ပင်လယ်နီတွင် ဂရိရေနံတင်သင်္ဘောပေါ်တက်နေသည့် ဟူသီတိုက်ခိုက်ရေးသမားများ၏ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့

 2246

ALynn (NP News) - ဩဂုတ် ၃၁

ယီမင်ရှိ ဟူသီသူပုန်များသည် ယခုလအစောပိုင်းက ပင်လယ်နီတွင် တိုက် ခိုက်ခဲ့သော ရေနံတင်သင်္ဘော Sounion ပေါ်တက်နေသည့် ၎င်းတို့၏တိုက် ခိုက်ရေးသမားများနှင့်သင်္ဘောပေါ်ရှိ ဖောက်ခွဲရေးပစ္စည်းများကို ပြသထားသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

ကြာသပတေးနေ့ (ဩဂုတ်လ ၃၀ ရက်)တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်ကြောင့် ဂရိအလံလွှင့်တင်သင်္ဘောမှ ရေနံယိုဖိတ်မှုသည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာကပ်ဘေးဖြစ်စေနိုင်ပြီး ဒေသတွင်း ရေကြောင်းသွားလာမှု အန္တရာယ်ဖြစ်စေနိုင်မည်ကို နိုင်ငံတကာက စိုးရိမ်မှုများဖြစ်ပေါ်လာစေ သည်။ သင်္ဘောသည် ရေနံစိမ်းစည်ပေါင်း တစ်သန်းနီးပါး တင်ဆောင်ထားသည်။

ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Yahya Saree က Sounion သည် ပင်လယ်နီအတွင်း အစ္စရေးသင်္ဘောများကို တိုက်ခိုက်ရန် ယီမင်အုပ်စုက ကြေညာထားသည့် ပိတ်ဆို့ထားမှုကို ချိုးဖောက်ခဲ့သည့် ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်ထားကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယီမင်၏ လက်နက်ကိုင်တပ်ဖွဲ့များအဖြစ် ခံယူထားသည့် ဟူသီများသည် အစ္စရေးနှင့် ဆက်နွှယ်နေသည့် သင်္ဘောများကို ပစ်မှတ်ထားပြီး ပါလက်စတိုင်း (၄၀,၆၀၀)ကျော် သေဆုံးခဲ့သည့် ဂါဇာရှိစစ်ပွဲကို အဆုံးသတ်ရန် အစ္စရေးအစိုးရအား ဖိအားပေးရန် ရည်ရွယ်ထားကြောင်း ၎င်းတို့က ပြောဆိုထား သည်။

ဗီဒီယိုတွင် သင်္ဘော၏အပြင်ဘက် နှင့် သင်္ဘောပေါ်တွင် အော်တိုမက်တစ်လက်နက်ကိုင်ဆောင်ထားသည့် ဟူသီတိုက်ခိုက်ရေးသမားပုံကို ပြသထား သည်။ ရေနံတင်သင်္ဘော၏ မျက်နှာပြင်ပေါ်တွင် ဆက်တိုက်ပေါက်ကွဲသံများကိုလည်း ကြားနေရသည်။ Sunion သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပထမဆုံး တိုက်ခိုက်ခံခဲ့ရပြီး ၎င်း၏အမှုထမ်းများကို ထိုနေ့တွင်ပင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်က ဒေသတွင်းရှိ ၎င်း၏တပ်ဖွဲ့ဝင်များက အခြေအနေကို စောင့်ကြည့်နေကြောင်း၊ ရေနံတင်သင်္ဘောသည် ရေနံယိုစိမ့်နေပုံပေါ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။ Tel Aviv တွင် လူတစ်ဦးသေဆုံးခဲ့သည့် ဟူသီတို့၏ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်လက အစ္စရေးသည် ယီမင်နိုင်ငံ၏ ဆိပ်ကမ်းမြို့ Hodeidah ကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့သည်။ ဟူသီများသည် အဆိုပါ ဗုံးခွဲမှုအတွက် လက်တုံ့ပြန်မည်ဟု ကတိပြုထားသော်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း အစ္စရေးကို ကြီးကြီးမားမား တိုက်ခိုက်မှုမပြုလုပ်ခဲ့ပေ။

zawgyi version
ပင္လယ္နီတြင္ ဂရိေရနံတင္သေဘၤာေပၚတက္ေနသည့္ ဟူသီတိုက္ခိုက္ေရးသမားမ်ား၏ ဗီဒီယိုဖိုင္ကို ထုတ္ျပန္ခဲ့
ALynn (NP News) - ဩဂုတ္ ၃၁

ယီမင္ရွိ ဟူသီသူပုန္မ်ားသည္ ယခုလအေစာပိုင္းက ပင္လယ္နီတြင္ တိုက္ ခိုက္ခဲ့ေသာ ေရနံတင္သေဘၤာ Sounion ေပၚတက္ေနသည့္ ၎တို႔၏တိုက္ ခိုက္ေရးသမားမ်ားႏွင့္သေဘၤာေပၚရွိ ေဖာက္ခြဲေရးပစၥည္းမ်ားကို ျပသထားသည့္ ဗီဒီယိုကို ထုတ္ျပန္ခဲ့သည္။

ၾကာသပေတးေန႔ (ဩဂုတ္လ ၃၀ ရက္)တြင္ ထုတ္ျပန္ခဲ့သည့္ ဗီဒီယိုဖိုင္ေၾကာင့္ ဂရိအလံလႊင့္တင္သေဘၤာမွ ေရနံယိုဖိတ္မႈသည္ သဘာဝပတ္ဝန္း က်င္ဆိုင္ရာကပ္ေဘးျဖစ္ေစႏိုင္ၿပီး ေဒသတြင္း ေရေၾကာင္းသြားလာမႈ အႏၲရာယ္ျဖစ္ေစႏိုင္မည္ကို ႏိုင္ငံတကာက စိုးရိမ္မႈမ်ားျဖစ္ေပၚလာေစ သည္။ သေဘၤာသည္ ေရနံစိမ္းစည္ေပါင္း တစ္သန္းနီးပါး တင္ေဆာင္ထားသည္။

ဟူသီစစ္တပ္ေျပာေရးဆိုခြင့္ရွိသူ Yahya Saree က Sounion သည္ ပင္လယ္နီအတြင္း အစၥေရးသေဘၤာမ်ားကို တိုက္ခိုက္ရန္ ယီမင္အုပ္စုက ေၾကညာထားသည့္ ပိတ္ဆို႔ထားမႈကို ခ်ိဳးေဖာက္ခဲ့သည့္ ကုမၸဏီတစ္ခုမွ ပိုင္ဆိုင္ထားေၾကာင္း ၾကာသပေတးေန႔တြင္ ေျပာၾကားခဲ့သည္။ ယီမင္၏ လက္နက္ကိုင္တပ္ဖြဲ႕မ်ားအျဖစ္ ခံယူထားသည့္ ဟူသီမ်ားသည္ အစၥေရးႏွင့္ ဆက္ႏႊယ္ေနသည့္ သေဘၤာမ်ားကို ပစ္မွတ္ထားၿပီး ပါလက္စတိုင္း (၄၀,၆၀၀)ေက်ာ္ ေသဆုံးခဲ့သည့္ ဂါဇာရွိစစ္ပြဲကို အဆုံးသတ္ရန္ အစၥေရးအစိုးရအား ဖိအားေပးရန္ ရည္႐ြယ္ထားေၾကာင္း ၎တို႔က ေျပာဆိုထား သည္။

ဗီဒီယိုတြင္ သေဘၤာ၏အျပင္ဘက္ ႏွင့္ သေဘၤာေပၚတြင္ ေအာ္တိုမက္တစ္လက္နက္ကိုင္ေဆာင္ထားသည့္ ဟူသီတိုက္ခိုက္ေရးသမားပုံကို ျပသထား သည္။ ေရနံတင္သေဘၤာ၏ မ်က္ႏွာျပင္ေပၚတြင္ ဆက္တိုက္ေပါက္ကြဲသံမ်ားကိုလည္း ၾကားေနရသည္။ Sunion သည္ ဩဂုတ္လ ၂၂ ရက္ေန႔တြင္ ပထမဆုံး တိုက္ခိုက္ခံခဲ့ရၿပီး ၎၏အမႈထမ္းမ်ားကို ထိုေန႔တြင္ပင္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရသည္။

ယခုသီတင္းပတ္အေစာပိုင္းတြင္ အေမရိကန္က ေဒသတြင္းရွိ ၎၏တပ္ဖြဲ႕ဝင္မ်ားက အေျခအေနကို ေစာင့္ၾကည့္ေနေၾကာင္း၊ ေရနံတင္သေဘၤာသည္ ေရနံယိုစိမ့္ေနပုံေပၚေၾကာင္း အေလးေပးေျပာဆိုခဲ့သည္။ Tel Aviv တြင္ လူတစ္ဦးေသဆုံးခဲ့သည့္ ဟူသီတို႔၏ဒ႐ုန္းတိုက္ခိုက္မႈကို တုံ႔ျပန္သည့္အေနျဖင့္ ၿပီးခဲ့သည့္လက အစၥေရးသည္ ယီမင္ႏိုင္ငံ၏ ဆိပ္ကမ္းၿမိဳ႕ Hodeidah ကို တိုက္ခိုက္ခဲ့ၿပီး အနည္းဆုံး လူေျခာက္ဦး ေသဆုံးခဲ့သည္။ ဟူသီမ်ားသည္ အဆိုပါ ဗုံးခြဲမႈအတြက္ လက္တုံ႔ျပန္မည္ဟု ကတိျပဳထားေသာ္လည္း လြန္ခဲ့သည့္ ရက္သတၱပတ္မ်ားအတြင္း အစၥေရးကို ႀကီးႀကီးမားမား တိုက္ခိုက္မႈမျပဳလုပ္ခဲ့ေပ။

Related news

© 2021. All rights reserved.