ရှေ့တန်းတွင် အရေးနိမ့်မှုများနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက အနောက်နိုင်ငံများကို အပြစ်တင်
454
ALynn (NP News) - ဩဂုတ် ၃ဝ
ကိယက်ဗ်ကြုံတွေ့ခဲ့ရသော စစ်ရေးဆိုင်ရာ ဆုတ်ယုတ်မှုများအတွက် အနောက်နိုင်ငံမှာ အလှူရှင်များကို အပြစ်တင်သင့်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmitry Kuleba က အခိုင်အမာ ပြောကြားခဲ့သည်။
ဝန်ကြီးက အနောက်နိုင်ငံများအား ယူကရိန်းသို့ ဒုံးကျည်များ ပိုမိုထောက်ပံ့ပေးရန်နှင့် ရုရှားပိုင်နက်အတွင်း တာဝေးပစ်တိုက်ခိုက်မှုများအပေါ် ကန့်သတ်ချက် များကို ရုတ်သိမ်းရန် တိုက်တွန်းခဲ့သည်။ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက “ယူကရိန်းအတွက် လက်နက်အကွာအဝေးကို ကန့်သတ်ချက် မထားရှိသင့်ကြောင်း” တနင်္လာနေ့ (ဩဂုတ်လ ၂၆ ရက်) က ထပ်မံပြောကြားခဲ့ပြန်သည်။ သို့သော် ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက “ကျွန်ုပ်တို့၏ မူဝါဒကို မပြောင်းလဲသေး” ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ရုရှားမြေပေါ်တွင် ပြင်းထန်သော တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ကိယက်ဗ်အား အမေရိကန်မှ ထောက်ပံ့ပေးထားသော လက်နက်များကို အသုံးပြုခွင့်မပေးကြောင်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့တွင် အီးယူနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြုလုပ်ရာတွင် Kuleba က "ရုရှား၏ အောင်မြင်မှုသည် မိတ်ဖက်များ၏ ရဲရင့်သော ဆုံးဖြတ်ချက်များအပေါ်တွင်သာ မူတည် ကြောင်း” ပြောကြားခဲ့သည်။ Kuleba ၏အဆိုအရ ကိယက်ဗ်ည် ရုရှားနိုင်ငံအတွင်း “တရားဝင်စစ်ဘက်ဆိုင်ရာပစ်မှတ်များ” ကိုတိုက်ခိုက်ရန် အနောက်နိုင်ငံများ၏ခွင့်ပြုချက်ကို လိုလားပြီး ၎င်းအတွက် တာဝေးပစ်ဒုံးပျံများပိုမိုလိုအပ်မည်ဟုလည်း ပြောကြားခဲ့သည်။
အိမ်နီးချင်း ပိုလန်နိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ၎င်း၏ ခရီးစဉ်အတွင်း Kuleba က “ရုရှားကျူးကျော်မှု စတင်ချိန်မှစ၍ ယူကရိန်းတွင် ရင်ဆိုင်ရသည့် အကြီးမားဆုံး ပြဿနာမှာ တင်းမာမှုမြင့်မား လာမည်ကို စိုးရိမ်၍ မဟာမိတ်များ၏ ဆုံးဖြတ်ချက်ချရာတွင် နှောင့်နှေးခြင်း ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ “ရုရှားရဲ့ တုံ့ပြန်မှုကို မကြောက်ပါနဲ့၊ ကျွန်ုပ်တို့လိုအပ်တာကိုသာ ကူညီပေးပါ” ဟု ဝန်ကြီးက အနောက်နိုင်ငံများအနေဖြင့် ပံ့ပိုးကူညီမှုများကို ကန့်သတ်ထားခြင်းမရှိစေရန် ထပ်လောင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က ရုရှားနိုင်ငံအတွင်း နက်ရှိုင်းစွာ တိုက်ခိုက်မှုများကို ခွင့်ပြုခြင်း မပြုရန် အမေရိကန်၊ ယူကေနှင့် ကိယက်ဗ်၏ အခြားသော ကျောထောက်နောက်ခံများကို သတိပေးခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် "မီးနှင့်ကစားခြင်း" နှင့် တူညီသည်ဟု အလေးပေး ပြောကြားခဲ့သည်။
zawgyi version
ေရွ႕တန္းတြင္ အေရးနိမ့္မႈမ်ားႏွင့္ပတ္သက္၍ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးက အေနာက္ႏိုင္ငံမ်ားကို အျပစ္တင္
ALynn (NP News) - ဩဂုတ္ ၃ဝ
ကိယက္ဗ္ႀကဳံေတြ႕ခဲ့ရေသာ စစ္ေရးဆိုင္ရာ ဆုတ္ယုတ္မႈမ်ားအတြက္ အေနာက္ႏိုင္ငံမွာ အလႉရွင္မ်ားကို အျပစ္တင္သင့္ေၾကာင္း ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Dmitry Kuleba က အခိုင္အမာ ေျပာၾကားခဲ့သည္။
ဝန္ႀကီးက အေနာက္ႏိုင္ငံမ်ားအား ယူကရိန္းသို႔ ဒုံးက်ည္မ်ား ပိုမိုေထာက္ပံ့ေပးရန္ႏွင့္ ႐ုရွားပိုင္နက္အတြင္း တာေဝးပစ္တိုက္ခိုက္မႈမ်ားအေပၚ ကန႔္သတ္ခ်က္ မ်ားကို ႐ုတ္သိမ္းရန္ တိုက္တြန္းခဲ့သည္။ ယူကရိန္းသမၼတ ဗလာဒီမာဇီလန္စကီးက “ယူကရိန္းအတြက္ လက္နက္အကြာအေဝးကို ကန႔္သတ္ခ်က္ မထားရွိသင့္ေၾကာင္း” တနလၤာေန႔ (ဩဂုတ္လ ၂၆ ရက္) က ထပ္မံေျပာၾကားခဲ့ျပန္သည္။ သို႔ေသာ္ ပင္တဂြန္၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ပက္ထရစ္႐ိုင္ဒါက “ကြၽႏ္ုပ္တို႔၏ မူဝါဒကို မေျပာင္းလဲေသး” ဟု ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့ၿပီး ႐ုရွားေျမေပၚတြင္ ျပင္းထန္ေသာ တိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ရန္ ကိယက္ဗ္အား အေမရိကန္မွ ေထာက္ပံ့ေပးထားေသာ လက္နက္မ်ားကို အသုံးျပဳခြင့္မေပးေၾကာင္း ေျပာၾကားခဲ့သည္။
ၾကာသပေတးေန႔တြင္ အီးယူႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝး ျပဳလုပ္ရာတြင္ Kuleba က "႐ုရွား၏ ေအာင္ျမင္မႈသည္ မိတ္ဖက္မ်ား၏ ရဲရင့္ေသာ ဆုံးျဖတ္ခ်က္မ်ားအေပၚတြင္သာ မူတည္ ေၾကာင္း” ေျပာၾကားခဲ့သည္။ Kuleba ၏အဆိုအရ ကိယက္ဗ္ည္ ႐ုရွားႏိုင္ငံအတြင္း “တရားဝင္စစ္ဘက္ဆိုင္ရာပစ္မွတ္မ်ား” ကိုတိုက္ခိုက္ရန္ အေနာက္ႏိုင္ငံမ်ား၏ခြင့္ျပဳခ်က္ကို လိုလားၿပီး ၎အတြက္ တာေဝးပစ္ဒုံးပ်ံမ်ားပိုမိုလိုအပ္မည္ဟုလည္း ေျပာၾကားခဲ့သည္။
အိမ္နီးခ်င္း ပိုလန္ႏိုင္ငံသို႔ ဗုဒၶဟူးေန႔က ၎၏ ခရီးစဥ္အတြင္း Kuleba က “႐ုရွားက်ဴးေက်ာ္မႈ စတင္ခ်ိန္မွစ၍ ယူကရိန္းတြင္ ရင္ဆိုင္ရသည့္ အႀကီးမားဆုံး ျပႆနာမွာ တင္းမာမႈျမင့္မား လာမည္ကို စိုးရိမ္၍ မဟာမိတ္မ်ား၏ ဆုံးျဖတ္ခ်က္ခ်ရာတြင္ ေႏွာင့္ေႏွးျခင္း ျဖစ္သည္” ဟု ေျပာၾကားခဲ့သည္။ “႐ုရွားရဲ႕ တုံ႔ျပန္မႈကို မေၾကာက္ပါနဲ႔၊ ကြၽႏ္ုပ္တို႔လိုအပ္တာကိုသာ ကူညီေပးပါ” ဟု ဝန္ႀကီးက အေနာက္ႏိုင္ငံမ်ားအေနျဖင့္ ပံ့ပိုးကူညီမႈမ်ားကို ကန႔္သတ္ထားျခင္းမရွိေစရန္ ထပ္ေလာင္းေျပာၾကားခဲ့သည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Lavrov က ႐ုရွားႏိုင္ငံအတြင္း နက္ရႈိင္းစြာ တိုက္ခိုက္မႈမ်ားကို ခြင့္ျပဳျခင္း မျပဳရန္ အေမရိကန္၊ ယူေကႏွင့္ ကိယက္ဗ္၏ အျခားေသာ ေက်ာေထာက္ေနာက္ခံမ်ားကို သတိေပးခဲ့ၿပီး ယင္းဆုံးျဖတ္ခ်က္သည္ "မီးႏွင့္ကစားျခင္း" ႏွင့္ တူညီသည္ဟု အေလးေပး ေျပာၾကားခဲ့သည္။