ထိုင်ဝမ်နဲ့စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်ကို တရုတ်စစ်ဘက်တောင်းဆို

 774

Pika (NP News) - ဩဂုတ် ၃၁

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏အကျိုးစီးပွားကို လေးစားလိုက်နာကာ ထိုင်ဝမ်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌ Zhang Youxia ကပြောကြားခဲ့သည်။

ထို့ပြင် ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံအတွက် အရေးကြီးကြောင်းလည်း Zhang Youxia ကပြောကြားခဲ့သည်။ ဩဂုတ်လ(၂၉)ရက်နေ့က အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေး ဂျိတ်ဆူလီဗန်နှင့် ဘေဂျင်းမြို့တွင် တွေ့ဆုံစဉ်အချိန်အတွင်း Zhang Youxia က ယခုကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Zhang Youxia က 'အမေရိကန်ဟာ ထိုင်ဝမ်နဲ့စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေအပြင် တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သတင်းမှားတွေဖြန့်နေတာကို ရပ်တန့်ရပါမယ်'ဟုတောင်းဆိုခဲ့သည်။

တရုတ်အစိုးရက ၎င်း၏ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားသည့် ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်သည့်အရေးမှာ အမေရိကန်ဘက်က ဖြတ်ကျော်၍မရသော အနီရောင်မျဉ်းတစ်ကြောင်းဖြစ်ကြောင်းလည်း Zhang Youxiaကပြောကြားခဲ့သည်။ တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အမြဲကြိုးပမ်းနေသော်လည်း ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနှင့်ခွဲထုတ်ရန်ကြိုးပမ်းမှုများရှိလာမည်ဆိုပါက ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်မည်မဟုတ်ကြောင်းလည်း Zhang Youxia က သတိပေးပြောဆိုခဲ့သည်။

၎င်းက 'တရုတ်စစ်တပ်ရဲ့ အဓိကတာဝန်ဟာ ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံတဲ့လူတွေကို ဆန့်ကျင်ဖို့နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ဖို့ဖြစ်ပါတယ်။ ခွဲထွက်ရေးအင်အားစုတွေရဲ့ လှုံ့ဆော်မှုတွေကို တွန်း လှန်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်'ဟု ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအပေါ် ၎င်း၏မဟာဗျူဟာမြောက်သဘော ထားအမြင်များကို မှန်ကန်အောင် ပြုပြင်ရန်၊ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုလိုက်နာရန် နှင့် နှစ်နိုင်ငံစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လုပ်ဆောင်သင့်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

zawgyi version
ထိုင္ဝမ္နဲ႔စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္ေနတာေတြ ရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္စစ္ဘက္ေတာင္းဆို
Pika (NP News) - ဩဂုတ္ ၃၁

အေမရိကန္ႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံ၏အက်ိဳးစီးပြားကို ေလးစားလိုက္နာကာ ထိုင္ဝမ္စစ္တပ္ႏွင့္ပူးေပါင္းေဆာင္႐ြက္ေနျခင္းကို ရပ္တန႔္ရမည္ျဖစ္ေၾကာင္း တ႐ုတ္ဗဟိုစစ္ေကာ္မရွင္ဒုဥကၠ႒ Zhang Youxia ကေျပာၾကားခဲ့သည္။

ထို႔ျပင္ ထိုင္ဝမ္အေရးသည္ တ႐ုတ္ႏိုင္ငံအတြက္ အေရးႀကီးေၾကာင္းလည္း Zhang Youxia ကေျပာၾကားခဲ့သည္။ ဩဂုတ္လ(၂၉)ရက္ေန႔က အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကံေပး ဂ်ိတ္ဆူလီဗန္ႏွင့္ ေဘဂ်င္းၿမိဳ႕တြင္ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း Zhang Youxia က ယခုကဲ့သို႔ တိုက္တြန္းေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Zhang Youxia က 'အေမရိကန္ဟာ ထိုင္ဝမ္နဲ႔စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္ေနတာေတြအျပင္ တ႐ုတ္ႏိုင္ငံနဲ႔ပတ္သက္ၿပီး သတင္းမွားေတြျဖန႔္ေနတာကို ရပ္တန႔္ရပါမယ္'ဟုေတာင္းဆိုခဲ့သည္။

တ႐ုတ္အစိုးရက ၎၏ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားသည့္ ထိုင္ဝမ္ကြၽန္းႏွင့္ပတ္သက္သည့္အေရးမွာ အေမရိကန္ဘက္က ျဖတ္ေက်ာ္၍မရေသာ အနီေရာင္မ်ဥ္းတစ္ေၾကာင္းျဖစ္ေၾကာင္းလည္း Zhang Youxiaကေျပာၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ေရလက္ၾကားတြင္ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို ထိန္းသိမ္းရန္ အၿမဲႀကိဳးပမ္းေနေသာ္လည္း ထိုင္ဝမ္ကြၽန္းကို တ႐ုတ္ျပည္မႀကီးႏွင့္ခြဲထုတ္ရန္ႀကိဳးပမ္းမႈမ်ားရွိလာမည္ဆိုပါက ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို ဆက္လက္ထိန္းသိမ္းႏိုင္မည္မဟုတ္ေၾကာင္းလည္း Zhang Youxia က သတိေပးေျပာဆိုခဲ့သည္။

၎က 'တ႐ုတ္စစ္တပ္ရဲ႕ အဓိကတာဝန္ဟာ ထိုင္ဝမ္လြတ္လပ္ေရးကို ေထာက္ခံတဲ့လူေတြကို ဆန႔္က်င္ဖို႔နဲ႔ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းေရးကို ျမႇင့္တင္ဖို႔ျဖစ္ပါတယ္။ ခြဲထြက္ေရးအင္အားစုေတြရဲ႕ လႈံ႕ေဆာ္မႈေတြကို တြန္း လွန္ဖို႔က ကြၽန္ေတာ္တို႔မွာ တာဝန္ရွိပါတယ္'ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ အေမရိကန္အေနျဖင့္ တ႐ုတ္ႏိုင္ငံအေပၚ ၎၏မဟာဗ်ဴဟာေျမာက္သေဘာ ထားအျမင္မ်ားကို မွန္ကန္ေအာင္ ျပဳျပင္ရန္၊ တ႐ုတ္ႏိုင္ငံ၏ အက်ိဳးစီးပြားကိုလိုက္နာရန္ ႏွင့္ ႏွစ္ႏိုင္ငံစစ္တပ္ၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ရန္ လုပ္ေဆာင္သင့္ေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.