အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို စစ်လက်နက် ပစ္စည်းတွေ ကူညီထောက်ပံ့ပေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
zawgyi version
အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားကို ပထမဆုံးအႀကိမ္ အသုံးျပဳတိုက္ခိုက္ခဲ့ဟု ယူကရိန္းသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၉
ယူကရိန္းသမၼတဇီလန္စကီးက ၎တို႔ဟာ အေမရိကန္ႏိုင္ငံထုတ္ အက္ဖ္ ၁၆ အမ်ိဳးအစားတိုက္ေလယာဥ္ေတြကို ပထမဆုံးအႀကိမ္အသုံးျပဳေနၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ယူကရိန္းေလတပ္ဟာ ႐ုရွားရဲ႕ဒုံးက်ည္ေတြနဲ႔တိုက္ခိုက္မႈေတြကို ဟန႔္တားႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာအက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြကို ပထမဆုံးအႀကိမ္အသုံးျပဳခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ယူကရိန္းသမၼတက အေနာက္အုပ္စုႏိုင္ငံေတြဟာ အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြ ကူညီေထာက္ပံ့ေပးထားေပမယ့္ လက္ရွိအခ်ိန္မွာ လုံေလာက္မႈမရွိေသးဘူးလု႔ိ ဆိုပါတယ္။ အေမရိကန္၊ ျပင္သစ္၊ ဒိန္းမတ္၊နယ္သာလန္၊ ဘယ္ဂ်ီယံ၊ကေနဒါ ၊ လူဇင္ဘတ္၊ ေနာ္ေဝ၊ ပိုလန္၊ ေပၚတူဂီနဲ႔ ႐ိုေမးနီးယားႏိုင္ငံနဲ႔ ဆြီဒင္ႏိုင္ငံတို႔ဟာ ယူကရိန္းကိုအက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားကူညီေထာက္ပံ့ေပးမယ္လို႔ ၿပီးခဲ့တဲ့ႏွစ္တုန္းက ကတိျပဳခဲ့ပါတယ္။
အေနာက္အုပ္စုႏိုင္ငံေတြဟာယူကရိန္းေလယာဥ္မႉးေတြကို အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားအသုံးျပဳတတ္ေစဖို႔ ေလ့က်င့္ေပးခဲ့ၿပီးေနာက္ လႊဲေျပာင္းေပးခဲ့သလိုလာမယ့္ႏွစ္ပိုင္းအတြင္း ယူကရိန္းကိုအက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြ ထပ္မံလႊဲေျပာင္းေပးဖြယ္ရွိေနေၾကာင္းသိရပါတယ္။
ယူကရိန္းသမၼတက " အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြဟာ ရလဒ္ေကာင္းေတြရရွိခဲ့တယ္။ အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြရဲ႕အကူညီေတြနဲ႔ ႐ုရွားရဲ႕ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္မႈေတြကို ပစ္ခ်ႏိုင္ခဲ့တယ္"လို႔ ေျပာပါတယ္။ ယူကရိန္းနဲ႔႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္ပြားေနမႈေတြဟာ ၂ႏွစ္ေက်ာ္ၾကာခဲ့ေပမယ့္အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးဘဲတိုက္ခိုက္ေနဆဲျဖစ္ရာ အေမရိကန္ အပါအဝင္အေနာက္အုပ္စုႏိုင္ငံေတြက ယူကရိန္းကို စစ္လက္နက္ ပစၥည္းေတြ ကူညီေထာက္ပံ့ေပးေနဆဲျဖစ္ေၾကာင္း သိရပါတယ္။